按 Enter 到主內容區
:::

回培力新住民資訊網首頁

စားသုံးသူအား ကာကွယ်ပေးရေး
:::

ကုန်ပစ္စည်းမှာယူရန် လွယ်ကူပြီး ငွေပြန်အမ်းရန် ခက်ခဲ၊ နယ်စပ် ဖြတ်ကျော် အွန်လိုင်းစျေးဝယ်ရသည်မှာ မလွယ်ကူလှ

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:行政院消費者保護會
  • 更新日期:2021/05/20
  • 點閱次數:230

အုပ်ချုပ်ရေးဌာနကြီး (Executive Yuan) စားသုံးသူကာကွယ်ရေးဌာန (အုပ်ချုပ်ရေး ဌာနကြီး စားသုံးသူကာကွယ်ရေးဌာနဟု အောက်တွင် ခေါ်တွင်မည်) က ပြည်သူများအား ပင်လယ်ရပ်ခြား အွန်လိုင်းစျေးဝယ်မှု အရောင်းအဝယ်ပြုလုပ်သူများကို သတိပြုရွေးချယ်ရန် သတိပေးသည်။ ပေါ်ပေါက်နိုင်သည့် ပြဿနာများနှင့် ဆောင်ရွက်နိုင်သည့်နည်းလမ်းများကို ကြိုတင်နားလည်ထားမှသာ အရောင်းအဝယ်ဆိုင်ရာ အန္တရာယ်များကို လျှော့ချနိုင်မည်။


အုပ်ချုပ်ရေးဌာနကြီး စားသုံးသူကာကွယ်ရေးဌာနနှင့် တောင်ကိုရီးယား နိုင်ငံ စားသုံးသူဌာနအကြား ၂၀၁၉ ခုနှစ်တွင် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးထားပြီးနောက် နိုင်ငံသား၏ နယ်စပ်ဖြတ်ကျော် စားသုံး သူအငြင်းပွားမှု ၂၄ ခုကို ကူညီဖြေရှင်းပေးခဲ့သည်။ ၎င်းအနက် ၁၂ ခုမှာ အွန်လိုင်းစျေးဝယ် အငြင်းပွားမှုဖြစ်သည်။ အငြင်းပွားမှုပုံစံများမှာ ပို့ဆောင်စဉ် ပျက်စီးမှုဖြစ်ခြင်း၊ ကုန်ပစ္စည်းပြန်ပေးခြင်း သို့မဟုတ် ကုန်ပစ္စည်းပေးပို့ရန် နောက်ကျခြင်း စသည်တို့ ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းစားသုံးသူတို့၏ တောင်းဆိုချက်တိုင်းသည် လုပ်ငန်းရှင်၏ ကောင်းမွန်စွာ တုံ့ပြန်မှုကိုတောင် မရရှိနိုင်လေရာ အခြားနိုင်ငံမှ အွန်လိုင်းစျေးဝယ်မှုတွင် ပေါ်ပေါက်လာသည့် အငြင်းပွားမှု၏ နောက်ဆုံးရလဒ်မှာ ပြောရန်ပင်မလိုပေ။ နယ်စပ်ဖြတ်ကျော် အွန်လိုင်းစျေးဝယ်မှုသည် အန္တရာယ်များလှသည့်အတွက် ကိစ္စဖြစ်ပွားပြီးမှ ဦးနှောက်ခြောက်ရမည့်အစား ကိစ္စမဖြစ်ပွားမီ ကြိုတင်သတိပြုအကဲဖြတ်ပြီး ကာကွယ်ထားရမည်။ အုပ်ချုပ်ရေးဌာနကြီး စားသုံးသူကာကွယ်ရေးဌာနသည် အမှုကိစ္စများနှင့် နိုင်ငံတကာသတင်းအချက်အလက်များကို ကိုင်တွယ် ပြုစုခြင်း မှတစ်ဆင့် ပင်လယ်ရပ်ခြား ကုန်ပစ္စည်းဝယ်ယူလိုသည့် ပြည်သူများ ကို ပိုမိုသတိပြုရန် သတိပေးထားပြီး အောက်ပါအကြံပြုချက်များကို ပေးအပ် သည်။


