按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

မတ်လ ၁ ရက်နေ့မှစ၍ နိုင်ငံသားမဟုတ်သူများ၏ ပြည်ဝင်ခွင့်သတ်မှတ်ချက်နှင့် ထောင်ရွမ်လေဆိပ် အထူးလေယာဉ် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်မည်

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2021/03/15
  • 點閱次數:286

နိုင်ငံတကာ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ၊ ပြည်တွင်း ကပ်ရောဂါကာကွယ်နိုင်စွမ်း နှင့် စီးပွားရေးကုန်သွယ်ရေး ကူးလူးဆက်ဆံရေး စသည့်လိုအပ်ချက်များကို ထည့်သွင်းစဉ်းစား၍ ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်နေ့ 00:00 နာရီမှစ၍ (ခရီးစဉ်စတင်သည့်ဒေသ စံတော်ချိန်) နိုင်ငံသားမဟုတ်သူများ၏ ပြည်ဝင်ခွင့်သတ်မှတ်ချက်နှင့် ထောင်ရွမ်လေဆိပ် အထူးလေယာဉ် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း ဗဟိုကပ်ရောဂါထိန်းချုပ်ရေးစင်တာ (Central Epidemic Command Center) က ပြောကြားသည်။ သက်ဆိုင်ရာ သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။


(က) နိုင်ငံသားမဟုတ်သူများသည် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှသာ ပြည်ဝင်နိုင်မည်။


၁။ အကျုံးဝင်နေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသည့် နိုင်ငံသားမဟုတ်သူများ (နိုင်ငံခြားသား၊ ဟောင်ကောင်၊ မကာအို နှင့် ပြည်မကြီးမှသူများ အပါအဝင်) ပြည်ဝင်နိုင်သည်။

၂။ နေထိုင်ခွင့်လက်မှတ်မရှိသည့် နိုင်ငံခြားသား - အလည်အပတ်၊ ပုံမှန် လူမှုရေးလည်ပတ်မှု တို့မှလွဲ၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြည်ပအခြေစိုက်သံရုံး၌ အထူးပြည်ဝင်ခွင့် လျှောက်ထား ရမည်။

၃။ ပြည်မကြီး၊ ဟောင်ကောင်၊ မကာအိုမှသူများ

(၁) တရုတ်ပြည်မကြီးမှသူများ - နေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူ၊ လူသားချင်းစာနာ ထောက်ထားမှုနှင့် အရေးပေါ်ကူညီဆောင်ရွက်ခြင်း (ဥပမာ - နာရေး၊ ရောဂါပြင်းထန်သူ ဆွေမျိုးအား လူနာသတင်းမေးခြင်း စသဖြင့်) ၊ နိုင်ငံသား၏ ပြည်မကြီးသား အိမ်ထောင်ဖက်နှင့် အရွယ်မရောက်သေးသူ သားသမီးများ၊ ထိုင်ဝမ်၌နေထိုင်သည့် ပြည်ပမှလာရောက်သူ၏ ပြည်မကြီးသား အိမ်ထောင်ဖက်နှင့် အရွယ်မရောက်သေးသူ သားသမီးများ (အတူလိုက်ပါ ဆုံစည်းခြင်း) ၊ ပညာရေးဝန်ကြီးဌာန၏ခွင့်ပြုချက်ရရှိထားသော ကျောင်းသား၊ ကျန်းမာရေးနှင့် ဖူလုံရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိထားသော နိုင်ငံတကာကျန်းမာရေးဝန်ထမ်း၊ အထူးကိစ္စ ရပ်ခွင့်ပြုချက်။

(၂) ဟောင်ကောင်၊ မကာအိုနယ်သားများ - နေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူ၊ လူသားချင်းစာနာ ထောက်ထားမှုနှင့် အရေးပေါ်ကူညီဆောင်ရွက်ခြင်း (ဥပမာ - နာရေး၊ ရောဂါပြင်းထန်သူ ဆွေမျိုးအား လူနာသတင်းမေးခြင်း စသဖြင့်) ၊ နိုင်ငံသား၏ ဟောင်ကောင်၊ မကာအိုနယ်သား အိမ်ထောင်ဖက်နှင့် အရွယ်မရောက်သေးသူ သားသမီးများ၊ စီးပွားရေးချိန်းဆို မှုများ၊ နိုင်ငံဖြတ်ကျော်စီးပွားရေးလုပ်ငန်းများ လုပ်ငန်းတွင်း အပြောင်းအရွှေ့ပြုခြင်း၊ ပညာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိထားသော ကျောင်းသား၊ ကျန်းမာရေးနှင့် ဖူလုံရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိထားသော နိုင်ငံတကာကျန်းမာရေးဝန်ထမ်း၊ အထူးကိစ္စရပ်ခွင့်ပြုချက်။


