按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

COVID-19 ပြည်တွင်းကူးစက်မှု ၁၃ မှုတိုး၍ ၉ မှုမှာ ၁၂၀၃ ဖြစ်စဉ်၏သက်ဆိုင်သူများ ဖြစ်ပြီး ကျန် ၄ မှုမှာ ဝမ့်ဟွာလက်ဖက်ရည်ဆိုင်၏လူစုလူဝေးကူးစက်မှုနှင့် သက်ဆိုင် သည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2021/06/03
  • 點閱次數:204

ဗဟိုကပ်ရောဂါကာကွယ်ရေးဌာနက ယနေ့ (၁၃) ရက်နေ့တွင် COVID-19 ပြည်တွင်းကူးစက်မှု ၁၃ မှုတိုးများခဲ့ကြောင်း ကြေညာခဲ့၍(ဖြစ်စဉ် ၁၂၄၅ မှ ဖြစ်စဉ် ၁၂၅၇) တို့သည် ထိုင်ဝမ်နိုင်ငံ

သား ဖြစ်သည်။ ၎င်းတို့အနက် ၉ မှုမှာ ၁၂၀၃ ဖြစ်စဉ်၏လူစုလူဝေးနှင့်ဆိုင်ပြီး ကျန် ၄ မှုမှာ ဝမ့်ဟွာလက်ဖက်ရည်ဆိုင်၏လူစုလူဝေးကူးစက်မှုနှင့် သက်ဆိုင်သည်။ 


ဗဟိုကပ်ရောဂါကာကွယ်ရေးဌာနက ဖြစ်စဉ် ၁၂၄၅၊ ဖြစ်စဉ် ၁၂၄၆၊ ဖြစ်စဉ် ၁၂၄၈၊ ဖြစ်စဉ် ၁၂၅၀၊ ဖြစ်စဉ်၁၂၅၁၊ ဖြစ်စဉ်၁၂၅၃ နှင့်ဖြစ်စဉ် ၁၂၅၇ အစရှိသော ၉ ဦးသည် ကျား ၇ မ ၂ ဖြစ်

ပြီး အရွယ်အားဖြင့် ၃၀ နှစ်ကျော်မှ ၈၀ ကျော်အထိရှိပြီး ၎င်းတို့အနက် ၄ ဦးမှာရောဂါလက္ခဏာ

မပေါ်ဘဲ ကျန် ၅ ဦးမှာ ရောဂါလက္ခဏာဖြစ်ဖူးကြောင်း(ရောဂါဖြစ်ချိန်မှာ မေလ ၂ ရက်နေ့မှ မေလ ၁၂ ရက်အတွင်း ဖြစ်သည်။)သိရှိရသည်။ ၉ ဦးလုံးက ဖြစ်စဉ် ၁၂၀၃ နှင့် တစ်စားပွဲတွင်

ထမင်းအတူစားခဲ့သူများဖြစ်၍ ထိတွေ့သူအဖြစ်သတ်မှတ်ပြီး စစ်ဆေးမှတ်တမ်းယူခဲ့ရာ ယနေ့

တွင် ရောဂါရှိကြောင်း သိရှိခဲ့သည်။ ယခုချိန်ထိ ဖြစ်စဉ်၁၂၀၃ နှင့်ပတ်သက်သော လူစုလူဝေး

ကူးစက်မှု ၂၀ မှု ရှိခဲ့ပြီ ဖြစ်သည်။


ဗဟိုကပ်ရောဂါကာကွယ်ရေးဌာနက ဖြစ်စဉ် ၁၂၄၇၊ ဖြစ်စဉ် ၁၂၅၂ နှင့်ဖြစ်စဉ် ၁၂၅၄ တို့သည်  အသက် ၃၀ နှင့် ၅၀ ကျော်အမျိုးသမီးများဖြစ်ပြီး ဝမ့်ဟွာမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်အသီးသီး

တွင် အလုပ်လုပ်နေသူများ ဖြစ်သည်။ ၃ ဦးလုံးက မေလ ၁၁ ရက်၊ မေလ ၁၂ ရက်တွင် ဆေးရုံ

သို့ သွားရောက်စစ်ဆေးမှတ်တမ်းယူခဲ့ရာ ယနေ့တွင် ရောဂါရှိကြောင်း အတည်ပြုခဲ့သည်။ 


ဗဟိုကပ်ရောဂါကာကွယ်ရေးဌာနက ဖြစ်စဉ် ၁၂၄၉ သည်  အသက် ၆၀ ကျော်အမျိုးသားဖြစ်

ပြီး မေလ ၅ ရက်နေ့တွင် ချောင်းဆိုးခြင်း၊ နှာချေခြင်းများ ဖြစ်ခဲ့ပြီး မေလ ၇ ရက်နေ့တွင် ကိုယ်

ပူတက်ခြင်း၊ ကြွက်သားညောင်းညာကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်းနှင့် ခေါင်းကိုက်ခြင်းလက္ခ

ဏာများဖြစ်ခဲ့သည်။ မေလ ၁၀ ရက်နေ့တွင် ဆေးရုံသို့ဆေးသွားပြပြီး ရောဂါလက္ခဏာမသက်

သာ၍ မေလ ၁၂ ရက်နေ့တွင် ဆေးရုံသို့ သွားရောက်စစ်ဆေးမှတ်တမ်းယူခဲ့ရာ ယနေ့တွင် ရော

ဂါရှိကြောင်း အတည်ပြုခဲ့သည်။ ကျန်းမာရေးဌာန၏ ကနဦးစစ်ဆေးချက်အရ ၎င်းဖြစ်စဉ်သည်

ထိုင်ပေမြို့ဝမ့်ဟွာမြို့နယ်တွင် ပုံမှတ်သွားတတ်၍ ဝမ့်ဟွာလက်ဖက်ရည်ဆိုင်လူစုလူဝေးကူး

