按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

COVID-19 ရောဂါ ဖြစ်တွင်းမှု ၁၆ မှုနှင့် စစ်ဆေးဆဲ ၁ မှုတိုးများခဲ့၍ ပြည်သူများအနေ ဖြင့် ရောဂါကာကွယ်မှုကို ပိုမိုသတိထားကြရန် တိုက်တွန်းပါသည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2021/05/17
  • 點閱次數:220

ကပ်ရောဂါကာကွယ်ရေးဗဟိုဌာနက ယနေ့ (၁၂) ရက်နေ့တွင် COVID-19 ရောဂါကူးစက်ခံရ

သူ ပြည်တွင်းကူးစက်မှု ၁၆ မှုနှင့် ၁ မှုစစ်ဆေးဆဲ တိုးများခဲ့ပြီး အားလုံးက ထိုင်ဝမ်နိုင်ငံသားဖြစ်

ကြောင်း ပြောဆိုခဲ့သည်။ ပြည်တွင်းကူးစက်မှု ၁၆ မှုတွင် ၃ မှု(ဖြစ်စဉ် ၁၂၁၆၊ ဖြစ်စဉ် ၁၂၃၁၊ ဖြစ်စဉ် ၁၂၃၂)မှာ ရီလန်ဂိမ်းကစားဆိုင်၏ လူစုလူဝေးကူးစက်မှု၏ထိတွေ့သူများဖြစ်ပြီး ၁၀ မှု

(ဖြစ်စဉ် ၁၂၁၈၊ ဖြစ်စဉ် ၁၂၁၉၊ ဖြစ်စဉ် ၁၂၂၃-၁၂၃၀ ထိ)မှာ ဖြစ်စဉ် ၁၂၀၃ ၏ထိတွေ့သူများ၊ ကူးစက်ရာရင်းမြစ်ကို အတည်ပြဆဲဖြစ်သည့် ၃ မှု(ဖြစ်စဉ် ၁၂၁၇၊ ဖြစ်စဉ် ၁၂၂၀၊ ဖြစ်စဉ် ၁၂၂၁)၊ စစ်ဆေးဆဲ ၁ မှု(ဖြစ်စဉ် ၁၂၂၂)မှာ ဖြစ်စဉ် ၁၁၈၇ ၏ထိတွေ့သူဖြစ်သည်။


ဖြစ်စဉ် ၁၂၁၆၊ ဖြစ်စဉ် ၁၂၃၁၊ ဖြစ်စဉ် ၁၂၃၂ တို့သည် အသက် ၃၀ ကျော်အမျိုးသမီး၊ ၁၀ မ

ပြည့်သေးသောကောင်ကလေးနှင့် ၆၀ ကျော်အမျိုးသမီးဖြစ်သည်။ ၎င်းတို့အနက် ဖြစ်စဉ် ၁၂၁၆

သည် ရီလန်လော်တုံးရှိ “Galaxy Baccarat” ဂိမ်းကစားဆိုင်၏ဝန်ထမ်း ဖြစ်သည်။ ဖြစ်စဉ် ၁၂၃၁ သည် ဖြစ်စဉ် ၁၂၁၁ ၏ထိတွေ့သူ ဖြစ်၍ ဖြစ်စဉ် ၁၂၃၂ သည် ဖြစ်စဉ် ၁၂၁၀ ၏ထိတွေ့

သူ ဖြစ်သည်။ ၃ ဦးလုံးက လတ်တလောတွင် နိုင်ငံခြားထွက်ထားသည့်သမိုင်း မရှိသည့်အပြင် သံသယလက္ခဏာလည်း မပြဟု ကျန်းမာရေးဌာနက ပြောဆိုခဲ့သည်။ ဂိမ်းကစားဆိုင်၏လူစုလူ

