按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

ပြင်းထန်အဆုတ်ရောင်ကူးစက်ရောဂါပျံ့ပွားမှုကို ကာကွယ်နိုင်ခြင်းအလို့ငှာ နိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီး၏ အခွန်ကောက်ခံမှုဝန်ကြီးဌာနများသည် ၂၀၂၁ခုနှစ် မေလ ၂၈ ရက်နေ့မတိုင်မီ ဝင်ငွေခွန်ကောက်ခံမှုဝန်ဆောင်မှုများကို ဆိုင်းငံ့ထားမည်ဖြစ်သည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:財政部
  • 更新日期:2021/05/17
  • 點閱次數:215

ဗဟိုကပ်ရောဂါကာကွယ်ရေးဝန်ကြီးဌာနသည် မေလ ၁၅ရက်နေ့တွင် အဆိုပါနေ့မှစတင်၍ မေလ ၁၈ရက်နေ့အထိ ထိုင်ပေနှင့် နယူးထိုင်ပေမြို့နှစ်မြို့လုံး၏ ကူးစက်ရောဂါသတိပေးချက်အဆင့်ကို အဆင့်သုံးအထိမြှင့်တင်ခဲ့သည်။ တိုင်းဒေသအများစုကလည်း ကူးစက်ရောဂါသတိပေးချက်အဆင့်ကို အဆင့်သုံးအထိ ချက်ချင်းမြှင့်တင်ခဲ့ကြသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ကပ်ရောဂါကာကွယ်ရေးအတွက်လိုအပ်သည်ဖြစ်သဖြင့် ယခုနှစ်အခွန်ကောက်ခံမှုကို ဇွန်လ ၃၀ရက်နေ့အထိ ဆိုင်းငံ့ခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီး၏ အခွန်ကောက်ခံမှုဝန်ကြီးဌာနများသည် အဆိုပါနေ့မှ စတင်၍ မေလ ၂၈ရက်နေ့အထိ ဝင်ငွေခွန်ကောက်ခံမှုဝန်ဆောင်မှုများကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။


ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်အရ ပြင်းထန်ကပ်ရောဂါ COVID-19 ကို တုံ့ပြန်သောအားဖြင့် ထိုင်ပေမြို့နှင့် နယူးထိုင်ပေမြို့ကို မေလ ၁၅ရက်နေ့ မှစတင်ပြီး မေလ ၂၈ရက်‌နေ့အထိ ကူးစက်ရောဂါသတိပေးချက်အဆင့်ကို အဆင့်သုံးအထိမြှင့်တင်ခဲ့သည်။ အဆိုပါဌာနသည် ယမန်နေ့ (မေလ ၁၅ရက်နေ့) တွင် ထိုင်ပေမြို့၊ နယူးထိုင်ပေမြို့၊ ကြီးလုံမြို့၊ ထောင်ယွမ်မြို့ နှင့် ယီလမ်ခရိုင်အတွင်းတွင်ရှိသော အခွန်ကောက်ခံမှုဝန်ကြီးဌာနများသည် ဝင်ငွေခွန်ကောက်ခံမှုဝန်ဆောင်မှုများကို ဆိုင်းငံ့ခဲ့သည်။  ခရိုင်နှင့် မြို့ အစိုးရများအနေဖြင့် တိုင်းနှင့်ပြည် မြို့ကြီးများကို ဖြတ်ကျော်နေထိုင်နိုင်သည့် လူနေမှုအသိုင်းအဝန်းကို သတိပြုမူမိသဖြင့် ကူးစက်ရောဂါသတိပေးချက်အဆင့်ကို အဆင့်သုံးအဖြစ် ကြေငြာခဲ့ပြီး ၂၀၂၀ခုနှစ်၏ ဝင်ငွေခွန်ပေးဆောင်မှုကို ဇွန်လ ၃၀ရက်နေ့အထိ ပြောင်းလဲသတ်မှတ်ခဲ့သည်။ ပြန်လည်သုံးသပ်မှုအပြီးတွင် အဆိုပါဌာနမှ နိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီး၏ အခွန်ကောက်ခံမှုဗဟိုဝန်ကြီးဌာန၊ ဌာနခွဲ၊ စစ်ဆေးရေးရုံးနှင့် ဝန်ဆောင်မှုရုံးများအားလုံးသည် ဝင်ငွေခွန်ကောက်ခံမှုဝန်ဆောင်မှုများ (ဝင်ငွေခွန်စစ်ဆေးခြင်းကောင်တာ၊ အင်တာနက်အကောက်ခွန်ဝန်ဆောင်မှုနှင့် စာရွက်စာတမ်းဝန်ဆောင်မှုများအပါအဝင်) မေလ ၂၈ရက်နေ့မတိုင်မီအထိ ဆိုင်းငံ့ထားသည်။


ဘဏ္ဍာရေးဝန်ကြီးဌာနသည် ကူးစက်‌ရောဂါကာလအတွင်း မိမိကိုယ်ကိုနှင့် အခြားသူများကို ကာကွယ်နိုင်ခြင်းအလို့ငှာ  ဖုန်း၊ tablet သို့မဟုတ် ကွန်ပျူတာကို အသုံးပြု၍ အွန်လိုင်းမှတဆင့် ဝင်ငွေခွန်ပေးဆောင်ခြင်း၊ ခရက်ဒစ်ကဒ်၊ မိုဘိုင်းငွေပေးချေခြင်း၊ ငွေလွဲခြင်း၊ စတိုးဆိုင်များမှတဆင့် အခွန်ဆောင်ခြင်းများကို အသုံးပြုရန်နှိုးဆော်ထားပါသည်။ ပြည်သူလူထုများအနေဖြင့် အမှုတွဲပြဿနာများရှိပါက အုပ်စုလိုက်ကူးစက်မှုအန္တရာယ်မှ လျှော့ချနိုင်ခြင်းအလို့ငှာ တယ်လီဖုန်း (နိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီး၏ အကောက်ခွန်ဌာနများ၏ ဖုန်းနံပါတ်များ) ကို အသုံးပြုပြီး သို့မဟုတ် ပရိသတ်စာမျက်နှာများမှတဆင့် ဆက်သွယ်အကြောင်းကြားပါ။


ဒေသအသီးသီးရှိ အကောက်ခွန်ဌာနဖုန်းနံပါတ်များ -

အခမဲ့ဝန်ဆောင်မှုဖုန်း - ၀၈၀၀-၀၀၀၃၂၁

ထိုင်ပေအကောက်ခွန်ဌာန - ၀၂-၂၃၁၁၃၇၁၁

ကောင်းရှုံအကောက်ခွန်ဌာန - ၀၇-၇၂၅၆၆၀၀

မြောက်ပိုင်းအကောက်ခွန်ဌာန - ၀၃-၃၃၉၆၇၈၉

အလယ်ပိုင်းအကောက်ခွန်ဌာန - ၀၄-၂၃၀၅၁၁၁၁

တောင်ပိုင်းအကောက်ခွန်ဌာန - ၀၆-၂၂၂၃၁၁၁

top