按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

စီအီးစီစီ က နိုင်ငံအားလုံး၏ ခရီးသွား အသိပေးချက်ကို အဆင့် ၃။ ။ သတိပေးခြင်း၊ မဖြစ်မနေသွားခြင်းမျိုးမှလွဲပြီး မသွားရောက်ရန် အကြံပြု အဆင့်အဖြစ် တိုးမြှင့်လိုက်ပါသည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2020/08/05
  • 點閱次數:492

မတ်လ ၂၀ ရက်နေ့တွင် ဗဟို ရောဂါထိန်းချုပ်ရေး စင်တာ (စီအီးစီစီ)က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသည့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင် ဖြစ်နေပြီဟု ကြေငြာခဲ့ပါသည်။ လက်တင်အမေရိက၊ အာဖရိက နှင့် အိုရှန်းနီးယား နိုင်ငံများတွင် ရောဂါအတည်ပြုပြီးသည့် လူ အရေအတွက် ရုတ်တရက် များပြားလာပါသည်။ ခရီးသွားလာသူများသည် ရောဂါကူးစက်ခံရနိုင်ခြေပိုများသဖြင့် စီအီးစီစီက ခရီးသွား အသိပေးချက် အဆင့် ၃။ ။ သတိပေးခြင်းအဆင့်တွင် ရှိနှင့်ပြီးဖြစ်သည့် အာရှ၊ ဥရောပ နှင့် မြောက်အာဖရိက အပြင် အမေရိက၊ ကနေဒါ၊ နယူးဇီလန် နှင့် သြစတြေးလျတို့အပြင် မတ်လ ၂၁ ရက်နေ့ ထိုင်ပေ စံတော်ချိန် ၀၀:၀၀ နာရီ (ဂျီအမ်တီ+၈) မှစတင်ပြီး နိုင်ငံအားလုံး၏ ခရီးသွား အသိပေးချက် ကို အဆင့် ၃။ သတိပေးခြင်း အဆင့်သို့တိုးမြှင့်လိုက်ကြောင်း ကြေငြာခဲ့ပါသည်။ စီအီးစီစီအနေဖြင့် နိုင်ငံသားများသည် မဖြစ်မနေသွားခြင်းမျိုးမှလွဲပြီး နိုင်ငံခြားသို့ သွားရောက်ခြင်းမပြုလုပ်ရန် နှင့် ထိုင်ဝမ်နိုင်ငံသို့ ပြန်ဝင်လာသည့် ခရီးသည်တိုင်းသည် ၁၄ ရက်ကြာ အိမ်တွင်သီးခြားခွဲနေရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။


စီအီးစီစီက လေဆိပ်သို့ရောက်ရှိချိန်တွင် နိုင်ငံသားများသည် ကျန်းမာရေး အခြေအနေ ခံဝန်ကဒ်ပြားကို ဖြည့်စွက်ရမည်ဖြစ်ပြီး ခံစားနေရသော ရောဂါလက္ခဏာများကို သီးခြားခွဲထားရေး အရာရှိထံ အစီရင်ခံရမည်ဖြစ်ကြောင်း ထပ်လောင်းအသိပေးအပ်ပါသည်။ နီုင်ငံတစ်ခုလုံး၏ လုံခြုံမှုကို ရှေးရှု့ပြီး နိုင်ငံတွင်း ခရီးသွားလာသူများသည်လည်း အဆိုပါနည်းလမ်းများကို မဖြစ်မနေ လိုက်နာကြရန် လိုအပ်ပါသည်။


top