按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

နိုင်ငံခြားသားများ တရားဝင် နေထိုင်ရပ်နားမှု ရက် ၁၈၀ ကျော်လွန်ပါက နေထိုင်ရပ်နားသည့်သက်တမ်းအား (ဆယ်) ကြိမ်မြောက် အလိုအလျောက် ရက် ၃၀ သက်တမ်းတိုးပေးခြင်း

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2021/05/07
  • 點閱次數:220

နိုင်ငံတကာ၌ ကပ်ရောဂါအခြေအနေ ပြင်းထန်နေဆဲဖြစ်သည်ကို ထည့်သွင်းစဉ်းစား၍ ပြည်ထဲရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးဌာနမှ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက်နေ့ (ထိုနေ့အပါအဝင်) မတိုင်မီက ပြည်ဝင်ထားပြီး၊ နေထိုင်ရပ်နားခွင့်သက်တမ်း မကျော်လွန် သေးသော နိုင်ငံခြားသားများအတွက် ၎င်းတို့ ထိုင်ဝမ်၌ နေထိုင်ရပ်နားသည့်ကာလအား (ဆယ်) ကြိမ်မြောက် အလိုအလျောက် သက်တမ်းတိုးပေးကြောင်း ကြေညာလိုက်သည်။


နိုင်ငံတကာ လူဝင်ထွက်သွားလာမှုကြောင့် ကပ်ရောဂါထိန်းချုပ်မှုအပေါ် အကျိုးထိခိုက်မှု မဖြစ်စေရန်နှင့် လူနေရပ်ကွက်အတွင်း ကပ်ရောဂါထိန်းချုပ်မှု ဝန်ထုပ်ဝန်ပိုးဖြစ်မှုအား လျှော့ချနိုင်ရန်အတွက် တရားဝင် နေထိုင်ရပ်နားမှု ရက် ၁၈၀ ကျော်လွန်နေသည့် နိုင်ငံခြားသားများအား ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၇ ရက်နေ့မှစ၍ ၂၀၂၁ ခုနှစ် မတ်လ ဆယ့်နှစ် ရက်နေ့အတွင်း၊ နေထိုင်ရပ်နားခွင့်သက်တမ်း အလိုအလျောက် ရက် ၃၀ သက်တမ်းတိုးမှု အစီအမံ (၉) ကြိမ် ကြေညာခဲ့ကြောင်း၊ ယခုအကြိမ်မှာ (ဆယ်) ကြိမ်မြောက် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနမှ အလေးပေး ပြောကြားသည်။ 


ယခုအစီအမံသည် ဗဟိုကပ်ရောဂါထိန်းချုပ်ရေးစင်တာ (Central Epidemic Command Center) ၏ ကပ်ရောဂါ ဖြစ်ပေါ်တိုးတက်မှုအခြေအနေအပေါ် အကဲဖြတ်သုံးသပ်မှုတွင် ပူးပေါင်းပါဝင်ပြီး အလျဉ်းသင့်သလို စိစစ်ပြင်ဆင်ကြောင်း၊ သက်တမ်းတိုးခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် သတိပြုရမည့်အချက်များ နှင့်စပ်လျဉ်း၍ အောက်ပါ “အမေးအဖြေ များ” ကို မှီငြမ်းကိုးကားနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနက ထပ်ဆင့် ရှင်းလင်း ပြောကြားသည်။


မေးခွန်း ၁ - လူဝင်မှုကြီးကြပ်ရေးဌာနမှ ၂၀၂၁ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ကြေညာသော နိုင်ငံခြားသားများအား (၉) ကြိမ်မြောက် အလိုအလျောက်သက်တမ်းတိုးပေးခြင်း အစီအမံ နှင့် ကျွန်တော်/ကျွန်မ အကျုံးဝင်ပါသလား။


