按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

ယနေ့မှစတင်၍ ရွှေ့ပြောင်းအလုပ်သမားများ အလုပ်ရှင်ပြောင်းလဲခြင်းကဲ့သို့သော ဆောင်ရွက်ချက်များကို အလုပ်သမားအဝင်အထွက် လျှော့ချနိုင်ရန်နှင့် ကပ်ရောဂါပျံ့နှံ့မှုကို တားဆီးနိုင်ရန်အလို့ငှာ ဆိုင်းငံ့ထားမည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2021/06/07
  • 點閱次數:211

ပြည်တွင်းကပ်ရောဂါပြန့်ပွားမှုအခြေအနေ ဆက်လက်ပြင်းထန်နေမှုကြောင့်

ရွှေ့ပြောင်းအလုပ်သမားများ စက်ရုံတစ်ခုမှ တစ်ခုသို့ ရွှေ့ပြောင်းမှုကို

လုံးဝတားမြစ်ပိတ်ပင်သင့်သည်။ ဗဟိုကပ်ရောဂါညွှန်ကြားရေးစင်တာသည် ယနေ့ ၅ ရက်နေ့၌

ဒေသအစိုးရနှင့် အလုပ်သမားဝန်ကြီးဌာန (Ministry of Labor) တို့သည် မြောင်လိမြို့

အမည်မဖော်အီလက်ထရောနစ်စက်ရုံရှိ ရွှေ့ပြောင်းအလုပ်သမားများ

အဆောင်မှထွက်ခွာခြင်းမပြုရန် ကူညီသင့်ကြောင်းနှင့် ဤကာလအတွင်း

ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်

မလိုအပ်ပဲအပြင်သွားခြင်း၊ ‌လူစုလူဝေးလုပ်ဆောင်ခြင်းတို့ကို လျှော့ချနိုင်စေရန်အလို့ငှာ

ဒေသအစိုးရနှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သင့်ကြောင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။


ညွှန်ကြားရေးစင်တာမှ အလုပ်ရှင်နဲ့ အကျိုးဆောင်ကုမ္ပဏီများကို ယနေ့မှစတင်၍

အောက်ပါစီမံချက်များတွင် ပူးပေါင်းဆောင်ရွက်ကြပါရန် ထောက်ပြခဲ့သည်။


၁။ ယနေ့မှစတင်၍ သတိပေးချက်အဆင့် ၃ ကာလအတောအတွင်း၌

ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်ရှင်သစ်သို့ မလိုအပ်သော ပြောင်းရွှေ့မှုများ

လုပ်ဆောင်ခြင်းကို ဆိုင်းငံ့ထားရမည်။


၂။ ယနေ့မှစတင်၍ သတိပေးချက်အဆင့် ၃ ကာလအတောအတွင်း၌

တူညီသောအလုပ်ရှင်တစ်ဦးသည် မတူညီသောစက်ရုံများအကြားတွင်

အလုပ်သမားများစေလွှတ်ခြင်းကို ဆိုင်းငံ့ထားရမည်။


၃။ အလုပ်သမားဝန်ကြီးဌာန (Ministry of Labor) မှ ထုတ်ပြန်ကြေငြာထားသော

ပြင်းထန်ထူးခြားကူးစက်အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ အလုပ်ရှင်မှ

ရွှေ့ပြောင်းအလုပ်သမားငှားရမ်းခြင်းလမ်းညွှန်ချက်နှင့်အညီ

ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းများကို ကိုင်တွယ်ရမည်။


ညွှန်ကြားရေးစင်တာသည် ပြည်တွင်းကပ်ရောဂါကာကွယ်ရေးနှင့် ဘေးကင်းရေးမူကို အခြေခံ၍

 မကြာမီကာလအတွင်း အလုပ်သမားဝန်ကြီးဌာန (Ministry of Labor) နှင့် ဒေသအစိုးရတို့မှ

ရွှေ့ပြောင်းအလုပ်သမားအရေအတွက် ၅၀၀နှင့် အထက်ရှိသော စီးပွားရေးလုပ်ငန်းများနှင့်

လူဦးရေ ၁၀၀နှင့် အထက်ရှိသော ရွှေ့ပြောင်းအလုပ်သမားအဆောင်များကို

သွားရောက်စစ်ဆေးရန်၊ ကပ်ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များကို အလုပ်ရှင်နှင့်

အကျိုးဆောင်ကုမ္ပဏီများမှ အမှန်တကယ်အကောင်အထည်ဖော်ခြင်းရှိမရှိတို့ကို

ကြီးကြပ်ကွပ်ကပ်ရန် အလေးထားပြောဆိုခဲ့သည်။ ထို့အပြင်

ကပ်ရောဂါကာကွယ်တားဆီးရေးစွမ်းရည်ကို မြှင့်တင်နိုင်ရန် အဆောင်များ၏

ကပ်ရောဂါကာကွယ်တားဆီးရေးပတ်ဝန်းကျင်ဆိုင်ရာ တိုးတက်ပြောင်းလဲမှုအတွက်

အလုပ်သမားဝန်ကြီးဌာန (Ministry of Labor) အား စီးပွားရေးလုပ်ငန်းများကို

ထောက်ပံ့ကြေးပေးအပ်ခြင်းအစီအစဥ်များ ရေးဆွဲစေခဲ့သည်။


အချက်အလက်အရင်းအမြစ် - ကျန်းမာရေးနှင့် လူမှုဖုံလုံရေးဝန်ကြီးဌာန (Ministry of Health and Welfare)



top