၁။ ပင်လယ်ရပ်ခြား အရောင်းအဝယ်ပြုလုပ်သူအား အတည်ပြုခြင်း


(၁) ထုတ်လုပ်ရောင်းချသူ၏ တည်နေရာအား အတည်ပြုခြင်း - တရုတ် ဝက်ဘ်ဆိုက် သို့မဟုတ် app ကို မြင်သည်နှင့် ပြည်တွင်းစတိုးဆိုင်ဟု မှတ်ယူပြီး ၇ ရက်အတွင်း အကြောင်းမဲ့ ကုန်ပစ္စည်းပြန်အမ်းနိုင်သည့် အာမခံ ချက်ရှိသည်ဟု မသတ်မှတ်ရ။ ပြည်သူတစ်ဦးဆိုလျှင် အရောင်း အဝယ် အသေးစိတ်မှတ်တမ်းတွင် နိုင်ငံတကာတန်ဆာခနှင့် အခွန်ကို တွေ့ရတော့မှ နယ်စပ်ဖြတ်ကျော်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိပြီး လက်မှတ် ထိုးလက် ခံရန် ငြင်းပယ်လိုက်သည်။ သို့သော် ထုတ်လုပ်ရောင်းချသူမှ ကုန်ပစ္စည်း တန်ဖိုးအား ပြန်မအမ်းပေးသည့်အပြင် စားသုံးသူအား ကုန်ပစ္စည်းပြန်ပေး သည့် တန်ဆာခကို ထပ်ပေးရန် တောင်းဆိုခဲ့သည်။ ဤနေရာတွင်ဖော်ပြသည့် ထုတ်လုပ်ရောင်းချသူမှာ ပြည်ပမှ ဖြစ်သည်။ အရောင်း အဝယ် ဆိုင်ရာသတ်မှတ်ချက် သို့မဟုတ် ထုတ်လုပ်ရောင်းချသူမှ အခမဲ့ ကုန်ပစ္စည်း ပြန်ပေးနိုင်ကြောင်း ကြိုတင်ကတိပြုထားသည်မှအပ၊ ကုန်ပစ္စည်း ပေးပို့ ပြီးနောက်မှ “အကြောင်းမဲ့” ကုန်ပစ္စည်းပြန်ပေးရန်၊ လဲလှယ်ရန် တောင်းဆိုပါက ထုတ်လုပ်ရောင်းချသူ၏သဘောထားကို အလုံးစုံ မြင်တွေ့ ရရန် ခက်ခဲလေသည်။


(၂) တစ်ကိုယ်ရည်ရောင်းချသူထံမှ ဝယ်ယူခြင်းကို ရှောင်ရှားပါ - နိုင်ငံအများစု၏ စားသုံးသူကာကွယ်ရေးဥပဒေစည်းမျဉ်းများသည် လုပ်ငန်းရှင် ၏ အရောင်းအဝယ် (B2C) ကိုသာ နည်းစနစ်ကျစေသည်။ လူတစ်ဦး ချင်းအကြား အရောင်းအဝယ် (C2C) နှင့် မသက်ဆိုင်ပါ။ စားသုံးသူက လူမှုကွန်ရက်အသုံးပြုသူထံမှ ကုန်ပစ္စည်းဝယ်ယူခြင်းကြောင့် အငြင်းပွားမှု ပေါ်ပေါက်ဖူးသည်။ ထိုအခါတွင် တိုင်ကြားသော်လည်း လက်ခံဖြေရှင်းပေးရန် ခက်ခဲလှသည်။


(၃) ရောင်းချသူ၏ သတင်းအချက်အလက်များကို သေသေချာချာစစ်ဆေးပါ - အချို့ကုန်ပစ္စည်းဝက်ဘ်ဆိုက်များသည် ကုန်အမှာစာကိုသာ တာဝန်ယူ လက်ခံပေးသည်။ စျေးမဝယ်မီ ရောင်းချသူအပေါ် အကဲဖြတ်ချက်နှင့် အရောင်းအဝယ်မှတ်တမ်း စသည်တို့ကို သေချာပေါက် သေသေချာချာ စစ်ဆေးသင့်သည်။


(၄) ကုန်ပို့ဆောင်ပေးသည့် ကိုယ်စားလှယ်အား သတိပြုရွေးချယ်ပါ - စားသုံးသူသည် ကုန်ပို့ဆောင်ပေးသည့်ကိုယ်စားလှယ် သို့မဟုတ် ကုန်စုစည်း ပေးသူ၏ ဝန်ဆောင်မှုလုပ်ငန်းနှင့် တာဝန်မခံကြောင်းအချက်များကို သေသေ ချာချာကြည့်ရှုပြီးမှသာ ပို့ဆောင်မည့်နည်းလမ်းကို ဆုံးဖြတ်ပါ။


