按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသော ဘေးအန္တရာယ်ကြီးမားသည့် ကပ်ရောဂါ အမျိုးသား လူဝင်မှုကြီးကြပ်ရေး အေဂျင်စီက နိုင်ငံသားများအတွက် ၃ ကြိမ်မြောက် အလိုအလျောက် ဗီဇာ သက်တမ်းတိုးပေးကြောင်း ကြေညာခြင်း

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:National Immigration Agency, Ministry of the Interior
  • 更新日期:2020/09/18
  • 點閱次數:673

လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝှမ်းတွင် ကပ်ရောဂါအခြေအနေ ဆက်လက်ပြင်းထန်နေခြင်းကို စဉ်းစားပေးပြီး ထိုင်ဝမ်နိုင်ငံတွင်းသို့ ၂၀၂၀ ခုနှစ်၊ မတ်လ ၂၁ ရက် နှင့် ယင်းမတိုင်မီက ဝင်ရောက်ခဲ့သော၊ နိုင်ငံတွင်းနေထိုင်နေချိန်ကာလအတွင်း ၎င်းတို့၏ ကနဦး ဗီဇာ နှင့် ယခင်သက်တမ်းတိုးခြင်းများတွင် ကျော်လွန်နေထိုင်မထားသည့် နိုင်ငံခြားသားများအား ၃ ကြိမ်မြောက် အလိုအလျောက် သက်တမ်းတိုးပေးရန် အမျိုးသား လူဝင်မှုကြီးကြပ်ရေး အေဂျင်စီ (အန်အိုင်အေ)က ဆုံးဖြတ်ခဲ့ပါသည်။


အမျိုးသား လူဝင်မှုကြီးကြပ်ရေး အေဂျင်စီ (အန်အိုင်အေ)က လူများရွှေ့ပြောင်းခြင်းကြောင့် ရောဂါထပ်မံဖြစ်ပွားခြင်း နှင့် ဘေးနိုင်ငံများ၏ ကပ်ရောဂါဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို လျော့ချပေးနိုင်ရန်အတွက် ရက်ပေါင်း ၁၈၀ သို့မဟုတ် ယင်းထက်ပိုပြီး နေထိုင်ခွင့်ပြုခံရသော နိုင်ငံခြားသားများကို ဇူလိုင်လ ၁၇ ရက် နှင့် သြဂုတ်လ ၁၄ ရက်တို့တွင် အလိုအလျောက် ရက် ၃၀ သက်တမ်းတိုးရန် ခွင့်ပြုကြောင်း အသီးသီး ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါတွင် တတိယအကြိမ် သက်တမ်းစတိုးပေးပြီ ဖြစ်ပါသည်။


အမျိုးသား လူဝင်မှုကြီးကြပ်ရေး အေဂျင်စီ (အန်အိုင်အေ) က နောင်လာမည့် သက်တမ်းတိုးပေးခြင်းဆိုင်ရာ မူဝါဒများကို ဗဟိုကပ်ရောဂါ ထိန်းသိမ်းရေး ဌာနချုပ် (စီအီးစီစီ)၏ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အပေါ်သုံးသပ်ချက် နှင့်အညီ အချိန်နှင့် တပြေးညီ ပြန်လည်သုံးသပ်ချိန်ညှိပေးမည် ဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။ ဤသက်တမ်းတိုးခြင်း မူဝါဒ အကြောင်း အသေးစိတ် လိုအပ်ချက်များ နှင့် အချက်အလက်များကို သိရှိလိုပါက အောက်ပါ “အမေးအဖြေ”တွင် ကြည့်ပါ။

top