အဖြေ ၁ - ၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက်နေ့ (ထိုနေ့အပါအဝင်) မတိုင်မီက ပြည်ဝင် ထားသော၊ ၊ လက်ရှိတွင် ထိုင်ဝမ်၌ နေထိုင်ရပ်နားခွင့်သက်တမ်း မကျော်လွန် သေးသော နိုင်ငံခြားသားများအတွက် ၎င်းတို့ ထိုင်ဝမ်၌ နေထိုင်ရပ်နားသည့်ကာလအား (၉) ကြိမ်မြောက် အလိုအလျောက် ရက် ၃၀ သက်တမ်းတိုးပေးပြီး ဖြစ်ပါသည်။ ကိစ္စရပ်အလိုက် သေသေချာချာထည့်သွင်းစဉ်းစားသည်။ ထိုင်ဝမ်၌ ဥပဒေ (စည်းကမ်း) နှင့်မညီညွတ်သူ (သို့မဟုတ်) ပုံမှန်မဟုတ်သည့်အခြေအနေကြောင့် နိုင်ငံထွက်ခွာမှု ကန့်သတ် ခံထားရသူများအား အလိုအလျောက် သက်တမ်းမတိုးပေးပါ။ ၎င်းတို့ကို ပြည်ထွက်ရန် ကန့်သတ်ထားဆဲဖြစ်သည်။ 


ဥပမာ ၁ - (အလိုအလျောက် သက်တမ်းတိုးခြင်းနှင့် အကျုံးဝင်သည်)

နိုင်ငံခြားသား A သည် နေထိုင်ရပ်နားခွင့်သက်တမ်း ၃၀ ရက် ဗီဇာကင်းလွတ်ခွင့်ဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၇ ရက်နေ့တွင် ပြည်ဝင်ခဲ့ပြီး မူလက ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၆ ရက်နေ့တွင် ပြည်ထွက်သင့်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလိုအလျောက် သက်တမ်းတိုးခြင်း (၅) ကြိမ် (တစ်ကြိမ်လျှင် ရက် ၃၀ သက်တမ်းတိုးပေးပြီး ထိုင်ဝမ်၌ စုစုပေါင်း နေထိုင်ရပ်နားသည့်ရက် ၁၈၀ ထက် မကျော်လွန်ရပါ၊ စုစုပေါင်း ရက် ၁၅၀ သက်တမ်းတိုးပေးသည်) ဆောင်ရွက်ခဲ့ပြီး ဤဌာနမှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၇ ရက်နေ့၊ သြဂုတ်လ ၁၄ ရက်နေ့၊ စက်တင်ဘာလ ၁၄ ရက်နေ့၊ အောက်တိုဘာလ ၁၅ ရက်နေ့၊ နိုဝင်ဘာလ ၁၃ ရက်နေ့၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ နှင့် ဖေဖော်ဝါရီလ ၅ ရက်နေ့ စသဖြင့် (၈) ကြိမ် သက်တမ်းတိုးပေးသည့်ရက်များနှင့် ပေါင်းလိုက်ပါက (တစ်ကြိမ်လျှင် ရက် ၃၀ သက်တမ်းတိုးသည်၊ စုစုပေါင်း ရက် ၂၄၀ သက်တမ်းတိုးပေးသည်) ၎င်း ထိုင်ဝမ်၌ နေထိုင်ရပ်နားနိုင်သည့် စုစုပေါင်းရက်သည်  ၄၂၀ ရက် (ရက် ၃၀+ရက် ၁၅၀+ရက် ၂၄၀ ၊ တရားဝင် နေထိုင်ရပ်နားနိုင်သည့် နောက်ဆုံးရက်မှာ ၂၀၂၁ ခုနှစ် မေလ ၁၁ ရက်နေ့အထိ သက်တမ်းတိုးသွားသည်) ဖြစ်ရာ “၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက်နေ့ (ထိုနေ့အပါအဝင်) မတိုင်မီက ပြည်ဝင်ထားပြီး လက်ရှိတွင် ထိုင်ဝမ်၌ နေထိုင်ရပ်နားခွင့်သက်တမ်း မကျော်လွန်သေးခြင်း” သတ်မှတ် ချက်နှင့် ကိုက်ညီသဖြင့် ဤဌာန၏ (၉) ကြိမ်မြောက် အလိုအလျောက် ရက် ၃၀ သက်တမ်းတိုးခြင်းအစီအမံနှင့် အကျုံးဝင်ပါသည်။ သို့ဖြစ်ရာ နိုင်ငံခြားသား A မှ (၉) ကြိမ်မြောက် အလိုအလျောက် ရက် ၃၀ သက်တမ်းတိုးပြီးနောက် ၎င်း တရားဝင် နေထိုင်ရပ်နားနိုင်သည့်နောက်ဆုံးရက်မှာ ၂၀၂၁ ခုနှစ် မေလ ၁၁ ရက်နေ့မှသည် ၂၀၂၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့အထိ ထပ်မံသက်တမ်းတိုးသွားသည်။


