按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

စီအီးစီစီက အမေရိက၊ ကနေဒါ၊ သြစတြေးလျ နှင့် နယူးဇီလန်တို့တွင် လေယာဉ်ပျံပြောင်းစီးခြင်းအပါအဝင် ၎င်းနိုင်ငံများ၏ ခရီးသွား အသိပေးချက်ကို အဆင့် ၃။ ။ သတိပေးခြင်း အဖြစ် တိုးမြှင့်လိုက်ပါသည်။ ထိုင်ဝမ်နိုင်ငံသားများသည် ၎င်းနိုင်ငံများသို့ မဖြစ်မနေသွားခြင်းမျိုးမှလွဲပြီး မသွားရောက်ရန် အကြံပြုထားပါသည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2020/08/05
  • 點閱次數:480

မတ်လ ၁၈ ရက်နေ့တွင် ဗဟိုရောဂါထိန်းချုပ်ရေး စင်တာ (စီအီးစီစီ) က အမေရိကနိုင်ငံတွင် တစ်နေ့လျှင် ရောဂါကူးစက်ခံရသူဦးရေ ၁၀၀၀ ကျော်ရှိနေပြီး နိုင်ငံတွင်းတွင်လည်း ပြည်နယ်လေးပြည်နယ်တွင် အတည်ပြုထားသူများ ရှိနေကြောင်း အစီရင်ခံခဲ့ပါသည်။ ယင်းက ကိုဗစ်-၁၉ ၏ ကမ္ဘာအနှံပျံ့နှံ့မှု ပိုမိုဆိုးရွားလာ ကြောင်း ပြသနေပါသည်။ ကနေဒါ နှင့် သြစတြေးလျနိုင်ငံများတွင် တစ်နေ့လျှင် ရောဂါကူးစက်ခံရသူဦးရေ တစ်ရာကျော်ရှိနေပါသည်။ အမေရိက နှင့် သြစတြေးလျ နိုင်ငံများက နိုင်ငံတစ်ဝှမ်းလုံး သို့မဟုတ် အချို့သောဒေသများတွင် အရေးပေါ်အခြေအနေကို ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ထိုင်ဝမ်နိုင်ငံသားများ ကူးစက်လာနိုင်ခြေနှင့် ပတ်သက်ပြီး စီအီးစီစီက အမေရိက၊ ကနေဒါ၊ သြစတြေးလျ နှင့် နယူးဇီလန် (လေယာဉ်ပျံပြောင်းစီးခြင်းအပါအဝင်)တို့၏ ခရီးသွား အသိပေးချက်ကို အဆင့် ၃။ ။ သတိပေးခြင်း သို့ မတ်လ ၁၉ ရက်နေ့တွင် မြှင့်ခဲ့ပါသည်။ ထို့အပြင် ဝါရှင်တန်၊ နယူးရောက် နှင့် ကယ်လီဖိုးနီးယား ပြည်နယ်များ၏ ခရီးသွား အသိပေးချက်ကိုလည်း အဆင့် ၃။ ။ သတိပေးခြင်းအဖြစ် မြှင့်ခဲ့ပါသည်။ အဆင့် ၃ ခရီးသွား အသိပေးချက် စာရင်းတွင်ပါသော နိုင်ငံများ နှင့် ဒေသများတွင်ပါသည့် နိုင်ငံများမှ ပြည်တွင်းပြန် ဝင်လာမည့် ခရီးသည်များသည် ထိုင်ဝမ်နိုင်ငံထဲသို့ ဝင်ရောက်ပြီးနောက် ၁၄ ရက်ကြာ အိမ်တွင် သီးခြားခွဲနေရန် လိုအပ်ပါသည်။


ယနေ့တွင် စီအီးစီစီသည် တရုတ်ပြည်မ (ဟောင်ကောင် နှင့် မကာအိုအပါအဝင်)၊ အာရှနိုင်ငံ ၂၀ နိုင်ငံ၊ အာရှအလယ်နိုင်ငံ ၉ နိုင်ငံ၊ ရှန်းဂန်း နိုင်ငံ ၂၆ နိုင်ငံ၊ ယူနိုက်တစ် ကင်းဒမ်း၊ အိုင်ယာလန် သမ္မတနိုင်ငံ၊ အရှေ့ဥရောပ ၁၄ နိုင်ငံ၊ အရှေ့အလယ်ပိုင် ၁၆ နိုင်ငံ နှင့် ဒေသ တစ်ဒေသ၊ မြောက် အာဖရိက ၅ နိုင်ငံ၊ အမေရိက၊ ကနေဒါ၊ နယူးဇီလန် နှင့် သြစတြေးလျအပါအဝင် ၉၇ နိုင်ငံ နှင့် ဒေတစ်ခု၏ ခရီးသွား အသိပေးချက်ကို အဆင့် ၃။ ။ သတိပေးခြင်း အဖြစ်သို့ မြှင့်ထားပါသည်။ (နောင်တွင်လည်း အကျိုးသက်ရောက်မည့် နေရာများလည်း ပါဝင်ပါသည်)

top