ဝေးမှုကြောင့် ကျန်းမာရေးဌာနက ထိတွေ့သူများအဖြစ် သတ်မှတ်၍ စစ်ဆေးမှတ်တမ်းယူခဲ့ရာ

ယနေ့တွင်(ဖြစ်စဉ် ၁၂၁၆ က Ct တန်ဖိုး ၁၅၊ ဖြစ်စဉ် ၁၂၃၁ က Ct တန်ဖိုး ၂၆၊ ဖြစ်စဉ် ၁၂၃၂ က Ct တန်ဖိုး ၃၂)အသီးသီးဖြင့် ရောဂါရှိကြောင်း အတည်ပြုခဲ့သည်။ ယနေ့ထိ ဤလူစုလူဝေး

၏ကူးစက်သူပေါင်း ၈ ဦးရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့၏လှုပ်ရှားမှုနှင့်ထိတွေ့မှုသမိုင်းတို့ကို ဆက်

လက်စစ်ဆေးဆဲ ဖြစ်သည်။


ဖြစ်စဉ် ၁၂၁၇ သည် အသက် ၅၀ အမျိုးသမီးဖြစ်ပြီး လတ်တလောတွင် နိုင်ငံခြားထွက်ထား

သည့်သမိုင်း မရှိဟု ကာကွယ်ရေးဌာနက ပြောဆိုခဲ့သည်။ မေလ ၂ ရက်နေ့မှစ၍ ကိုယ်ဆက်

တိုက်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်းလက္ခဏာများရှိ၍ မေလ ၄ ရက်နေ့မှ ၁၀ ရက်

နေ့ထိ ဆေးခန်းတစ်ခုတွင် ဆေး ၅ ကြိမ်သွားပြခဲ့သည်။ မေလ ၁၁ ရက်နေ့တွင် ထိုလက္ခဏာ

များမသက်သာသည့်အပြင် အသက်ရှူခက်ခဲခြင်း၊ ဗိုက်နာခြင်း၊ ကြွက်သားကိုက်ခဲခြင်းများထပ်

ပေါ်လာ၍ ဆေးရုံသွားပြခဲ့ရာ အဆုပ်ရောင်ကြောင်းတွေ့ရှိသဖြင့် ဆေးရုံမှ စစ်ဆေးမှတ်တမ်းယူ

အကြောင်းကြားခဲ့သည်။ ယနေ့တွင်(Ct တန်ဖိုး ၂၅၊ သွေးရည်ကြည်အန်တီဘော်ဒီ IgMနှင့်IgG

နှစ်ခုလုံးက ပေါစတစ်)ဖြင့် ရောဂါရှိကြောင်း အတည်ပြုခဲ့ပြီး ကူးစက်ရာရင်းဖြစ်ကို အတည်ပြု

ဆဲဖြစ်သည်။ ပထမဦးဆုံးအနေဖြင့် သိထားသော ဖြစ်စဉ်နှင့်ထိတွေ့သူ ၂၅ ဦး ၎င်းတို့အနက် ၁၄ ဦးကို အိမ်တွင်ခွဲနေခိုင်းထားပြီးစစ်ဆေးမှတ်တမ်းယူသွားမည်။ ကျန် ၁၁ ဦးကို မိမိဘာသာ ကျန်းမာရေးစောင့်ထိန်းသူအဖြစ် သတ်မှတ်ထားသည်။ ၎င်း၏လှုပ်ရှားမှုနှင့်ထိတွေ့မှုသမိုင်းတို့

ကို ဆက်လက်စစ်ဆေးဆဲ ဖြစ်သည်။ 


ဖြစ်စဉ် ၁၂၁၈၊ ဖြစ်စဉ် ၁၂၁၉ နှင့်ဖြစ်စဉ် ၁၂၂၃-၁၂၃၀ ထိ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၅ ဦး

ပေါင်း ၁၀ ဦးတို့သည် အသက် ၅၀ ကျော်မှ ၇၀ ကျော်သူများဖြစ်ပြီး ၎င်းတို့အနက် ၁ ဦးသည်

ဖြစ်စဉ် ၁၂၀၃ ၏အတူနေအိမ်သားဖြစ်ကြောင်း ကျန်းမာရေးဌာနက ပြောဆိုခဲ့သည်။ ကျန် ၉ ဦးမှာ အသိမိတ်ဆွေများ ဖြစ်ပြီး ဖြစ်စဉ် ၁၂၀၃ ရောဂါရှိကြောင်း အတည်ပြုပြီးနောက် ကျန်းမာ

