按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

ကိုဗစ်-၁၉ ရောဂါပြန့်နှံ့ခြင်းကို ကာကွယ်ရန် မတ်လ ၁၉ ရက်နေ့မှစတင်သည့် ထိုင်ဝမ်နိုင်ငံတွင်းသို့ နိုင်ငံခြားသားများ ဝင်ရောက်ခြင်းကို တားမြစ်ခြင်းနှင့် ပတ်သက်သည့် အမေးအဖြေများ

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:外交部
  • 更新日期:2020/08/05
  • 點閱次數:506

မေးခွန်း၁။ ။ မတ်လ ၁၉ ရက်တွင် အသက်ဝင်မည့် ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေငြာခဲ့သည့် နယ်နိမိတ် ထိန်းချုပ်ရေး နည်းလမ်းအသစ်သည် နိုင်ငံခြားသားများအတွက် ဗီဇာကင်းလွတ်၊ ဆိုက်ရောက်ဗီဇာ နှင့် အီးဗီဇာများအား ပယ်ဖျက်ခြင်းနှင့် အတူတူဖြစ်ပါသလား။ တရားဝင်ဗီဇာကိုင်ဆောင်ထားသော နိုင်ငံခြားသားများသည် ထိုင်ဝမ်နိုင်ငံတွင်းသို့ ဝင်ရောက်နိုင်သေးပါသလား။

အဖြေ။ ။ ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကြေငြာခဲ့သော အကောင်အထည်ဖော်မည့် နယ်နိမိတ် ထိန်းချုပ်ရေး နည်းလမ်းသည် ကိုဗစ်-၁၉ ရောဂါ ပျံ့ပွားမှုကို တားဆီးရန်အတွက် ဖြစ်ပါသည်။ ဗီဇာကင်းလွတ် သို့မဟုတ် ဧည့်ဗီဇာ သို့မဟုတ် နေထိုင်ခွင့်ဗီဇာ အတွက် အကျုံးဝင်သည့် နိုင်ငံခြားသားများသည် မတ်လ ၁၉ ရက်မှစတင်ပြီး ထိုင်ဝမ်နိုင်ငံတွင်းသို့ ဝင်ရောက်လိုပါက ချွင်းချက်အခြေအနေနှင့် အကျံုးဝင်သည့် သက်ဆိုင်ရာ အထောက်အထားများကို ကိုင်ဆောင်လာရန် လိုအပ်ပါသည်။ အဆိုပါ အထောက်အထားများကို လေဆိပ်ရှိ အမျိုးသား လူဝင်မှုကြီးကြပ်ရေး အေဂျင်စီ (အန်အိုင်အေ) ဝန်ထမ်းများထံ တင်ပြရပါမည်။ ထိုင်ပေ ကိုယ်စားလှယ်ရုံးက ထုတ်ပေးလိုက်သည့် အထူးပြည်ဝင်ခွင့်ပါမစ်၊ သက်တမ်းရှိသည့် နိုင်ငံခြားသား နေထိုင်သူ အထောက်အထား သို့မဟုတ် အမ်အိုအက်ဖ်အေ အိုင်ဒီ ကဒ်ပြားကိုင်ဆောင်ထားသောသူများကို အမျိုးသား လူဝင်မှုကြီးကြပ်ရေး အေဂျင်စီမှ ဝန်ထမ်းများက စစ်ဆေးပြီး ဝင်ရောက်ခွင့်ပြုမည် ဖြစ်ပါသည်။


မေးခွန်း၂။ ။ မည်သည့်အခြေအနေများတွင် နိုင်ငံခြားသားများသည် အထူးပြည်ဝင်ခွင့်ပါမစ် ရရန် အကျံုးဝင်ပါသနည်း။ ဥပမာများပေးပါ။

အဖြေ။ ။ ယခင်ကဖော်ပြထားသည့် ထိုင်ဝမ်နိုင်ငံတွင်းသို့ ဝင်ရောက်နိုင်သေးသည့် နိုင်ငံခြားသားများမှအပ ထိုင်ပေ ကိုယ်စားလှယ်ရုံးများသည် ထိုင်ဝမ်နိုင်ငံတွင်းဝင်ရောက် ရန် အရေးတကြီးလိုအပ်နေသည့် နိုင်ငံခြားသားများ ဥပမာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ သို့မဟုတ် ထိုင်ဝမ်ရှိ သက်ဆိုင်ရာ အာဏာပိုင်များမှ ခွင့်ပြုချက်ရှိသူများကို အထူးပြည်ဝင်ခွင့်ပါမစ်ကို ထုတ်ပေးနိုင်ပါသည်။


မေးခွန်း၃။ ။ ထိုင်ဝမ်နိုင်ငံတွင်းသို့ ရောက်နှင့်ပြီးဖြစ်သည့် နိုင်ငံခြားသားများသည် ၎င်းတို့၏ ဗီဇာသက်တမ်းကို တိုးနိုင်ပါသလား။

အဖြေ။ ။ မတ်လ ၂၁၊ ၂၀၂၀ နှင့် ယင်းမတိုင်မီ ထိုင်ဝမ်နိုင်ငံတွင်းသို့ ဧည့်ဗီဇာ၊ ဆိုက်ရောက်ဗီဇာ သို့မဟုတ် ဗီဇာကင်းလွတ်ဖြင့် ဝင်ရောက်နှင့်ပြီးဖြစ်သော ခရီးသွားများ နှင့် နေထိုင်ခွင့်သက်တမ်းရှိသောသူများအားလုံးသည် အလိုအလျောက် ၃၀-ရက် သက်တမ်းတိုး ရရှိပါမည်။ ပိုမိုသိရှိလိုပါက https://www.boca.gov.tw/cp-56-5435-67ba1-1.html ကို ဝင်ကြည့်ပါ။ (မတ်လ ၂၁ ရက်နေ့တွင် အသစ်မွမ်းမံထားပါသည်။)


