按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

ကမ္ဘာအနှံ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်းကို ကာကွယ်ရန် နိုင်ငံခြားသား များကို ထိုင်ဝမ်နိုင်ငံတွင်း ဝင်ရောက်ခြင်းကို တားမြစ်ခြင်း

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:外交部
  • 更新日期:2020/08/05
  • 點閱次數:463

၁။ ဗဟိုရောဂါထိန်းချုပ်ရေး စင်တာ (စီအီးစီစီ) က ကြေငြာထားသည့် နည်းလမ်းများအတိုင်း မတ်လ ၁၉ရက် ၀၀:၀၀ နာရီ (ဂျီအမ်တီ +၈) မှစတင်ပြီး နိုင်ငံခြားသားအားလုံးကို ထိုင်ဝမ်နိုင်ငံထဲ ဝင်ရောက်ခြင်းကို တားမြစ်ပါမည်။


၂။ စီအီးစီစီ ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း အထက်ပါဖော်ပြပါစာရင်းတွင်ပါသော ကင်းလွတ်ခွင့်ရ နိုင်ငံခြားသားများသည် ရောက်ရှိချိန်တွင် ၁၄ ရက်ကြာ အိမ်တွင် သီးခြားခွဲနေရမည် ဖြစ်ပါသည်။ ၎င်းပုဂ္ဂိုလ်များ၏ ထိုင်ဝမ်တွင် ဆိုက်ရောက်မှု၊ သွားလာမှု နှင့် အလုပ်နေရာများကို သက်ဆိုင်ရာ အစိုးရ အေဂျင်စီများက တာဝန်ခံရမည် ဖြစ်ပါသည်။


၁၄ ရက်ကြာ အိမ်တွင် သီးခြားခွဲနေခြင်းနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ နှင့် အသေးစိတ်အချက်အလက်များကို ကျန်းမာရေး နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဒ်တွင် ဝင်ကြည့်ပါ။ https://www.cdc.gov.tw/Category/MPage/V6Xe4EItDW3NdGTgC5PtKA


၃။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုပေါ်မူတည်ပြီး အထက်ဖော်ပြပါ ပြည်ဝင်ခွင့် တားမြစ်မှုများကို ပြောင်းလဲနိုင်ပါသည်။ ပြောင်းလဲမှုများကို စီအီးစီစီ က ကြေညာပါမည်။


အကောင်ဖော်ရေးဆိုင်ရာ အသေးစိတ်အချက်အလက်များ။ ။

၁။ မတ်လ ၁၉ ရက်မှစတင်ပြီး အထက်ဖော်ပြပါ စာရင်းများမှ ကင်းလွတ်ခွင့်ရနိုင်ငံခြားသားများကိုသာ ထိုင်ဝမ်နိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုပါမည်။ (မတ်လ ၁၉ ရက်ထိုင်ဝမ် စံ အချိန် ၀၀:၀၀ (ဂျီအမ်တီ +၈) မတိုင်မီ တတိယ နိုင်ငံတွင် လေယာဉ်ပျံပြောင်းစီးခြင်း အပါအဝင် ထွက်ခွါလာသည့် လေယာဉ်ပျံများ ကို ဝင်ရောက်ခွင့်ပြုပါမည်။)


၂။ ဗီဇာမလိုသော ဝင်ရောက်မှု သို့မဟုတ် ဧည့် သို့မဟုတ် နေထိုင်သူ ဗီဇာကိုင်ဆောင်ထားသော နိုင်ငံခြားသားများသည် မတ်လ ၁၉ ရက်နေ့တွင် ထိုင်ဝမ်နိုင်ငံထဲသို့ ဝင်ရောက်ရန်အတွက် ကင်းလွတ်ခွင့်နှင့်အကျုံးဝင်ကြောင်း အထောက်အထားများကို ပြသနိုင်ရပါမည်။ ၎င်းအထောက်အထားများကို အမျိုးသား လူဝင်မှုကြီးကြပ်ရေး အေဂျင်စီ (အန်အိုင်အေ) ဝန်ထမ်းများအား ဆိုက်ရောက်သည့်နေရာတွင် ပြသရပါမည်။ နိုင်ငံခြားရှိ အာအိုစီ (ထိုင်ဝမ်) မစ်ရှစ်က ထုတ်ပေးထားသော အထူး ပြည်ဝင်ပါမစ်၊ သက်တမ်းရှိသော နိုင်ငံခြားသူ နေထိုင်သူ အထောက်အထား၊ သို့မဟုတ် အမ်အိုအက်ဖ်အေ ကဒ်ပြားများကို ကိုင်ဆောင်ထာသူများအား အန်အိုင်အေ ဝန်ထမ်းများက စစ်ဆေးပြီးနောက် ဝင်ခွင့်ပြုမည် ဖြစ်ပါသည်။


၃။ မိမိတို့၏ အထောက်အထားသည် ကင်းလွတ်ခွင့် အခြေအနေနှင့် ကိုက်ညီခြင်းရှိမရှိ မသေချာသော နိုင်ငံခြားသားများသည် နိုင်ငံခြားရှိ အာအိုစီ (ထိုင်ဝမ်) မစ်ရှင်ထံတွင် အထူးပြည်ဝင်ခွင့်ပါမစ်ကို မထွက်ခွာမီသွားရောက်လျှောက်ထားရပါမည်။


၄။ အထက်တွင် ဖော်ပြထားသည့် ကင်းလွတ်ခွင့်အတွက် အချက်အလက်များအပြင် နိုင်ငံခြားရှိ အာအိုစီ (ထိုင်ဝမ်)မစ်ရှင်သည် ထိုင်ဝမ်နိုင်ငံသို့ ဝင်ရောက်ရန် အရေးတကြီးလိုအပ်ချက်ရှိသူများ ဥပမာ။ ။ ထိုင်ဝမ်အာဏာပိုင်များက ခွင့်ပြုထားသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေး ဝန်ထမ်းများကို အထူးပြည်ဝင်ခွင့် ပါမစ် ထုတ်ပေးနိုင်ပါသည်။


၅။ နိုင်ငံခြားရှိ အာအိုစီ (ထိုင်ဝမ်) မစ်ရှင်တွင် အထူးပြည်ဝင်ခွင့်ပါမစ်လျှောက်ထားခြင်းအပြင် ထိုင်ဝမ်သို့လာရောက်ရန် အထူးခွင့်ပြုချက်လိုသောသူများသည် ဆက်စပ်အထောက်အထားများကို ဝင်ရောက်မည့် စစ်ဆေးဂိတ်ရှိ အန်အိုင်အေ ဝန်ထမ်းများထံ အထောက်အထားများတင်ပြပါက ယင်းဝန်ထမ်းများက ဝင်ခွင့်ပြုမပြု ဆုံးဖြတ်ပေးပါလိမ့်မည်။


၆။ အထက်တွင်ဖော်ပြထားသော ပြည်ဝင်ခွင့် စည်းမျဉ်းစည်းကမ်းများနှင့် မရှင်းမလင်းဖြစ်နေပါက နိုင်ငံခြား ဝန်ကြီးဌာန နှင့် အမျိုးသား လူဝင်မှုကြီးကြပ်ရေး အေဂျင်စီ တို့ဖြင့် ပူးပေါင်း ကြီးကြပ်ပြီး လုပ်ဆောင်ရပါမည်။


top