按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

ထိုင်ဝမ်နိုင်ငံအတွင်းသို့ မတ်လ ၂၁ ရက် နှင့် ယင်းမတိုင်မီ ဝင်ရောက်ခဲ့သော ဧည့်ဗီဇာ၊ ဆိုက်ရောက် ဗီဇာ သို့မဟုတ် ဗီဇာကင်းလွတ် ကိုင်ဆောင်ထားသော နိုင်ငံခြားသားများသည် အလိုအလျောက် ၃၀-ရက် သက်တမ်းတိုးကို ရရှိမည် ဖြစ်ပါသည်။ (လျှောက်ထားရန် မလိုအပ်ပါ)

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2020/08/05
  • 點閱次數:421

ကိုဗစ်-၁၉ ကို ထိန်းချုပ်ရန်အတွက် နိ်ုင်ငံမျိုးစုံက အသုံးပြုနေကြသည့် ခရီးသွားလာမှု ပိတ်ပင်မှုများနှင့် နယ်နိမိ ထိန်းချုပ်ရေး အစီအစဉ်များကို ဖြေရှင်းနိုင်ရန်အတွက် အမ်အိုအက်ဖ်အေ က ထိုင်ဝမ်နိုင်ငံတွင်းသို့ ဧည့်ဗီဇာ၊ ဆိုက်ရောက် ဗီဇာ သို့မဟုတ် ဗီဇာကင်းလွတ်ဖြင့် မတ်လ ၂၁ ရက်၊ ၂၀၂၀ နှင့် ယင်းမတိုင်မီ ဝင်ရောက်ခဲ့ပြီး နေထိုင်လျက်ရှိသောသူများအားလုံးသည် အလိုအလျောက် ၃၀-ရက် သက်တမ်းတိုးကို ရရှိမည် ဖြစ်ပါသည်။ လျှောက်ထားရန် မလိုအပ်ပါ။ စုစုပေါင်း နေထိုင်သည့် သက်တမ်းသည် ၁၈၀ ရက်ထက် ကျော်လွန်ခွင့်မရှိပါ။ ယင်းအခြေအနေသည် အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါသည်။


ထို့အပြင် အမျိုးသား လူဝင်မှုကြီးကြပ်ရေး အေဂျင်စီ (အန်အိုင်အေ)က တရားဝင်နေထိုင်ခွင့်ရှိသည့် အချိန်ကို ကျော်လွန်ပြီးဖြစ်သည့် နိုင်ငံခြားသားများအနေဖြင့် ရက်တိုး သက်တမ်းကျော်လွန်နေထိုင်သူများ ဆန္ဒအလျောက် ထွက်ခွာရေး အစီအစဉ်အတွက် ပြစ်ဒဏ်များကင်းလွတ်ခွင့်ရရှိရန် မတ်လ ၂၀ ရက် မှ ဇွန်လ ၃၀ ရက်အတွင်း သက်ဆိုင်ရာ အာဏာပိုင်များထံ သတင်းပို့ရမည် ဖြစ်ကြောင်း ကြေငြာထားပါသည်။ ယင်းပုဂ္ဂိုလ်များအား ဖမ်းဆီးခြင်း သို့မဟုတ် ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းများ ပြုလုပ်ခံရမည် မဟုတ်ဘဲ အနည်းငယ်သော ဒဏ်ငွေပမာဏသာ ပေးဆောင်ရမည် ဖြစ်ပါသည်။ ပိုမိုသိရှိလိုပါက အမျိုးသား လူဝင်မှုကြီးကြပ်ရေး အေဂျင်စီ၏ ဝက်ဘ်ဆိုက်ဒ် https://www.immigration.gov.tw/5382/5385/7229/7238/217253/ ကို ဝင်ရောက်ကြည့်ရှု့ပါ။


top