按 Enter 到主內容區
:::

回培力新住民資訊網首頁

စားသုံးသူအား ကာကွယ်ပေးရေး
:::

လိမ္မာပါးနပ်စွာ သုံးစွဲပါ၊ အီးကောမာ့စ်ပလက်ဖောင်း နှင့် ရောင်းချသူများကို သတိပြုရွေးချယ်ပါ

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:行政院消費者保護會
  • 更新日期:2021/05/20
  • 點閱次數:231

အုပ်ချုပ်ရေးဌာနကြီး (Executive Yuan) စားသုံးသူကာကွယ်ရေးဌာန (အုပ်ချုပ်ရေးဌာနကြီး စားသုံးသူကာကွယ်ရေးဌာနဟု အောက်တွင် ခေါ်တွင် မည်) ၏ စာရင်းပြုစုမှုအရ ယမန်နှစ် (၂၀၂၀ ပြည့်နှစ်) တွင် အီးကောမာ့စ် (e-commerce) ပလက်ဖောင်းကြီး ၆ ခု တိုင်ကြားခံရ သည့်အရေ အတွက်စုစုပေါင်း ၄၂၄၃ ခု ရှိကြောင်း၊ ၂၀၁၉ ခုနှစ်ကထက် ၁၃၂၁ ခု တိုးလာရာ ၄၅.၂% တိုးမြင့်လာကြောင်း သိရသည်။ ထိုဌာနမှ အီးကောမာ့စ် ပလက်ဖောင်းအသီးသီးကို ဖိတ်ခေါ်၍ အစည်းဝေးခေါ်ယူခဲ့ပြီး ၎င်းတို့အား အငြင်းပွားဖွယ်အမှုကိစ္စရပ်များ လျှော့ချရန် တောင်းဆိုခဲ့ကာ ပြုပြင် ဆောင်ရွက်သည့်အခြေအနေအား ပုံမှန်စောင့်ကြည့်စစ်ဆေးခဲ့သည်။


ကပ်ရောဂါ၏အကျိုးသက်ရောက်မှုကြောင့် ပြည်သူများသည် အီးကောမာ့စ် ပလက်ဖောင်းများမှတစ်ဆင့် အများအပြားစျေးဝယ်လာကြရာ စားသုံးမှု အငြင်းပွားမှုများ များစွာတိုးများ လာစေကြောင်း အုပ်ချုပ်ရေးဌာနကြီး စားသုံးသူ ကာကွယ်ရေးဌာနက ပြောကြားသည်။ တိုင်ကြားခံရသည့် အရေ အတွက် နံပါတ်စဉ်မှာ အောက်ပါအတိုင်း ဖြစ်သည်။


၁။ စင်ကာပူ ရှော့ဖီး အီးကောမာ့စ်ကုမ္ပဏီလီမိတက် (Shopee Taiwan Singapore Private Limited Taiwan Branch) (Shopee ဟု အောက်တွင်ခေါ်တွင်မည်) မှ အရေအတွက် ၂၀၂၉ ခု (ယခင်နှစ်များ စာရင်းပြုစုချက်အရ အရေအတွက် ၂၀၀၀ ခု ကျော်လွန်သော ပထမဆုံး အီးကောမာ့စ်ပလက်ဖောင်း ဖြစ်သည်) ရှိရာ ၂၀၁၉ ခုနှစ်ကထက် ၈၀၂ ခု တိုးလာသည်။ (တိုးတက်မှုနှုန်း ၆၅ %)

၂။ ဖူဗွန်မာလ်တီမီဒီယာနည်းပညာကုမ္ပဏီလီမိတက် (Fubon Multimedia Technology Co., Ltd) (momo ဟု အောက်တွင် ခေါ်တွင်မည်) မှ အရေအတွက် ၁၀၄၉ ရှိရာ ၂၀၁၉ ခုနှစ်ကထက် ၄၂၄ ခု တိုးလာသည်။ (တိုးတက်မှုနှုန်း ၆၇.၈%)

၃။ ပီစီဟုမ်းအွန်လိုင်းအင်တာနေရှင်နယ်ကုမ္ပဏီ (PChome Online Inc.) မှ အရေအတွက် ၃၇၂ ခု ရှိသည်။

၄။ ၃။ ပီစီဟုမ်းအီးဘေကုမ္ပဏီလီမိတက် (PChome eBay Co., Ltd) မှ အရေအတွက် ၃၅၁ ခုရှိရာ ၂၀၁၉ ခုနှစ်ကထက် ၁၉ ခု လျော့နည်းသည်။ (အရေအတွက်ကျဆင်းလာသည့် တစ်ခုတည်းသော လုပ်ငန်းရှင် ဖြစ်သည်)

