按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

ညွှန်ကြားရေးစင်တာသည် တစ်နိုင်ငံလုံး ကပ်ရောဂါသတိပေးချက် အဆင့် (၃) ကို ဇူလိုင်လ ၁၂ရက်နေ့အထိ ထပ်မံသတ်မှတ်လိုက်ပြီး ယခုလိုမျိုးခက်ခဲကြမ်းတမ်းသော အချိန်အခါတွင် ပြည်သူများအနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဥ်တွင် အတူတကွ ပူးပေါင်းဆောင်ရွက်ကြမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2021/06/24
  • 點閱次數:219

ကပ်ရောဂါညွှန်ကြားရေးစင်တာသည် ယနေ့ (၂၃)ရက်နေ့၌ ပြည်တွင်းရှိ နိုင်ငံသူနိုင်ငံသားများ၏ ကြိုးပမ်းမှုများကြောင့် ကပ်ရောဂါကို ကောင်းမွန်စွာထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိအခြေအနေတွင် ဒေသတွင်းကြား ကူးစက်ပျံ့နှံ့မှုများ ဆက်လက်တည်ရှိနေပြီး ကမ္ဘာတလွှားရှိနိုင်ငံများ စောစည်းစွာ လော့ခ်ဒေါင်းပြန်လည်ဖွင့်လှစ်မှုများကြောင့် ကူးစက်ပျံနှံ့မှုများပြန်လည်ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့မြင်နေရကြောင်းဖော်ပြခဲ့သည်။ ညွှန်ကြားရေးစင်တာသည် နိုင်ငံသူနိုင်ငံသားများ၏ ကျန်းမာရေးနဲ့ပတ်သက်ပြီး သေချာစေရန်အလို့ငှာ အကဲဖြတ်မှုအပိုင်းများလုပ်ဆောင်ပြီးနောက် တစ်နိုင်ငံလုံး တစ်ပြေးညီ ကပ်ရောဂါသတိပေးချက် အဆင့် (၃) ကို (ဇူလိုင်လ ၁၂ရက်နေ့အထိ) သတ်မှတ်ထားရန် ဆုံးဖြတ်ခဲ့ပြီး နှစ်ပတ်တာအချိန်ကာလအတွင်း ယခုလိုမျိုးခက်ခဲကြမ်းတမ်းသော အချိန်အခါတွင် နိုင်ငံသူနိုင်ငံသားများအနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဥ်တွင် အတူတကွ ပူးပေါင်းဆောင်ရွက်ကြမည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။

 

ညွှန်ကြားရေးစင်တာသည် ရပ်ကွက်တွင်းကူးစက်မှုအန္တရာယ်ကို ဖယ်ရှားနိုင်ခြင်းမရှိသေးသောကြောင့် ညွှန်ကြားရေးစင်တာနှင့် ဒေသန္တရအစိုးရများ အနီးကပ်လက်တွဲ၍ ပူးပေါင်းဆောင်ရွက်သွားကာ ရပ်ကွက်တွင်းကူးစက်မှုအန္တရာယ်ကို လျှော့ချနိုင်ရန်နှင့် နိုင်ငံသူနိုင်ငံသားများ၏ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုအပိုင်းကို ကာကွယ်ပေးနိုင်ရန်အလို့ငှာ အောက်ပါထိန်းချုပ်မှုနည်းလမ်းများကို တင်းကျပ်စွာအ‌ကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။

 

၁။ အတည်ပြုလူနာများကို သေသေချာချာ စစ်ဆေးစုံစမ်းပြီး အဆိုပါလူနာနှင့် ပတ်သက်ထိတွေ့ခဲ့ဖူးသူများကို မြန်မြန်ဆန်ဆန်စာရင်းပြုစုပြီး နောက်ယောင်ခံစောင့်ကြည့်ခြင်းများကို အဆင့်မြှင့်တင်ကာ ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုလမ်းကြောင်းများကို ရပ်တန့်မည်။

 

၂။ အိမ်တွင်း ကွာလတင်းဝင်သူများနှင့် အိမ်တွင်း သီးသန့်ခွဲခြားနေထိုင်သူများ နေထိုင်စဥ်ကာလအတွင်း လက္ခဏာမပြသသည်ဖြစ်စေကာမူ ကွာလတင်းကာလမပြီးဆုံးမီ ၁ ရက် အလိုတွင် ရပ်ကွက်တွင်းဗိုင်းရပ်စ်ဝင်ရောက်မှုမရှိစေရန်အလို့ငှာ ပြည်သူ့ရန်ဘုံငွေဖြင့် PCR စစ်ဆေးမှုကို မဖြစ်မနေ ခံယူရမည်။

 

၃။ ရောဂါကူးစက်မှု သို့မဟုတ် ကူးစက်မှုခံရခြင်းကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ပြင်းထန်ရောဂါဝေဒနာများကြောင့် အသက်ဆုံးရှုံးမှုများ လျှော့ချနိုင်ရန်အလို့ငှာ အန္တရာယ်ရှိသော လူအုပ်စုများအား ကာကွယ်ဆေးထိုးနှံပေးခြင်းအစီအစဥ်များကို အလျင်အမြန်လုပ်ဆောင်မည်။

