按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

ပြည်တွင်းကူးစက်ရောဂါပြန့်ပွားမှုအခြေအနေ ဆက်လက်ပြင်းထန်နေပါသဖြင့် ဗဟိုကာကွယ်ရေးဌာနသည် ယနေ့မှစတင်၍ မေလ ၂၈ရက်နေ့အထိ တစ်နိုင်ငံလုံး၏ကပ်‌ရောဂါကူးစက်မှု သတိပေးချက်အဆင့်ကို အဆင့် (၃) အဖြစ်သတ်မှတ်လိုက်သည်။ ဒေသအသီသီးတွင်လည်း ကပ်ရောဂါတားဆီးရေးနှင့် ရပ်ရွာကာကွယ်ရေးအပိုင်းများကို တင်းကြပ်စွာလုပ်ဆောင်စေခဲ့သည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2021/05/20
  • 點閱次數:226

ဗဟိုကပ်ရောဂါကာကွယ်ရေးဌာနသည် ယနေ့ (၁၉)ရက်နေ့တွင် လက်ရှိပြည်တွင်း COVID-19 ကူးစက်ရောဂါပြန့်ပွားမှုအခြေအနေ ဆက်လက်ပြင်းထန်နေပါသဖြင့် (ထိုင်ပေမြို့ ၊ နယူးထိုင်ပေမြို့) ဖြစ်သော မြောက်ပိုင်းမြို့နှစ်မြို့အပြင် တခြားသောခရိုင်၊ မြို့များတွင်လည်း ပြည်တွင်းကူးစက်လူနာများထွက်ပေါ်လာပါသဖြင့် ကူးစက်မှုကာကွယ်ရေးနည်းလမ်းများကို မြှင့်တင်နိုင်ခြင်းအလို့ငှာ ယနေ့မှစတင်၍ မေလ ၂၈ရက်နေ့အထိ တစ်နိုင်ငံလုံး၏ကပ်‌ရောဂါကူးစက်မှု သတိပေးချက်အဆင့်ကို အဆင့် (၃) အဖြစ်သတ်မှတ်လိုက်သည်။ တစ်နိုင်ငံလုံးရှိ ပြည်သူများအနေဖြင့်လည်း သတ်မှတ်စည်းမျဥ်းစည်းကမ်းများကိုလိုက်နာပြီး ယခုထုတ်ပြန်ထားသော သတိပေးချက်အဆင့် (၃) နှင့်သက်ဆိုင်သော နည်းလမ်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်နှင့် အစိုးရနှင့်ပြည်သူ အတူတကွလက်တွဲလုပ်ဆောင်ပြီး ရပ်ရွာကာကွယ်ရေးအပိုင်းများကို တင်းကြပ်စွာလုပ်ဆောင်ကြရန် ထုတ်ဖော်ခဲ့သည်။


ဗဟိုကာကွယ်ရေးဌာနသည် လက်ရှိအခြေအနေတွင် သတိပေးချက်အဆင့် (၄) အထိ မြှင့်တင်ရန် မလိုအပ်သေးကြောင်းနှင့် ကပ်ရောဂါကာကွယ်မှုအပိုင်းကို ပိုမိုအားကောင်းလာစေရန် သက်ဆိုင်ရာ အရေးပေါ်ဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဟု အလေးပေးဖော်ပြခဲ့သည်။


၁။ တစ်နိုင်ငံလုံး၏ စံနှုန်းများသည် တသမတ်တည်းရှိပြီး ဒေသန္တရအစိုးရများမှ အတူတကွ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ပြီး ဗဟိုကာကွယ်ရေးဌာနမှ ဖော်ပြထားသော ညွှန်ကြားချက်များနှင့် စံနှုန်းများကို အကောင်အထည်ဖော်လုပ်ဆောင်ရမည်။ ဒေသအသီးသီးတွင် အကယ်၍ အရင်းအမြစ်များနှင့် လူအင်အားလုံလောက်မှုများမရှိပါက ကာကွယ်ရေးဌာနမှ ညှိနှိုင်းဆောင်ရွက်မှုများနှင့် ကူညီမှုများကို လုပ်ဆောင်ပေးမည်။


၂။ ကာကွယ်ရေးဌာနသည် ဒေသန္တရအစိုးရများကို ဖိတ်ခေါ်ပြီး တစ်နိုင်ငံလုံးနှင့်  ကပ်ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ အစည်းအဝေးများကို နေ့စဥ်ကျင်းပမည်။ ဒုတိယကာကွယ်ရေးဦးစီးလက်ထောက် (Deputy Commander) Tsung-Yen Chen ၊ ကျန်းမာရေးနှင့် လူမှုဖူလုံ‌ရေးဝန်ကြီးဌာန (Ministry of Health and Welfare) ၏ အကြီးအကဲ (Bureau Chief) Chong-Liang Shi တို့မှ ဦးဆောင်ပြီး ကပ်ရောဂါကာကွယ်ရေးအရင်းအမြစ်များကို ပေါင်းစပ်ခြင်း၊ လုပ်ဆောင်မှုတိုးတက်မှုအပိုင်းများကို ပြန်လည်သုံးသပ်ခြင်း၊ မှားယွင်းနေသောအချက်အလက်များကို ချေပတုံ့ပြန်ခြင်းတို့ကို လုပ်ဆောင်မည်။ အစည်းအဝေးပြီးနောက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ပြီး ဒုတိယကာကွယ်ရေးဦးစီးလက်ထောက် (Deputy Commander) Chen မှ မှားယွင်းသောသတင်းအချက်အလက်များကို ရှင်းလင်းပြောကြားမည်ဖြစ်သည်။