၅။ ဟောင်ကောင် ရာဟူးကုမ္ပဏီလီမိတက် (Yahoo! Taiwan Holdings Limited, Taiwan Branch - H.K.) မှ အရေအတွက် ၂၇၈ ခု ရှိသည်။

၆။ အီးစတန်းဟုမ်းကုမ္ပဏီလီမိတက် (Eastern Home Shopping & Leisure Co., Ltd) မှ အရေအတွက် ၁၆၄ ခု ရှိသည်။


ထို့ပြင် အုပ်ချုပ်ရေးဌာနကြီး စားသုံးသူကာကွယ်ရေးဌာန၏ စာရင်းပြုစုမှုအရ ထိပ်ဆုံး ၃ နေရာ၌ရပ်တည်နေသည့်  တိုင်ကြားခံရသည့်အမှုအမျိုးအစားနှင့် ကုန်ပစ္စည်းအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်။


၁။ အငြင်းပွားမှုအမျိုးအစား ထိပ်ဆုံး ၃ နေရာ

(၁) အပြစ်အနာအဆာရှိကုန်ပစ္စည်း (၁၀၃၅ ခုခန့်)

(၂) ကုန်ပစ္စည်းပေးပို့ခြင်း အငြင်းပွားမှု (၅၀၅ ခုခန့်) ၊ အဓိကအားဖြင့် ကုန်ပစ္စည်းအရေအတွက်၊ အရောင်၊ ပုံသဏ္ဍာန် စသည်တို့ မှားယွင်းခြင်းနှင့် ကုန်ပစ္စည်းပေးပို့မှု နောက်ကျခြင်း တို့ဖြစ်သည်။

(၃) လဲလှယ်နိုင်သည့်အချိန်ကာလ ၇ ရက်ကို မလိုက်နာခြင်း (၂၄၆ ခုခန့်)


၂။ ကုန်ပစ္စည်းအမျိုးအစား ထိပ်ဆုံး ၃ နေရာ

(၁) အဝတ်အထည်၊ သားရေပစ္စည်း နှင့် ဖိနပ်အမျိုးအစား (၆၀၆ ခုခန့်)

(၂) အိမ်သုံးလျှပ်စစ်ပစ္စည်းနှင့် အခြားကုန်စည်များ (၅၃၀ ခုခန့်) 

(၃) ဆက်သွယ်ရေးနှင့် အခြားကုန်စည်များ (၄၆၇ ခုခန့်)



အထက်တွင်ဖော်ပြသကဲ့သို့ပင် ၂၀၂၀ ပြည့်နှစ်တွင် အီးကောမာ့စ် ပလက် ဖောင်းလုပ်ငန်းရှင်များ တိုင်ကြားခံရနှုန်း များစွာတိုးများလာရခြင်းမှာ ကပ်ရော ဂါက အကြောင်းရင်းတစ်ခုဖြစ်သော်လည်း လုပ်ငန်းရှင်၏ စီမံခန့်ခွဲမှု နှင့် ဝန်ဆောင်မှုအရည်အသွေးတို့ကိုလည်း ကောင်းမွန် အောင်ပြုပြင်ရန် များစွာ လိုအပ်ပါသည်။ သို့ဖြစ်ရာ အုပ်ချုပ်ရေးဌာနကြီး စားသုံးသူ ကာကွယ် ရေးဌာန ၏ မကြာမီရက်ပိုင်းက အစည်းအဝေးဆုံးဖြတ်ချက် အကြမ်းဖျင်းမှာ အောက်ပါ အတိုင်းဖြစ်သည်။ 


၁။ အီးကောမာ့စ်ပလက်ဖောင်းက ရောင်းချသူများအား စားသုံးသူ ကာကွယ် ရေး ဥပဒေ ပုဒ်မ ၁၈ ပါ သတ်မှတ်ချက်များကို လိုက်နာရန်၊ စားသုံးသူများထံ ရောင်းချသူ၏အမည်၊ ဖုန်းနံပါတ် စသည့် အကျုံးဝင် ဆက်သွယ်နိုင်သည့် ဆက်သွယ်ရေး အချက်အလက်များကို ပေးအပ်ရန် တောင်းဆိုရမည်။ စီးပွားရေးဝန်ကြီးဌာနက အီးကောမာ့စ်ပလက်ဖောင်း လုပ်ငန်းရှင်များကို နည်းပေးလမ်းပြပေးပြီး ရောင်းချသူများ ဥပဒေစည်းမျဉ်းများနှင့် ညီညွတ် စေရန် တောင်းဆိုရမည်။ 