ရေးဌာနက ထိတွေ့သူများအဖြစ် သတ်မှတ်ပြီး စစ်ဆေးမှတ်တမ်းယူခဲ့ရာ ယနေ့တွင်(Ct တန်ဖိုး ၂၅)ဖြင့် ရောဂါရှိကြောင်း အတည်ပြုခဲ့သည်။ ၎င်းတို့၏လှုပ်ရှားမှုနှင့်ထိတွေ့မှုသမိုင်းတို့ကို ဆက်

လက်စစ်ဆေးဆဲ ဖြစ်သည်။


ဖြစ်စဉ် ၁၂၂၀ သည် အသက် ၆၀ အမျိုးသမီးဖြစ်ပြီး လတ်တလောတွင် နိုင်ငံခြားထွက်ထား

သည့်သမိုင်း မရှိဟု ကာကွယ်ရေးဌာနက ပြောဆိုခဲ့သည်။ ထိုင်ပေမြို့ဝမ့်ဟွာမြို့နယ်စန်းရွှေ

ကျဲရှိ “ဟုန်တာလက်ဖက်ရည်ဆိုင်” တွင် အလုပ်လုပ်နေသူ ဖြစ်သည်။ မေလ ၆ ရက်နေ့မှစ၍

ပင်ပမ်းနွမ်းနယ်ခြင်း၊ ကိုယ်ပူခြင်း၊ လည်ချောင်းမအီမသာဖြစ်ခဲ့ပြီး ထိုနေ့၊ မေလ ၇ ရက်နေ့နှင့်

မေလ ၈ ရက်နေ့တို့တွင် ဆေးခန်းသွားပြခဲ့သည်။ ရောဂါလက္ခဏာမသက်သာ၍ မေလ ၁၁ ရက်နေ့တွင် ဆေးရုံသွားပြရာ အဆုပ်ရောင်အခြေအနေတွေ့ရှိ၍ ဆေးရုံမှ စစ်ဆေးမှတ်တမ်းယူ

အကြောင်းကြားခဲ့သည်။ ယနေ့တွင်(Ct တန်ဖိုး ၂၅)ဖြင့် ရောဂါရှိကြောင်း အတည်ပြုခဲ့ပြီး ကူး

စက်ရာရင်းဖြစ်ကို အတည်ပြုဆဲဖြစ်သည်။ ပထမဦးဆုံးအနေဖြင့် သိထားသောဖြစ်စဉ်နှင့်ထိ

တွေ့သူ ၃၀ ဦးကို အိမ်တွင်ခွဲနေခိုင်းထားပြီး စစ်ဆေးမှတ်တမ်းယူသွားမည်။ ၎င်း၏လှုပ်ရှားမှုနှင့်

ထိတွေ့မှုသမိုင်းတို့ကို ဆက်လက်စစ်ဆေးဆဲ ဖြစ်သည်။ 


ဖြစ်စဉ် ၁၂၂၁ သည် အသက် ၅၀ အမျိုးသမီးဖြစ်ပြီး လတ်တလောတွင် နိုင်ငံခြားထွက်ထား

သည့်သမိုင်း မရှိဟု ကာကွယ်ရေးဌာနက ပြောဆိုခဲ့သည်။ ထိုင်ပေမြို့ဝမ့်ဟွာမြို့နယ်ရှီးယွမ်

(၁)လမ်းရှိ “ဖုန်ရှမ်းချင်းလက်ဖက်ရည်ဆိုင်” တွင် အလုပ်လုပ်နေသူ ဖြစ်သည်။ မေလ ၁၀ ရက်

နေ့မှစ၍လည်ချောင်းယားခြင်း၊ ချောင်းဆိုးခြင်းနှင့်အချမ်းကြောက်ခြင်းများဖြစ်ခဲ့ပြီး မေလ ၁၁ ရက်နေ့တွင် ဆေးရုံသွား၍စစ်ဆေးမှတ်တမ်းယူခဲ့သည်။ ယနေ့တွင်(Ct တန်ဖိုး ၁၆)ဖြင့် ရောဂါရှိ

