按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

မတ်လ ၂၄ ရက် မှ ဧပြီလ ရ ရက်နေ့အထိ ထိုင်ဝမ်နိုင်ငံသည် နိုင်ငံမှတစ်ဆင့် လေယာဉ်ပြောင်းစီးမည့် လေကြောင်းခရီးသည်အားလုံးကို ပြောင်းစီးခွင့်ကို ဆိုင်းငံ့လိုက်သည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2020/08/05
  • 點閱次數:514

မတ်လ ၂၂ ရက်နေ့တွင် ဗဟို ရောဂါထိန်းချုပ်ရေး စင်တာ (စီအီးစီစီ)က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသည် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအသွင် ဖြစ်နေပြီး နိုင်ငံခြားမှ ကူးစက်ခံပြီး ပြည်တွင်းပြန်ဝင်လာသော လူအရေအတွက် ပိုများလာနေကြောင်း ကြေငြာခဲ့ပါသည်။ လေကြောင်းခရီးမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့ခြင်းကို ကာကွယ်ရန် လူများ နိုင်ငံဖြတ်တော် သွားလာမှု နှင့် ရောဂါဖြစ်ပွားနိုင်ခြေကို လျော့ချနိုင်ရန်အတွက် စီအီးစီစီက မတ်လ ၂၄ ရက် (အင်္ဂါနေ့) ထိုင်ဝမ် စံတော်ချိန် ၀၀:၀၀ နာရီ (ဂျီအမ်တီ+၈) မှ ဧပြီလ ရ ရက်နေ့အထိ ထိုင်ဝမ်နိုင်ငံတွင် မှ လေယာဉ်ပျံ ပြောင်းစီးမည့် လေကြောင်းခရီးသည်အားလုံးကို ပြောင်းစီးခွင့်ကို ဆိုင်းငံ့လိုက်ပါသည်။


ထိုင်ဝမ် ရောဂါထိန်းချုပ်ရေး စင်တာများ (ထိုင်ဝမ် စီဒီစီ)များက ပြည်တွင်းခရီးသွားများအားလုံးကိုလည်း ကျန်းမာရေး ခံဝန် နှင့် အိမ်တွင် သီးခြားခွဲနေခြင်း အသိပေးချက်ကို လိုက်နာကြပါရန် ထပ်မံသတိပေးထားပါသည်။ အကယ်၍သင်သည် ဖျားခြင်း၊ ချောင်းဆိုးခြင်း စသည့် ဝေဒနာများကို ခံစားနေရပါက လေဆိပ်သို့ ရောက်ရှိချိန်တွင် သီးခြားခွဲထားရေးအရာရှိထံ အကြောင်းကြားပြီး သက်ဆိုင်ရာ သီးခြားခွဲထားရေး လုပ်ထုံးလုပ်နည်းများကို လိုက်နာပါ။ ထိုင်ဝမ်နိုင်ငံသို့ နိုင်ငံခြားမှ ပြန်ရောက်ပြီး ၁၄ ရက်အတွင်းတွင် ၎င်း လက္ခဏာများကို ခံစားရပါက ကူးစက်နိုင်သော ရောဂါ အစီရင်ခံခြင်း နှင့် တိုင်ပင်ဆွေးနွေးခြင်း အခမဲ့ ဟော့လိုင်း ၁၉၂၂ (သို့မဟုတ် ၀၈၀၀-၀၀၁၉၂၂) သို့ဖုန်းဆက်ပါ၊ မျက်နှာဖုံးတပ်ပြီး ချက်ချင်းဆေးဝါးကုသမှုကို ခံယူပါ။ ရောဂါ သိရှိရန်၊ ရောဂါကို အစီရင်ခံနိုင်ရန် နှင့် ထိရောက်သည့် ကုသမှုကို ရရှိရန် ဆရာဝန်အား ခရီးသွား ရာဇဝင်၊ အလုပ်အကိုင်၊ ထိတွေ့မှု နှင့် ရောက်ခဲ့သည့်နေရာများ (တီအိုစီစီ) များကို အသိပေးပါ။


top