ဥပမာ ၂ - (အလိုအလျောက် သက်တမ်းတိုးခြင်းနှင့် အကျုံးဝင်သည်)

နိုင်ငံခြားသား B သည် နေထိုင်ရပ်နားခွင့်သက်တမ်း ၉၀ ရက် ဗီဇာကင်းလွတ်ခွင့်ဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၇ ရက်နေ့တွင် ပြည်ဝင်ခဲ့ပြီး မူလက ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၅ ရက်နေ့တွင် ပြည်ထွက်သင့်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလိုအလျောက် သက်တမ်းတိုးခြင်း (၃) ကြိမ် (တစ်ကြိမ်လျှင် ရက် ၃၀ သက်တမ်းတိုးပေးပြီး ထိုင်ဝမ်၌ စုစုပေါင်း နေထိုင်ရပ်နားသည့်ရက် ၁၈၀ ထက် မကျော်လွန်ရပါ၊ စုစုပေါင်း ရက် ၉၀ သက်တမ်းတိုးပေးသည်) ဆောင်ရွက်ခဲ့ပြီး ဤဌာနမှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၇ ရက်နေ့၊ သြဂုတ်လ ၁၄ ရက်နေ့၊ စက်တင်ဘာလ ၁၄ ရက်နေ့၊ အောက်တိုဘာလ ၁၅ ရက်နေ့၊ နိုဝင်ဘာလ ၁၃ ရက်နေ့၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ နှင့် ဖေဖော်ဝါရီလ ၅ ရက်နေ့ စသဖြင့် (၈) ကြိမ် သက်တမ်းတိုးပေးသည့်ရက်များနှင့် ပေါင်းလိုက်ပါက (တစ်ကြိမ်လျှင် ရက် ၃၀ သက်တမ်းတိုးသည်၊ စုစုပေါင်း ရက် ၂၄၀ သက်တမ်းတိုးပေးသည်) ၎င်း ထိုင်ဝမ်၌ နေထိုင်ရပ်နားနိုင်သည့် စုစုပေါင်းရက်သည်  ၄၂၀ ရက် (ရက် ၉၀+ရက် ၉၀+ရက် ၂၄၀ ၊ တရားဝင် နေထိုင်ရပ်နားနိုင်သည့်နောက်ဆုံးရက်မှာ ၂၀၂၁ ခုနှစ် မေလ ၁၁ ရက်နေ့အထိ သက်တမ်းတိုးသွားသည်) ဖြစ်ရာ “၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက်နေ့ (ထိုနေ့အပါအဝင်) မတိုင်မီက ပြည်ဝင်ထားပြီး လက်ရှိတွင် ထိုင်ဝမ်၌ နေထိုင်ရပ်နားခွင့်သက်တမ်း မကျော်လွန်သေးခြင်း” သတ်မှတ်ချက်နှင့် ကိုက်ညီသဖြင့် ဤဌာန၏ (၉) ကြိမ်မြောက် အလိုအလျောက် ရက် ၃၀ သက်တမ်းတိုးခြင်းအစီအမံနှင့် အကျုံးဝင်ပါသည်။ သို့ဖြစ်ရာ နိုင်ငံခြားသား B မှ (၉) ကြိမ်မြောက် အလိုအလျောက် ရက် ၃၀ သက်တမ်းတိုးပြီးနောက် ၎င်း တရားဝင် နေထိုင်ရပ်နားနိုင်သည့်နောက်ဆုံးရက်မှာ ၂၀၂၁ ခုနှစ် မေလ ၁၁ ရက်နေ့မှသည် ၂၀၂၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့အထိ ထပ်မံသက်တမ်းတိုးသွားသည်။


ဥပမာ ၃ - (အလိုအလျောက် သက်တမ်းတိုးခြင်းနှင့် အကျုံးဝင်သည်)