၂။ စီးပွားရေးဝန်ကြီးဌာနက အီးကောမာ့စ်ပလက်ဖောင်းလုပ်ငန်းရှင်များမှ သက်ဆိုင်ရာ စီမံခန့်ခွဲရေးယန္တရား ထူထောင်ခြင်းကို နည်းပြကြပ်မတ် တိုက်တွန်းပေးပြီး စားသုံးသူအငြင်းပွားမှုများကို ထိရောက်စွာ လျော့ကျ စေရမည်။ ထို့ပြင် ပလက်ဖောင်း၌ ဥပဒေချိုးဖောက်သည့် သို့မဟုတ် အများ ပြည်သူလုပ်ငန်းစဉ်နှင့် ကောင်းမွန်သောဓလေ့ကျင့်ဝတ်များကို ချိုးဖောက် သည့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများ မရှိစေရန် ဖယ်ရှားရမည်။ အထူးသဖြင့် Shopee နှင့် momo တို့ တိုင်ကြားခံရမှု မြင့်တက်နှုန်း မြန်ဆန်လွန်းသဖြင့် ၎င်းလုပ်ငန်းရှင်နှစ်ဦးအား ၎င်းတို့ တိုင်ကြားခံရမှု အများဆုံးသော အငြင်းပွားမှုအမျိုးအစားများနှင့်စပ်လျဉ်း၍ ထိရောက်သော ဖြေရှင်းရန်နည်းလမ်းများ ဖော်ထုတ်ရန်၊ နောက်တစ်ကြိမ်အစည်းအဝေးတွင် ၎င်းတို့ပြင်ဆင်ထားသည့် အခြေအနေအား တင်ပြရန် အထူးတောင်းဆိုသည်။


၃။ စားသုံးသူအငြင်းပွားမှုများ အဆက်မပြတ်ပေါ်ပေါက်မှုကို လျှော့ချနိုင်ရန် အတွက် အီးကောမာ့စ်ပလက်ဖောင်းအသီးသီးသည် ရောင်းချသူအား စီမံခန့်ခွဲ ရန်နှင့် ဝယ်သူအား စားသုံးသူကာကွယ်ရေးဥပဒေ စသည့် ဥပဒေစည်းမျဉ်း များ လိုက်နာရန်အတွက် ပညာပေးရန် တာဝန်ယူရမည်။

အုပ်ချုပ်ရေးဌာနကြီး စားသုံးသူကာကွယ်ရေးဌာနသည် စားသုံးသူများ အွန်လိုင်းမှပစ္စည်းဝယ်ယူချိန် သို့မဟုတ် ဝန်ဆောင်မှုရယူချိန်တွင် အောက်ပါ အချက်များကို သတိပြုရန် တိုက်တွန်းသည်။


၁။ ရောင်းချသူနှင့် အီးကောမာ့စ်ပလက်ဖောင်း၏ ယုံကြည်စိတ်ချ ရမှု အခြေအနေကို နားလည်သိရှိရမည်။ တတိယဖက် ငွေပေးချေမှု သို့မဟုတ် ပလက်ဖောင်း၏လုပ်ငန်းရှင်မှ ထောက်ပံ့ပေးသည့် “ငွေကြေး ထိန်းသိမ်းမှု ယန္တရား” ကို ကောင်းမွန်စွာအသုံးချသင့်သည်။ အကယ်၍ ကံမကောင်းစွာဖြင့် အငြင်းပွားမှုပေါ်ပေါက်ပါက သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သည့်ယန္တရား ဖြစ်သည်။


၂။ စားသုံးသူကာကွယ်ရေးဥပဒေတွင် သတ်မှတ်ထားသည့် “ကျိုးကြောင်း ဆီလျော်သော ချွင်းချက်အကြောင်းအရာ” ရှိသည်မှလွဲ၍ ဝယ်သူသည် ကုန်ပစ္စည်းလက်ခံရရှိပြီး သို့မဟုတ် ဝန်ဆောင်မှုရရှိပြီး ၇ ရက်အတွင်း လုပ်ငန်းလည်ပတ်သူ (ရောင်းချမှု ထပ်တလဲလဲဆောင်ရွက်သည့် တစ်ကိုယ် ရည်ရောင်းချသူ အပါအဝင်) ထံ ကတိကဝတ်အား အကြောင်းမဲ့ပယ်ဖျက်ရန် တောင်းဆိုနိုင်သည်။ စရိတ် တစ်စုံတစ်ရာ ကျခံရန် မလိုအပ်ပါ။

top