စက်မှုနှင့် မြေပြင်ဆက်စပ်မှုရှိကြောင်း သတ်မှတ်၍ ၎င်းနှင့်ထိတွေ့သူ ၃ ဦးကို ပထမဦးဆုံးအ

နေဖြင့် သိရှိခဲ့ပြီး ထိုသူများကို အိမ်တွင်ခွဲနေခိုင်းပြီး စစ်ဆေးမှတ်တမ်းယူရန် စီစဉ်ထားသည်။ လက်ရှိချိန်ထိ ဝမ့်ဟွာလက်ဖက်ရည်ဆိုင်၏လူစုလူဝေးကူးစက်မှုသည် ၇ ဦးရှိပါပြီ။


ဗဟိုကပ်ရောဂါကာကွယ်ရေးဌာနက ဖြစ်စဉ် ၁၂၀၃ ၏ လူစုလူဝေးကူးစက်မှုတွင် ဖြစ်စဉ်အချို့

သည် ထိုင်ပေမြို့ဝမ့်ဟွာမြို့နယ်လက်ဖက်ရည်ဆိုင်တစ်ဝိုက်တွင် သွားလာမှုရှိကြောင်း ထပ်မံ

ပြောကြားခဲ့သည်။ ထို့အပြင် ဝမ့်ဟွာမြို့နယ်လက်ဖက်ရည်ဆိုင်လူစုလူဝေးကူးစက်မှု၏ ဖြစ်စဉ်

ထဲတွင် ရီလန်ခရိုင် ကျောက်ရှီးရွာ ရှင့်ရိလမ်းရှိ “ကျွိချိန်ဒစ်ဂျစ်ဒယ်” ဂိမ်းကစားဆိုင်နှင့် ရီလန်

မြို့ရှင်းမင်လမ်းရှိ “တာ့တိချို” ဂိမ်းကစားဆိုင်များသို့ သွားဖူးကြောင်း တွေ့ရှိသည်။ ထိုဂိမ်းက

စားဆိုင်နှစ်ဆိုင်သည် လော်တုံးရှိ “Galaxy Baccrat” ဂိမ်းကစားဆိုင်၏ဆိုင်ခွဲများဖြစ်ပြီး ထို ၃ နေရာ၏ လူစုလူဝေးကူးစက်မှုဆက်နွယ်ပုံကို ရှင်းရှင်းလင်းလင်းသိရှိနိုင်ရန် ကျန်းမာရေးဌာနက

ဆက်လက်စစ်ဆေးသွားမည်။


ကာကွယ်ရေးဌာန၏စာရင်းအရ လက်ရှိချိန်ထိ ပြည်တွင်း၌ ကိုရိုနာအဆုတ်ရောင်ရောဂါဆိုင်ရာ

အကြောင်းကြားမှု ၂၂၀၇၀၈ မှု(ပယ်ထားသော၂၁၇၂၉၀ မှုအပါအဝင်)ရှိ၍ ၎င်းတို့အနက်၁၂၅၆ 

ဦးတွင် ရောဂါတွေ့ရှိသည်။ ပြည်ပမှု ၁၀၆၈ မှု၊ ပြည်တွင်း ၁၃၅ မှု၊ သွင်မှုရေယာဉ်စုကူးစက်မှု ၃၆ မှု၊ လေကြောင်းပစ္စည်းကူးစက်မှု ၂ မှု၊ ကူးစက်ရာမသေချာ ၁ မှုနှင့် စစ်ဆေးဆဲ ၁၄ မှုတို့ဖြစ်

သည်။ နောက်တစ်မှု(ဖြစ်စဉ် ၅၃၀) ကိုဗလာနံပါတ်အဖြစ် သတ်မှတ်လိုက်သည်။ ရောဂါတွေ့ရှိ

သူများအနက် ၁၂ ဦးသေဆုံး၍ ၁၁၀၂ ဦးမှာ သီးသန့်ခွဲနေခြင်းမှ ပယ်ဖျက်ပြီး ကျန် ၁၄၂ ဦးမှာ ဆေးရုံတွင် ဆက်လက်သီးသန့်ခွဲနေဆဲ ဖြစ်သည်။


ဗဟိုကပ်ရောဂါကာကွယ်ရေးဌာနက ဖြစ်စဉ်သည် ရောဂါကူးစက်နိုင်ချိန်အတွင်း လူများရာသွား

လာဖူးသည့်သမိုင်း(ပူးတွဲပါဖိုင်အတိုင်း)ရှိ၍ ပူးတွဲပါဖိုင်ရှိအချိန်နှင့်နေရာများသို့ သွားဖူးသူများ

မိမိဘာသာ ကျန်းမာရေးစောင့်ကြပ်မှု ၁၄ ရက်ပြုလုပ်ရန် သတိပေးသည်။ အကယ်၍ သံသယ

ရောဂါလက္ခဏာများဖြစ်ပေါ်ပါက နှာခေါင်းစည်းတပ်၍ ညွှန်ကြားထားသည့် ရပ်ရွာတွင်းစစ်ဆေး

မှတ်တမ်းယူရာ ဆေးရုံသို့ အမြန်ဆုံးသွားပြပါ။ အများစီးယာဉ်မစီးရသည့်အပြင် မိမိသွားလာဖူး

သောနေရာများ၊ ထိတွေ့သူများအစရှိသည်များကို ဆရာဝန်အား ပြောပြပါ။

top