按 Enter 到主內容區
:::

回培力新住民資訊網首頁

ပေါ်လစီသတင်းအချက်အလက်
:::

နိုင်ငံသားမှတ်ပုံတင်ကတ်ပြားပုံစံကို ကိုးကား၍ သက်သေခံကတ်ပြားနံပါတ်ကုဒ် ဆောင်ရွက်ခြင်းဖြင့် လူထု ၁ သန်းနီးပါးကို အကျိုးခံစားရစေသည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2020/11/03
  • 點閱次數:418
နိုင်ငံသားမှတ်ပုံတင်ကတ်ပြားပုံစံကို ကိုးကား၍ သက်သေခံကတ်ပြားနံပါတ်ကုဒ် ဆောင်ရွက်ခြင်းဖြင့် လူထု ၁ သန်းနီးပါးကို အကျိုးခံစားရစေသည်။

၁။ 

လက်ရှိအသုံးပြုနေသော ပြင်ပဒေသမှလာရောက်သူများအတွက် သက်သေခံကတ်ပြားနံပါတ်သည် နိုင်ငံသားမှတ်ပုံတင်နံပါတ်နှင့် ပုံစံမတူသဖြင့် ပြင်ပဒေသမှလာရောက်သူများသည် အွန်လိုင်းမှတစ်ဆင့်စျေးဝယ်ခြင်း၊ လက်မှတ်ကြိုတင်ဝယ်ယူခြင်း၊ ဆေးကုသရန် တိုကင်ယူခြင်း စသည့်လုပ်ငန်းစဉ်များကို လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်ခြင်းမရှိပေ။ သို့ဖြစ်ရာ ထိုင်ဝမ် ဥရောပကုန်သည်ကြီးများအသင်းသည် နှစ်စဉ်ထုတ်ဝေသည့် စက္ကူဖြူစာတမ်း (White Paper) ၌ အစိုးရအဖွဲ့အစည်းထံ သက်ဆိုင်ရာအရေးကိစ္စကို အကြိမ်ကြိမ်အဆိုပြုလျက်ရှိသည်။

၂။

ပြင်ပဒေသမှလာရောက်သူများအတွက် ကောင်းမွန်သောပတ်ဝန်းကျင် ဖန်တီးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးဌာနသည် ထိုင်ဝမ် ဥရောပကုန်သည်ကြီးများ အသင်း၏ အကြံပြုချက်များကို မှီငြမ်း၍ “အင်္ဂလိပ်အက္ခရာ ၂ လုံး+ကိန်းဂဏန်း ၈ လုံး” ပါ ပြင်ပဒေသမှလာရောက်သူများအတွက် တပြေးညီသက်သေခံကတ်ပြားနံပါတ်ကို အသုံးပြုပါမည်။ နိုင်ငံသားမှတ်ပုံတင်နံပါတ်ပါ “အင်္ဂလိပ်အက္ခရာ ၁ လုံး+ကိန်းဂဏန်း ၉ လုံး” ကို ကိုးကား၍ ကုဒ်နံပါတ်ကို မူအားဖြင့် ပြင်ဆင်ပါမည်။ (အောက်တွင် ပုံစံသစ်နံပါတ်ဟု အတိုကောက် ခေါ်တွင်မည်)

၃။

အနာဂတ်တွင် နိုင်ငံသားမှတ်ပုံတင်ကို ကိုးကားထားသည့် ပုံစံသစ်သက်သေခံကတ်ပြားနံပါတ်၏ ကုဒ်ပုံစံ ပြင်ဆင်ပြီးပါက ပြင်ပဒေသမှလာရောက်သူများအား  အွန်လိုင်းမှတစ်ဆင့်စျေးဝယ်ခြင်း၊ လက်မှတ်ကြိုတင်ဝယ်ယူခြင်း၊ ဆေးကုသရန် တိုကင်ယူခြင်း စသည့်လုပ်ငန်းစဉ်များကို ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေမည်သာမက အစိုးရကိုယ်စား ပြင်ပဒေသမှလာရောက်သူများ ထိုင်ဝမ်၌ နေထိုင်ရေးအဆင်ပြေစေရေးရည်မှန်းချက်ကို ဆက်တိုက်ကြိုးပမ်းမြှင့်တင်ပေးရာလည်း ရောက်ပါသည်။


top