按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

ဧပြီလ ၁၀ ရက်မှ စတင်၍ ကမ္ဘာလှည့် ခရီးသည်များသွားလာရာနေရာများ ညစျေးများ နှင့် ဘုရားကျောင်းကန် ဝတ်ပြုရာ နေရာများ တွင် လူအများစုဝေး ခြင်းမပြုရန် သတ်မှတ် ပြဌာန်းခြင်း

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2020/08/07
  • 點閱次數:480

(အုတ်ဂူများ လှည်းကျင်းသန့်ရှင်းရေးနေ့) ကွင်မင်းပွဲတော် အပြီး ၄ ရက် အကြာတွင် COVID-19 ကူးစက်မှု လက္ခဏာများ ကို တွေ့ရှိမှု  အကြောင်းကြားခြင်းများ ရုတ်ခြည်း များပြားလာသောကြောင့် ဆင့်ပွါးကူးစက်နိူင်ခြေ လျှော့ပါးစေရေး အတွက် တားဆီး  ထိန်းချုပ် ရန် ဧပြီလ ၁၀ ရက်မှ စတင်၍ ကမ္ဘာလှည့် ခရီးသည်များသွားလာမှုများပြားသည့် နေရာများ အမျိုးသားဥယာဉ်များ နားနေအပန်း ဖြေ ရာ ဧရိယာများ ညစျေးများ နှင့် ဘုရားကျောင်းကန် ဝတ်ပြုရာနေရာများအပါအဝင် လူအများစုဝေး နိူင်သော နေရာများတွင် စုရုံးခြင်း မပြုကြ ရန် တားမြစ်ကန့်သတ် သည့် ကြေငြာချက်ကို ဗဟိုကူးစက်ရောဂါထိန်းချုပ်ရေးဌာန မှ ထုပ်ပြန်ခဲ့ရသည်။ ယင်းနေရာများ၏ ပိုင်ရှင်များ သက်ဆိုင်ရာစီမံခန့်ခွဲရေး ယူနစ် များ နှင့် လူထုကြီးတစ်ရပ်လုံး အား အောက်ပါ အခြေအနေများ ကို ကူညီလိုက်နာကြရန် ဗဟိုကူးစက်ရောဂါထိန်းချုပ်ရေးဌာန မှ တိုက်တွန်းနိူးဆော်ထားသည်။


စျေးဆိုင်ပိုင်ရှင်များ နှင့် စားသုံးသူများ အနေဖြင့် မျက်နှာဖုံးများကို ရောင်းဝယ်စဉ်အတွင်း တပ်ဆင်ရုံသာ မကပဲ စျေးအသီးသီး သို့မ ဟုတ် စျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ရောင်းဝယ်ရေးဆိုင်ရာအဖွဲ့ဝင်များအနေဖြင့် ဗဟိုကူးစက်ရော ဂါထိန်းချုပ်ရေး ဌာန မှ ထုပ်ပြန် ထားသည့် အကွာအဝေး အတွင်းရှိရန် ညစျေးများတွင် လူစုလူဝေးခြင်းကိုထိန်းချုပ်ရန် အစီအစဉ်တွင် ဝင်ပေါက် ထွက်ပေါက် တစ်ခု သာထားရန် ဆိုင်တွင်ထိုင်၍စားသောက်ခြင်း မပြုရန် တစ်ဆိုင် နှင့် တစ်ဆိုင် အကြားဘေးကင်းစေမည့် အကွာအဝေး ရှိရန် စသည်များ ပါဝင်သည်။ ဆိုင်တွင်းညစာ စားပွဲများတွင် အခြားထိရောက်သော ခွဲခြားထားရှိ မှုများ ပြုလုပ်ရန်မဖြစ် နိူင်လျှင် အခန်းကန့် သော ဘုတ် ပြားများကို အသုံးပြုနိူင်သည်။ လူကြိုက်များသော ဆိုင်များအနေဖြင့် တန်းစီစောင့်ဆိုင်းနေကြသူများအား တစ်ဦး နှင့် တစ်ဦး ဘေး ကင်း သောအကွာအဝေးတွင် ရှိနေကြစေရန် သတိပေးဆိုင်းဘုတ်များ စိုက်ထူထားရမည်။ နောင်လာမည့် အနာဂါတ်တွင် စီးပွါးရေး ရာ ဝန်ကြီးဌာန အနေဖြင့် မသင့်လျှော်သောနေရာများကို ရွေးချယ်၍ ရောင်းချသူများရည်ညွှန်း ကိုးကားရန် ဗီဒီယို ရိုက်ကူးမည်ဖြစ်သည်။                                               