၂။ အန္တရာယ်လျှော့ချနိုင်မည့် အစီအမံ ရယူခြင်း


(၁) တတိယဖက် ငွေပေးချေမှုနည်းလမ်းကို အသုံးပြုပါ - စားသုံးသူက ကုန်ပစ္စည်းလက်ခံရရှိကြောင်း အတည်ပြုပြီးမှ တတိယဖက် ငွေပေးချေမှုဖြင့် ကုန်ပစ္စည်းတန်ဖိုးကို ပေးချေပါက အရောင်းအဝယ် အန္တရာယ်ကင်းပြီး ပိုမိုအာမခံချက်ရှိသည်။


(၂) ခရက်ဒစ်ကဒ်အသုံးပြု၍ ငွေပေးချေပါ - ခရက်ဒစ်ကဒ်တွင် စျေးဝယ်မှုအာမခံချက်ရှိရေးသတ်မှတ်ချက် ရှိမရှိ စစ်ဆေးနိုင်သည်။ ထို့ပြင် လိုအပ်ပါက ကဒ်ထုတ်ပေးသည့်အဖွဲ့အစည်း၏ အကူအညီဖြင့် အငြင်းပွားမှု ဖြေရှင်းခြင်း သို့မဟုတ် ငွေကြေးပြန်လည်ရယူခြင်းတို့ ဆောင်ရွက်နိုင်သည်။


(၃) အန္တရာယ်ကင်းသည့် ပို့ဆောင်မှုနည်းလမ်းကို ရွေးချယ်ပါ - အွန်လိုင်း စတိုးတွင် တိုက်ရိုက်ပို့ဆောင်ခြင်း သို့မဟုတ် နာမည်ကြီးအမြန်ချောပို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ရှိပါက ကုန်ပစ္စည်း၏တည်နေရာနှင့် ကုန်ပစ္စည်း ပျောက်ဆုံးမှုအား ပေးလျော်ရန်တာဝန်ရှိသူကို လိုက်လံရှာဖွေနိုင်သဖြင့် ဦးစားပေး ရွေးချယ်သင့်သည်။ 


၃။ ကုန်စည်စီးဆင်းမှု လုပ်ငန်းလည်ပတ်သည့်စည်းမျဉ်းများကို သိရှိနားလည် ပေးခြင်း


(၁) ကုန်စည်စီးဆင်းမှုလုပ်ငန်းစဉ် - ပင်လယ်ရပ်ခြားအွန်လိုင်းစျေးဝယ်မှုတွင် နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းစဉ် တသီတတန်းကြီးကို ဖယ်ရှားရန် ခက်ခဲလှသည်။ ထိုလုပ်ငန်းများကို စျေးဝယ်ဝက်ဘ်ဆိုက်မှ ကိုယ်စား ဆောင်ရွက်ပေးနိုင်ရန်မှာ မသေချာပေ။ ကြားခံလုပ်ငန်းရှင် (ဥပမာ ကိုယ်စား စျေးဝယ်ပေးသူ၊ ကိုယ်စားငွေပေးချေပေးသူ သို့မဟုတ် ကုန်ပို့ကိုယ်စားလှယ်) ရှိနိုင်သည်။ စားသုံးသူသည် ပို့ဆောင်ခြင်းဆိုင်ရာ သတ်မှတ်ချက်များကို သေသေချာချာဖတ်ရှုရန်နှင့် ပို့ဆောင်မှုအခြေအနေကို တက်တက်ကြွကြွ စောင့်ကြည့်ရန် လိုအပ်သည်။


(၂) သွင်းကုန်သတ်မှတ်ချက် - ကုန်ပစ္စည်းအများအပြားသည် တင်သွင်း ရာတွင် ကန့်သတ်ချက်များရှိသဖြင့် စားသုံးသူသည် အကောက်ခွန် သတင်းပို့ခြင်းဆိုင်ရာ သတ်မှတ်ချက်များကို အလုံးစုံမသိရှိနိုင်ပေ။ ထို့ပြင် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမြန်ချောလက်ခံသူ အမည်မှန်ဖြင့် မှတ်တမ်း တင်ခြင်း စနစ်သည် ၂၀၂၀ ပြည့်နှစ်တွင် စတင်ကျင့်သုံးနေပြီဖြစ်ရာ အွန်လိုင်းစျေးဝယ်ထားသည့် ပါဆယ် အကောက်ခွန်၌ ဖြတ်သန်းမရခြင်း မဖြစ်စေရန်အတွက် ပြည်သူများအား “EZ WAY” App ဒေါင်းလုတ်ဆွဲ၍ အမည်မှန်ဖြင့် စာရင်းသွင်းမှတ်တမ်းတင်ထားရန် အကြံပြုပါသည်။