 

၄။ ရပ်ကွက်အတွင်း ‌ရောဂါပိုးစစ်ဆေးမှုတိုးမြှင့်ခြင်းအပိုင်းနှင့်ပတ်သက်၍ ဒေသန္တရအစိုးရအသီးသီးအား ရပ်ကွက်အတွင်း၌ ရောဂါပိုးစစ်ဆေးရေးဂိတ်များ ထားရှိနိုင်ရေးနှင့် လျင်လျင်မြန်မြန်စစ်ဆေးနိုင်ရေးတို့ကို အရှိန်မြှင့်လုပ်ဆောင်စေမည့်အပြင် တချိန်တည်းမှာပင်  လုပ်ငန်းခွင်အတွင်းရောဂါပိုးအမြန်စစ်ဆေးမှုနှင့် အိမ်တွင်းရောဂါပိုးအမြန်စစ်ဆေးမှုတို့ကိုလည်း တိုးမြှင့်သွားမည်ဖြစ်ကာ ရောဂါကူးစက်မှုကွင်းဆက်များအားလုံးကို ထိရောက်စွာဖြတ်တောက်နိုင်ရန်အလို့ငှာ ရောဂါပိုးစစ်ဆေးမှုအရှိန်အဟုန်ကို မြှင့်တင်ပြီး စောင့်ကြည့်လေ့လာရေးယန္တရားကို တက်တက်ကြွကြွဆောင်ရွက်စေပြီး ရပ်ကွင်းတွင်း ကူစက်နိုင်ခြေရှိသည့် လူနာများကို လျင်လျင်မြန်မြန်ရှာဖွေစေမည်။

                       

၅။ ရောဂါကူးစက်ခံရသူများ သေဆုံးမှုနှုန်းကို လျှော့ချနိုင်ရန်နှင့် ပြင်းထန်ဝေဒနာသည်များ၏ ကျန်းမာရေးပြုစုစောင့်ရှောက်မှုအင်အားကို ဖြေလျှော့နိုင်ရန်အတွက် COVID-19 ပြင်းထန်ဝေဒနာသည်များအား မေးမြန်းမှုလုပ်ဆောင်နိုင်သည့် ပလက်ဖောင်းများ၌ ဆေးရုံရှိ လက်တွေ့ပြင်းထန်ဝေဒနာသည်များအား ဖြေရှင်းမှုပိုင်းဆိုင်ရာအကြံပြုချက်များကို ကျွမ်းကျင်အကြံပေးကော်မတီသည် အွန်လိုင်းမှတဆင့်ဖြေကြားမှုများကို လုပ်ဆောင်ခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်မည်။

 

၆။ “ပြည်သူ့အသက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အပံ့နှင့် စက်မှုလုပ်ငန်းဆိုင်ရာ လိုအပ်ချက်များအတွက် ကျန်းမာ‌ရေးစောင့်ကြည့်လေ့လာရေးပရောဂျက်“ကို စတင်ပြီး အသီးနှင့် ဟင်းသီးဟင်းရွက်များ၊ မွေးမြူရေးတိရစ္ဆာန်များ (ကြက်၊ ဝက်၊ ဘဲ၊ နွားအစရှိသဖြင့်)၊ ‌ရေထွက်တိရစ္ဆာန်များ၊ အထွေထွေနှင့် အမျိုးမျိုးသောဈေးတန်းများ၊ စူပါမာကတ်များ၊ စတိုင်းဆိုင်များနှင့် ညဈေးကဲ့သို့သော လုပ်ငန်းခွင်နေရာများ၌ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းနှင့် အဖွဲ့အစည်းများ သို့မဟုတ် ဒေသန္တရအစိုးရလက်အောက်ရှိ ဝန်ထမ်းများမှ ကပ်‌ရောဂါပျံ့နှံ့မှုအန္တရာယ်မှ ကာကွယ်ရန်နှင့် လူနေရပ်ကွက်အတွင်း ကူးစက်မှုပျံ့နှံ့ခြင်းအန္တရာယ်မှ လျှော့ချရန်အတွက် အမျိုးမျိုးသောကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အချိန်နှင့်တစ်ပြေးညီလုပ်‌ဆောင်စေပြီး  ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုများကို ပြုလုပ်မည်။

 

ညွှန်ကြားရေးစင်တာမှ အရေးပေါ်ကပ်ရောဂါအခြေအနေအတွင်း တစ်နိုင်ငံလုံးရှိပြည်သူများအနေဖြင့် သတိပေးချက်အဆင့် (၃) ၏ ထိန်းချုပ်ရေးနည်းလမ်းများကို အမှန်တကယ် ဆက်လက်လိုက်နာဆောင်ရွက်ပြီး အစိုးရနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကာ ရပ်ကွက်ကာကွယ်ရေးလိုင်းများကို တင်းတင်းကြပ်ကြပ်လိုက်နာဆောင်ရွက်ကြရန် နှိုးဆော်တိုက်တွန်းထားကြောင်း ဖော်ပြခဲ့သည်။

top