၃။ ကျန်းမာရေးစောင့်ရှောက်မှုအရင်းအမြစ်များသည် လုံလောက်မှုရှိပြီး ပြည်သူများအနေဖြင့် စိုးရိမ်ရန်မလိုအပ်ပါ။ ကျန်းမာရေးစောင့်ရှောက်မှုအရင်းအမြစ် (၄) ခု ကို ဗဟိုအစိုးရမှလည်း လိုအပ်သောဒေသများဆီသို့ အပြည့်အဝထောက်ပံ့သွားမည်ဖြစ်သည်။


၁။ ဆေးစစ်ဆေးရန်ဂိတ်များ - ကူးစက်ရောဂါအဖြစ်များသောနေရာများတွင် ဆေးစစ်ဆေးရန်ဂိတ်များကို ထပ်မံတိုးမြှင့်သွားမည်ဖြစ်ပြီး ဒေသန္တရအစိုးများကိုလည်း ရောဂါလက္ခဏာပြသသောလူနာများအတွက် “အစိမ်းရောင်လမ်းကြောင်း” ကို သတ်မှတ်ထားပေးရန် ထပ်မံတောင်းဆိုအပ်ပါသည်။ ဒေသန္တရအစိုးရများကိုလည်း ပထမဦးဆုံးအချိန် (ရောဂါလက္ခဏာပြသသောလူနာများကို ၆ နာရီအတွင်း၊ ညအချိန်နှောင်းပိုင်းမှလွဲ၍) အတည်ပြုလူနာများ၏ ရောဂါလက္ခဏာအဆင့်အလိုက် ဗဟိုကူးစက်ရောဂါထိန်းချုပ်မှုစင်တာ သို့မဟုတ် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများထံသို့ အမြန်ဆုံးပို့ဆောင်ပေးပါရန် ထပ်မံတောင်းဆိုအပ်ပါသည်။


၂။ ကပ်ရောဂါကာကွယ်ရေး ကွာလတင်း (quarantine) ဟိုတယ်များ - မေလ ၁၈ရက်နေ့ အထိ နိုင်ငံအနှံ့အပြားတွင် ကပ်ရောဂါကာကွယ်ရေး ကွာလတင်းဟိုတယ်ရှိ အခန်းစုစုပေါင်းမှာ ၁၇,၇၈၉ ခန်း ဖြစ်ပြီး လက်ရှိတွင် ၁၀,၅၀၁ ခန်းမှာ နေထိုင်ပြီးဖြစ်သည်။ အသုံးပြုထားသောရာခိုင်နှုန်းပမာဏမှာ ၅၉.၀၃% ဖြစ်သည်။ ဒေသန္တရအစိုးရများအနေဖြင့်လည်း ကပ်ရောဂါကာကွယ်ရေး ကွာလတင်းဟိုတယ် အရေအတွက်ကို ထပ်မံတိုးမြှင့်သွားရန် တောင်းဆိုအပ်ပါသည်။


၃။ အဖွဲ့လိုက် ကပ်ရောဂါကာကွယ်ရေးဆောင်များ - လက်ရှိတွင် ၃၉ ဆောင်ရှိပြီး စုစုပေါင်း ၄,၅၀၀ ခန်းရှိသည်။ အသုံးပြုထားသော အခန်းပေါင်းမှာ ၂,၅၀၀ ခန်းဖြစ်ပြီး လစ်လပ်နေဆဲဖြစ်သော အခန်းပေါင်းမှာ ၂,၀၀၀ ရှိသေးသည်။ အရေးပေါ်အခြေအနေများတွင် အသုံးပြုနိုင်ရန်အတွက် အသုံးပြုနိုင်သောအခန်းပေါင်း ၂,၀၀၀ ခန်းဝန်းကျင်ကို ထပ်မံတိုးချဲ့သွားမည်ဖြစ်သည်။


၄။ အထူးပြုဆေးရုံနှင့် တုံ့ပြန်ပြောင်းလဲမှုဆေးရုံများ - တစ်နိုင်ငံလုံးတွင်  အထူးပြုဆေးရုံနှင့် ကူးစက်ရောဂါကာကွယ်ရေးဆေးဝါးဆိုင်ရာ အရင်းအမြစ်ကွန်ယက်ဇုန်/ခရိုင်မြို့ရှိ တုံ့ပြန်ပြောင်းလဲမှုဆေးရုံများကို စတင်အ‌ကောင်အထည်ဖော်ထားပြီးဖြစ်သည်။ လက်ရှိတွင် အသုံးပြုနိုင်သော အထူးပြုဆေးရုံအခန်းဆောင်မှာ ၂,၄၁၂ခန်း နှင့် ကွာလတင်းဆေးရုံအခန်းဆောင်မှာ ၁,၀၆၈ခန်း ကို ထောက်ပံ့ပေးနိုင်သည်။ အခြားသောရောဂါကာကွယ်ကုသရေးဆေးရုံများအားလုံးကိုလည်း ဗဟိုကာကွယ်ရေးဌာန၏ တုံ့ပြန်မှုစနစ်အလိုက် အထူးပြုဆေးရုံအခန်းဆောင်အရေအတွက်များကို တိုးချဲ့ပေးပါရန် တောင်းဆိုအပ်ပါသည်။


top