မေးခွန်း၄။ ။ ထိုင်ဝမ်နိုင်ငံသားများ၏ နိုင်ငံခြားသား အိမ်ထောင်ဘက်များ နှင့် ကလေးများ သို့မဟုတ် ထိုင်ဝမ်နိုင်ငံတွင် တရားဝင်နေထိုင်နေပြီး အာ.အို.စီ(ထိုင်ဝမ်) နေထိုင်သူ အထောက်အထား မရှိသူများသည် နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ရှိသေးပါသလား။

အဖြေ။ ။ ယင်းအိမ်ထောင်ဘက်များ နှင့် ကလေးများသည် ထိုင်ပေ ကိုယ်စားလှယ်ရုံးများတွင် အထူးပြည်ဝင်ခွင့်ပါမစ်ကို လျှောက်ထားနိုင်ပါသည်။


မေးခွန်း၅။ ။ နိုင်ငံခြားသားများသည် ပြည်ဝင်ခွင့်ရရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များထံတွင် လျှောက်ထားနိုင်ပါသလား။

အဖြေ။ ။ လျှောက်ထားနိုင်ပါသည်။ နိုင်ငံခြားသားများသည် နေထိုင်ခွင့်ရရန်အတွက် ထိုင်ဝမ်ရှိ သက်ဆိုင်ရာ အာဏာပိုင်များထံတွင် လျှောက်ထားနိုင်ပါသည်။ သို့ရာတွင် ထိုင်ဝမ်နိုင်ငံသို့ လာလိုသော အကြောင်းပြချက်မှာ သံတမန်၊ စီးပွားရေး နှင့် စာချုပ်စာတမ်းအရ မဖြစ်မနေလိုအပ်မှု သို့မဟုတ် အထူးခွင့်ပြုချက်ရှိရန် လိုအပ်ပါသည်၊ ယင်းသို့မဟုတ်ပါက ဝင်ခွင့်ပေးရန် ငြင်းဆိုခံရနိုင်ပါသည်။


မေးခွန်း၆။ ။ မဖြစ်မနေမဟုတ်သည့် ကိစ္စရပ်များအတွက် (ဥပမာ။ ။ စီးပွားရေး နှင့် စာချုပ်စာတမ်းအရ မဖြစ်မနေလိုအပ်မှုများ မပါဝင်သည့် စီးပွားရေးလုပ်ငန်းများကဲ့သို့သော) ထိုင်ဝမ်နိုင်ငံသို့လာလိုသော နိုင်ငံခြားသားများသည် နိုင်ငံတွင်းသို့ ဝင်ရောက်နိုင်သေးပါသလား။

အဖြေ။ ။ ထိုင်ဝမ်နိုင်ငံသို့ လာရောက်ရခြင်းသည် စီးပွားရေး နှင့် စာချုပ်စာတမ်းအရ မဖြစ်မနေလိုအပ်မှု သို့မဟုတ် ထိုင်ဝမ်ရှိ သက်ဆိုင်ရာ အာဏာပိုင်များက ထုတ်ပေးသည့် အလုပ်အကိုင် လက်ခံစာ သို့မဟုတ် အလုပ်ခန့်အပ်စာချုပ်များဖြစ်ကြောင်း သက်သေမပြနိုင်ပါက နိုင်ငံခြားသားများကို ပြည်ဝင်ခွင့်ပေးလိမ့်မည် မဟုတ်ပါ။


မေးခွန်းရ။ ။ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများသည် အထူးပြည်ဝင်ခွင့်ပါမစ်အတွက် အကျံုးဝင်ပါသလား။

အဖြေ။ ။ ထိုင်ဝမ် အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပေးသည့် အလုပ်လုပ်ခွင့်ပါမစ်ကိုင်ဆောင်ထားသော နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်ပေ ကိုယ်စားလှယ်ရုံးက ထုတ်ပေးထားသည့် ရွှေ့ပြောင်းအလုပ်သမား ဗီဇာဖြင့် နိုင်ငံတွင်းသို့ ဝင်ရောက်နိုင်ပါသည်။


မေးခွန်း၈။ ။ ထိုင်ဝမ်နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပြုခံရသည့် နိုင်ငံခြားသားများသည် သက်ဆိုင်ရာ အိမ်တွင် သီးခြားခွဲနေခြင်း နည်းလမ်းများကို လိုက်နာရအုန်းမည်လား။

အဖြေ။ ။ လိုက်နာရပါမည်။ အိမ်တွင် သီးခြားခွဲနေခြင်း လုပ်ထုံးလုပ်နည်းများအကြောင်း ပိုမိုသိရှိလိုပါက ထိုင်ဝမ် ရောဂါထိန်းချုပ်ရေး စင်တာများ ၏ ဝက်ဘ်ဆိုက်ဒ် https://www.cdc.gov.tw/En/Category/ListContent/bg0g_VU_Ysrgkes_KRUDgQ?uaid=0nAzwpXdBNIAPOvJhwrGoQ တွင် ဝင်ကြည့်နိုင်ပါသည်။


top