ကြောင်း အတည်ပြုခဲ့ပြီး ကူးစက်ရာရင်းဖြစ်ကို အတည်ပြုဆဲဖြစ်သည်။ ပထမဦးဆုံးအနေဖြင့် သိထားသော ဖြစ်စဉ်နှင့်ထိတွေ့သူ ၁၂ ဦးကို အိမ်တွင်ခွဲနေခိုင်းထားပြီးစစ်ဆေးမှတ်တမ်းယူ

သွားမည်။ ၎င်း၏လှုပ်ရှားမှုနှင့်ထိတွေ့မှုသမိုင်းတို့ကို ဆက်လက်စစ်ဆေးဆဲ ဖြစ်သည်။ 


ဖြစ်စဉ် ၁၂၂၂ သည် အသက် ၃၀ ကျော်အမျိုးသမီးဖြစ်ပြီး လေကြောင်းကုမ္ပဏီတစ်ခု၏ လေ

ယာဉ်မယ်ဖြစ်သည်။ မေလ ၅ ရက်နေ့တွင်် ဖြစ်စဉ် ၁၁၈၇ နှင့်အတူ ဗီယက်နန်သွားသောလေ

ကြောင်းတွင် အတူတာဝန်ထမ်းခဲ့သူဖြစ်ပြီး မေလ ၉ ရက်နေ့တွင် လည်ချောင်းနာသော်လည်း

ဆေးသွားမပြခဲ့ပါ။ မေလ ၁၀ နေ့တွင် ဖြစ်စဉ်၁၁၈၇ ၏ထိတွေ့သူအဖြစ် သတ်မှတ်ခံရပြီး တစ်

ရက်ထဲတွင် စစ်ဆေးမှတ်တမ်းယူခဲ့သည်။ ယနေ့တွင်(Ct တန်ဖိုး ၂၂)ဖြင့် ရောဂါရှိကြောင်း အတည်ပြုခဲ့ပြီး ကူးစက်ရာရင်းဖြစ်ကို အတည်ပြုဆဲဖြစ်သည်။ ပထမဦးဆုံးအနေဖြင့် သိထား

သော ဖြစ်စဉ်နှင့်ထိတွေ့သူ ၃ ဦးကို အိမ်တွင်ခွဲနေခိုင်းထားပြီး ၎င်း၏လှုပ်ရှားမှုနှင့်ထိတွေ့မှုသ

မိုင်းတို့ကို ဆက်လက်စစ်ဆေးဆဲ ဖြစ်သည်။


ယနေ့ထပ်တိုးသည့််ဖြစ်စဉ်သည် ရောဂါကူးစက်နိုင်သည့်ကာလအတွင်း လူများရာသို့သွားဖူး

သည့်သမိုင်း(ပူးတွဲပါဖိုင်အတိုင်း)ရှိကြောင်း ကာကွယ်ရေးဌာနက သတိပေးသည်။ သို့ဖြစ်၍

ဖိုင်ဖော်ပြပါအချိန်နှင့်နေရာသို့ သွားဖူးသူများ မိမိဘာသာ ၁၄ ရက် ကျန်းမာရေးစောင့်ထိန်း၍ သက်ဆိုင်ရာသံသယလက္ခဏာများပြသည်နှင့် နှာခေါင်းစည်းတပ်၍ သတ်မှတ်ထားသောရပ်ရွာ

တွင်းစစ်ဆေးစစ်ဆေးရာဆေးရုံ၌ ဆေးအမြန်ဆုံးပြပါ။ လူအများစီးကားဖြင့် မသွားပါနှင့်။ ဆရာ

ဝန်ကို မိမိ၏လှုပ်ရှားမှုသမိုင်းကို ပြောပြပါ။

top