မျက်စိပသာဒဖြစ်စရာ နေရာတစ်ခု၏ အတိုင်းအတာမှာ အခြေခံ အားဖြင့် အများနှင့်ဆိုင်ခြင်း အပြင် လူတစ်ဦးခြင်းပေါ် မူတည်၍ ကွဲပြားသောသဘောရှိ ရာ သက်ဆိုင်ရာနယ်ပယ် အလိုက်ထည့် တွက်၍ အမျိုးသား သဘာဝမြင်ကွင်းနေရာ အမျိုးသားဥယာဉ် အမျိုး သားအပန်းဖြေ သစ်တော ဧရိယာ များအဖြစ်ဖေါ်ထုပ်ရသည်။ အများနှင့်ဆိုင်သော အချက်ပေါ်မူတည်၍လူစုလူဝေးကိုထိန်းချုပ် ရန် အပယိကဖြစ်သော ကားရပ်ရန်နေရာကိုစဉ်းစားရမည်။ ကားရပ်သည့် နေရာ အတွင်း ကားအစီး ရေ ၅၀ ရာခိုင်နှုန်းကျော်လျှင်နေ ရာ အခြေပြ စာတိုပေးပို့ ဝန်ဆောင်စနစ် ကို အသုံးပြု၍ လူထုအားယင်းတို့ ၏ခရီးစဉ်ကို ပြောင်းလည်းစေရန် အကြံပြုရမည်။တစ်ချိန်ထဲ မှာပင် ယင်းတို့အား အခြားနေရာများသို့ လမ်းညွှန်ခေါ်ဆောင်သွားရန် အတွက် အနီးရှိ လမ်းများ၏ ဖွဲ့စည်း တည်ရှိ ပုံကို ထည့်သွင်း စဉ်းစားရန်ကို ဗဟိုကူးစက်ရောဂါထိန်းချုပ်ရေးဌာန မှ ဖေါ်ပြထားသည်။


ခရီးသွားလာရေး နှင့် တည်းခိုရေးလုပ်ငန်း လုပ်ကိုင်သူများ အတွက် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန ခရီးသွားလာရေးရုံး မှ ကမ္ဘာလှည့်ခရီးသည် များ အထူးနှစ်သက်သော နေရာများရှိ ဟိုတယ်များ အမျိုးသားရှုခင်းနေရာများ ရှိ ဟိုတယ်များ နှင့် လူသိ များ သော ဟိုတယ်ကြီးများ ၏ ခရီးသည် ဝင်ရောက်မှု နှုန်းအား လေ့လာ ဆန်းစစ်သုံးသပ်ခြင်းများ ပြုလုပ်ပေးမည်ဖြစ်သည််။ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာန ခရီးသွားလာရေးရုံး မှ ခရီးသည်ဝင်ရောက်မှု နှုန်းမြင့်မားသော ဟိုတယ်ပိုင်ရှင်များ အားလည်း ဖိတ်ကြား၍ ရောက်ရှိသွားလာလည်ပတ် မှု အားတိုင်းတာရန် နှင့် စားသောက်ခြင်းဆိုင်ရာ လမ်းကြောင်းများ ကို လမ်းလွှဲခြင်းများပြုလုပ်ရန်ထည့် သွင်းမည်ဖြစ်သည််။             


ဘုရားကျောင်းကန်များ သ်ို့ ဝတ်ပြုသူများ ဒလဟော ဝင်ရောက်လာခြင်းကို ထိန်းချုပ်ရန် ဒေသဆိုင်ရာ အစိုးရ၏ စီရင်ဆုံးဖြတ်ပိုင်ခွင့် ဖြင့် ဝင်ရောက်လည်ပတ်မည့် လမ်းကြောင်းကိုဖေါ်ဆောင်ရန် နှင့် ဝတ်ပြုသူ အရည်အတွက်ကို ထိန်းချုပ်ရန်အတွက်ဘုရား ကျောင်း ကန်များ သို့ ဒေသဆိုင်ရာ အစိုးရမှ အကြံဉာဏ် များပြုစေရန်ကို ပြည်ထဲရေးဝန်ကြီးဌာန မှ တိုက်တွန်းမည်။ ကူးစက်မှု ပြင်းထန်နေချိန် တွင် အစားအသောက် များ ကြွေးမွေးခြင်းကို ရှောင်ကျဉ်ရန် နှင့် ပြင်ပစျေးသည်များ မှ တက်ကြွစွာ ပူးပေါင်းပါဝင် ကူညီမှုဖြင့် ရောင်းချ ရာလမ်းကြောင်းကို အများပြည်သူ သွားလာလှုပ်ရှားမှု နှင့် ကိုက်ညီ အဆင်ပြေ စေရန် အခြေပြု ၍ လှည့်လည် ရောင်းချ စေမည်ဖြစ် သည််။


လူအများသွားလာရာနေရာများ အထင်ကရ ရှုခင်းနေရာများ အမျိုးသားဥယာဉ်များ အနားယူအပန်းဖြေရာနေရာများ ညစျေးများ ဘုရား ကျောင်းကန် များ အတွင်း ဒလဟော ဝင်ရောက်လာမည့် လူအများကို လျှော့ချရန် အတွက် မျက်နှာဖုံးများ တပ်ဆင်ကြရန် မိမိတို့၏ လက်များကို မကြာခနဆေးကြောရန် အပြင်ဘက် တွင် တစ်ဦး နှင့် တစ်ဦး ၁ မီတာ အခန်းတွင်းတွင် ၁.၅ မီတာ အကွာအဝေး တွင် နေရန် ကို ဗဟိုကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန မှ အကြံပြုထားပြီး ယင်းသို့ ပြုလုပ်ရန် မဖြစ်နိူင်လျှင် ယင်းထက်ပို၍ သတင်းအချက် အလက်များ ကို CDC ၏ website https:www.cdc.gov.tw/. တွင်ကြည့်ပါ။

top