နိုင်ငံခြားသား C သည် နေထိုင်ရပ်နားခွင့်သက်တမ်း ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်ဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၇ ရက်နေ့တွင် ပြည်ဝင်ခဲ့ပြီး မူလက ၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက်နေ့တွင် ပြည်ထွက်သင့်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလိုအလျောက် သက်တမ်းတိုးခြင်း (၅) ကြိမ် (တစ်ကြိမ်လျှင် ရက် ၃၀ သက်တမ်းတိုးပေးပြီး ထိုင်ဝမ်၌ စုစုပေါင်း နေထိုင်ရပ်နားသည့်ရက် ၁၈၀ ထက် မကျော်လွန်ရပါ၊ စုစုပေါင်း ရက် ၁၅၀ သက်တမ်းတိုးပေးသည်) ဆောင်ရွက်ခဲ့ပြီးနောက် ၎င်း ထိုင်ဝမ်၌ နေထိုင်ရပ်နားနိုင်သည့် စုစုပေါင်းရက်သည် ၁၆၄ ရက် (၁၄ ရက်+၁၅၀ ရက်၊ ၊ တရားဝင် နေထိုင်ရပ်နားနိုင်သည့် နောက်ဆုံးရက်မှာ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၈ ရက်နေ့ ဖြစ်သည်) ဖြစ်သည်။ အကယ်၍ တိုက်ရိုက်သက်ဆိုင်သူမှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ရေးရာဦးစီးဌာနသို့ နေထိုင်ရပ်နားခွင့်ဗီဇာ လျှောက်ထားပြီး နေထိုင်ရပ်နားခွင့် ရက် ၁၈၀ ရှိသည့် ဗီဇာ ရရှိပါက တရားဝင် နေထိုင်ရပ်နားနိုင်သည့် နောက်ဆုံးရက်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၃ ရက်နေ့အဖြစ် ပြင်ဆင်သည်။ ထို့နောက် ဤဌာနမှတစ်ဆင့် ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၄ ရက်နေ့၊ စက်တင်ဘာလ ၁၄ ရက်နေ့၊ အောက်တိုဘာလ ၁၅ ရက်နေ့၊ နိုဝင်ဘာလ ၁၃ ရက်နေ့၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ နှင့် ဖေဖော်ဝါရီလ ၅ ရက်နေ့ စသဖြင့် အလိုအလျောက် သက်တမ်းတိုးပေးပါက (တစ်ကြိမ်လျှင် ရက် ၃၀ သက်တမ်းတိုးသည်၊ စုစုပေါင်း ရက် ၂၁၀ သက်တမ်းတိုးပေးသည်) ၎င်း ထိုင်ဝမ်၌ နေထိုင်ရပ်နားနိုင်သည့် စုစုပေါင်းရက်သည်  ၃၉၀ ရက် (ရက် ၁၈၀+ရက် ၂၁၀ ၊ တရားဝင် နေထိုင်ရပ်နားနိုင်သည့်နောက်ဆုံးရက်မှာ ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့အထိ သက်တမ်းတိုးသွားသည်) ဖြစ်ရာ “၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက်နေ့ (ထိုနေ့အပါအဝင်) မတိုင်မီက ပြည်ဝင်ထားပြီး လက်ရှိတွင် ထိုင်ဝမ်၌ နေထိုင်ရပ်နားခွင့်သက်တမ်း မကျော်လွန်သေးခြင်း” သတ်မှတ်ချက်နှင့် ကိုက်ညီသဖြင့် ယခုအကြိမ် အလိုအလျောက် ရက် ၃၀ သက်တမ်းတိုးခြင်းအစီအမံနှင့် အကျုံးဝင်ပါသည်။ သို့ဖြစ်ရာ နိုင်ငံခြားသား C မှ ယခုအကြိမ် အလိုအလျောက် ရက် ၃၀ သက်တမ်းတိုးပြီးနောက် ၎င်း တရားဝင် နေထိုင်ရပ်နားနိုင်သည့်နောက်ဆုံးရက်မှာ ၂၀၂၁ ခုနှစ် မေလ ၁ ရက်နေ့ ဖြစ်ပါသည်။