(၃) ကုန်ပစ္စည်းပြန်ပေးခြင်း သတ်မှတ်ချက် - ကုန်ပစ္စည်းလက်ခံစဉ် ပမာဏ သို့မဟုတ် အရည်အသွေး မကိုက်ညီကြောင်းတွေ့ရှိရ၍ ပြည်ပသို့ပြန်ပို့ ပစ္စည်းလဲလှယ်လိုပါက နိုင်ငံခြားလုပ်ငန်းရှင်သည် ထိုသို့ပြန်ပို့သည့် ကုန်ကျ စရိတ်ကို တာဝန်ခံရန် ဆန္ဒရှိချင်မှရှိလိမ့်မည်။ ကုန်ပစ္စည်း ပြန်ပေးခြင်း ဆိုင်ရာအချက်သည် ပြည်ပမှ ဝယ်သူများနှင့်လည်း အကျုံးဝင်မှုရှိမရှိကို အထူးသတိပြုလေ့လာသင့်သည်။


(၄) ကုန်ပို့ဆောင်စဉ် ပျောက်ဆုံးပါက ဆောင်ရွက်သင့်သည့်နည်းလမ်း - ကုန်ပစ္စည်း ပျောက်ဆုံးပြီးနောက် စားသုံးသူသည် စျေးဝယ်ဝက်ဘ်ဆိုက် သို့မဟုတ် ကုန်ပို့ကိုယ်စားလှယ်ထံ အကြောင်းကြားသင့်သည်။ ကုန်ပစ္စည်း ပျောက်ဆုံးသည်နှင့်ကြုံတွေ့ပါက စားသုံးသူသည် ဒေသခံ (ပင်လယ်ရပ်ခြား) ရဲစခန်း၌ အမှုဖွင့်သင့်သည်ဟု အချို့ စျေးဝယ်ဝက်ဘ်ဆိုက်များတွင် မှတ်ချက် ပြုထားသည်။


(၅) ပြောဆိုသည့်ဘာသာစကား - အွန်လိုင်းစျေးဝယ်မှု ကုန်ပစ္စည်း ဝယ်ယူသည့်စာမျက်နှာတွင် တရုတ်ဘာသာဖြင့် ထားရှိနိုင်သည်။ သို့သော် နိုင်ငံခြားဝက်ဘ်ဆိုက်များတွင် အများအားဖြင့် တရုတ်ဘာသာဖြင့် ကာစတန် မာဝန်ဆောင်မှုပေးသူ မရှိတတ်ပေ။ နိုင်ငံခြားရဲတပ်ဖွဲ့ထံ အမှုဖွင့်ရန်မှာလည်း နိုင်ငံခြားဘာသာစကားဖြင့်သာ ချိတ်ဆက်ပြောဆိုနိုင်မည်။ ထို့ပြင် အများစုမှာ အွန်လိုင်းမှတစ်ဆင့် အမှုဖွင့်ခြင်းကို လက်မခံပေ။ စားသုံးသူသည် နိုင်ငံခြား ဘာသာစကား မတတ်ကျွမ်းပါက ဒေသခံစက်ရုံနှင့် ချိတ်ဆက်ပြော ဆိုနိုင်မှု မရှိခြင်း သို့မဟုတ် အရောင်းအဝယ်ဆိုင်ရာအချက်အလက်များကို ဖတ်ရှုနား မလည်နိုင်ခြင်း စသည့်အခြေအနေများ ရှိနိုင်သဖြင့် သတိပြုစဉ်းစားသင့် ပါသည်။


နယ်စပ်ဖြတ်ကျော် စားသုံးသူအငြင်းပွားမှု ပေါ်ပေါက်ပါက အုပ်ချုပ်ရေး ဌာနကြီး စားသုံးသူကာကွယ်ရေးကော်မတီဝက်ဘ်ဆိုက်မှ “နယ်စပ်ဖြတ်ကျော် စားသုံးသူအငြင်းပွားမှုဆိုင်ရာ ကိုင်တွယ်ဖြေရှင်းရန်ယန္တရားနှင့် လမ်းကြောင်း”  (https://cpc.ey.gov.tw/Page/80CCBC4EBF4F77C8) စသည့် သတင်း အချက်အလက်များ ထောက်ပံ့ပေးထားရာ မှီငြမ်းကိုးကားအသုံးချနိုင်ကြောင်း အုပ်ချုပ်ရေးဌာနကြီး စားသုံးသူကာကွယ်ရေးဌာနက နိုင်ငံသားများကို နှိုးဆော် ထားသည်။

top