(ခ) ပို့ဆောင်ရေးဝန်ကြီးဌာနမှ အဆိုပြုသည့် ထောင်ရွမ်လေဆိပ် အထူး လေယာဉ်လုပ်ငန်း အစီအစဉ် ပြန်လည်ဆောင်ရွက်သည်။ ခရီးသည်များသည် လေကြောင်းအုပ်စု တစ်မျိုးတည်း၏ လေကြောင်းခရီးစဉ်ကို စီးနင်းရမည်။ လေယာဉ်တစ်ဆင့်ပြောင်းစီးနင်းစဉ် ရပ်နားသည့်အချိန်မှာ ၈ နာရီအတွင်း ကန့်သတ်ထားပြီး လေယာဉ်တစ်ဆင့်ပြောင်းစီးနင်းသည့် ခရီးသည်များ၏ လေယာဉ်ထိုင်ခုံ အပိုင်းအကွာအဝေး၊ လေယာဉ်ပေါ်မှဆင်းပြီးနောက် လမ်းကြောင်း ထိန်းချုပ်ခြင်း၊ အစားအစာနှင့် စျေးဝယ်ခြင်း စသည်တို့ကို သီးသန့်လူပုဂ္ဂိုလ်၏ တောက်လျှောက် စောင့်ကြပ်မှုအောက်၌ ဝန်ဆောင်မှုပေးသည်။ အကယ်၍ လေယာဉ်ခရီးစဉ် အချိန် နောက်ကျခြင်း သို့မဟုတ် ခရီးသည်၏ ကျန်းမာရေးအခြေအနေ ပုံမှန်မဟုတ်ခြင်း တို့ဖြစ်ပွားပါက သင့်လျော်သည့်အစီအစဉ်ထားရှိသည်။


ပြည်တွင်း ကပ်ရောဂါကာကွယ်ရေး လုံခြံုမှုရှိစေရေးအတွက် နယ်စပ်အန္တရာယ် တင်းတင်း ကြပ်ကြပ်ထိန်းချုပ်ရေးကို ဆက်လက်ဆောင်ရွက်မည်။ နိုင်ငံသားမဟုတ်သူများ လေယာဉ်စီးနင်း ၍ ထိုင်ဝမ်သို့ ဝင်ရောက်သူ၊ သို့မဟုတ် ထိုင်ဝမ်နိုင်ငံ၏ လေဆိပ်မှတစ်ဆင့် လေယာဉ်တစ်ဆင့်ပြောင်း စီးနင်းသူများသည် “ခရီးစဉ်စာရွက်ပါ လေယာဉ်အချိန် (Flight schedule time) မတိုင်မီ ၃ ရက်အတွင်း စစ်ဆေးထားသော ကိုဗစ်-၁၉ မရှိကြောင်းပါသည့် နျူကလစ်အက်ဆစ် စစ်ဆေးမှု အစီရင်ခံစာ” ပြသ၍ လေယာဉ်စီးနင်းပြီး ထိုင်ဝမ်သို့ လာရမည်ဖြစ်ကြောင်း၊ ထိုင်ဝမ်သို့ပြည်ဝင်သည့် ခရီးသည်များသည် အသွားအလာ ကန့်သတ်မှု ခံယူမည့်နေရာ ကြိုတင်စီစဉ်ရမည်ဖြစ်ကြောင်း (ကပ်ရောဂါကာကွယ်ရေး တည်းခိုခန်း သို့မဟုတ် တစ်မိသားစုလျှင် တစ်ယောက် အိမ်၌ အသွားအလာ ကန့်သတ်မှုခံယူခြင်း) ၊ "ပြည်ဝင်ခြင်းဆိုင်ရာ အသွားအလာကန့်သတ်မှုစနစ်" ၌ အွန်လိုင်း ကျန်းမာရေး ဆိုင်ရာလျှောက်ထားမှု ပြီးမြောက်ပြီး သက်ဆိုင်ရာသတ်မှတ်ချက်များနှင့် လက်တွေ့ ကိုက်ညီရမည်ဖြစ်ကြောင်း၊ ပြည်ဝင်ခြင်းဆိုင်ရာ အသွားအလာ ကန့်သတ်မှု အစီအမံကို ကပ်ရောဂါအခြေအနေနှင့် ဆောင်ရွက်မှုအခြေအနေပေါ်မူတည်၍ သင့်လျော်သလို အပြောင်းအလဲပြုလုပ်မည်ဖြစ်ကြောင်း ထိန်းချုပ်ရေးစင်တာက ပြောကြားသည်။

top