မေးခွန်း ၂ - လက်ရှိတွင် ထိုင်ဝမ်၌ နေထိုင်ရပ်နားခွင့်သက်တမ်း ကျော်လွန်နေသည့် နိုင်ငံခြားသားများသည် လူဝင်မှုကြီးကြပ်ရေးဌာန၏ အလိုအလျောက် သက်တမ်းတိုးခြင်း အစီအမံနှင့် အကျုံးဝင်ပါသလား။


အဖြေ ၂ - ဤအစီအမံသည် ထိုင်ဝမ်၌ နေထိုင်ရပ်နားခွင့်သက်တမ်း မကျော်လွန်သေးသည့် နိုင်ငံခြားသားများ အတွက်သာ အကျုံးဝင်ပါသည်။ သို့ဖြစ်ရာ ထိုင်ဝမ်၌ တရားဝင် နေထိုင်ရပ်နားခွင့်သက်တမ်း ကျော်လွန်နေသည့် (သက်တမ်းကျော်လွန် နေထိုင် ရပ်နားသည့်) နိုင်ငံခြားသားများအတွက် အကျုံးမဝင်ပါ။ အမြန်ဆုံး ပြည်ထွက် ရပါမည်။


မေးခွန်း ၃ - ကျွန်တော်/ကျွန်မ၏ နိုင်ငံကူးလက်မှတ်၌ နေထိုင်ရပ်နားခွင့် သက်တမ်း တိုးကြောင်း တံဆိပ်တုံး မနှိပ်ထားသဖြင့် အလိုအလျောက် နေထိုင်ရပ်နားခွင့် ရက် ၃၀ သက်တမ်းတိုးထားကြောင်း မည်သို့ သက်သေပြရမည်နည်း။


အဖြေ ၃ - စနစ်၌ အလိုအလျောက် သက်တမ်းတိုးပြီးဖြစ်သဖြင့် သီးသန့်လျှောက်ထားရန် မလိုအပ်ပါ။ သက်သေပြရန် လိုအပ်ပါက နိုင်ငံကူးလက်မှတ် နှင့် သက်ဆိုင်ရာ သက်သေခံလက်မှတ်များ ယူဆောင်၍ တိုက်ရိုက်အုပ်ချုပ်ရေးမြို့၊ ခရိုင် (မြို့) အသီးသီးရှိ ဤဌာန၏ ဝန်ဆောင်မှုရုံးများ၌ လျှောက်ထားနိုင်ပါသည်။ ထိုအခါတွင် နိုင်ငံကူးလက်မှတ်၌ သက်တမ်းတိုးထားကြောင်း သက်သေခံတံဆိပ်တုံး ရိုက်နှိပ်ပေးပါလိမ့်မည်။


မေးခွန်း ၄ - ကျွန်တော်/ကျွန်မသည် နေထိုင်ရပ်နားခွင့် သက်တမ်းတိုးခြင်း ပြုလုပ်ထားပြီး ကြောင်း သက်သေပြရန် စာရွက်စာတမ်းမရှိသဖြင့် လေဆိပ်၌ ပြည်ထွက်စဉ် နေထိုင် ရပ်နားခွင့် ကျော်လွန်သူအဖြစ် သတ်မှတ်ခံရပြီး လူဝင်မှုကြီးကြပ်ရေးဌာန၏ အရေးယူခံ ရခြင်း ဖြစ်နိုင်ပါသလား။


အဖြေ ၄ - ဤဌာန၏ လေဆိပ်၌စစ်ဆေးသူမှ စစ်ဆေးပြီးနောက် အကယ်၍ သင်သည် အလိုအလျောက် သက်တမ်းတိုးခြင်းအစီအမံနှင့် အကျုံးဝင်သူဖြစ်ပြီး သက်တမ်းတိုး ပြီးနောက်၊ တရားဝင် နေထိုင်ရပ်နားခွင့်သက်တမ်းရှိနေသူ ဖြစ်ပါက နေထိုင်ရပ်နားခွင့် သက်တမ်း ကျော်လွန်သည့်အကြောင်းရင်းကြောင့် အရေးယူခံရခြင်း မဖြစ်နိုင်ပါ။ 

top