按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

စီအီးစီစီ က အာရှ၊ အရှေ့ဥရောပမှ နိုင်ငံ ၂၀ နိုင်ငံ နှင့် အမေရိက ပြည်နယ် သုံးပြည်နယ်၏ ခရီးသွား အသိပေးချက်ကို အဆင့် ၃ ။ ။ သတိပေးခြင်းသို့ တိုးမြှင့်လိုက်သည်။ မဖြစ်မနေသွားရမည့် ခရီးများမှလွဲပြီး ခရီးမသွားရန် အကြံပြုအပ်ပါသည်

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2020/11/25
  • 點閱次數:433

မတ်လ ၁၇ ရက်တွင် ဗဟိုရောဂါထိန်းချုပ်ရေး စင်တာ (စီအီးစီစီ)က ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံပြင်ပ အာရှနိုင်ငံများတွင် ဖြစ်ပွားနေပြီး အတည်ပြုပြီးသည့် အမှု ၁၀ ၀၀၀ ကျော်ရှိကာ အရေအတွက် ဆက်လက်တိုးတက်နေကြောင်း အစီရင်ခံခဲ့ပါသည်။ နိုင်ငံအများအပြားက ရောဂါဖြစ်ပွားမှုအပေါ် အမျိုးသား အရေးပေါ်အခြေအနေအဖြစ်ကြေငြာခဲ့ကြပြီး တင်းကြပ်သော နယ်နိမိတ် ထိန်းချုပ်မှုများ နှင့် သီးခြားခွဲထားခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။ လတ်တလောတွင် အမေရိက နိုင်ငံတွင်လည်း ၎င်းရောဂါ ဖြစ်ပွားမှုမှာ မြင့်တက်လျှက်ရှိပါသည်။ ကူးစက်နိုင်ခြေများခြင်းကို ထည့်သွင်းစဉ်းစားပြီး စီအီးစီစီက မတ်လ ၁၉ ရက်နေ့မှစတင်ပြီး အာရှနိုင်ငံ ၁၉ နိုင်ငံ၊ အရှေ့ ဥရောပ မှ တစ်နိုင်ငံ နှင့် အမေရိက ပြည်နယ် သုံးပြည်နယ်၏ ခရီးသွား အသိပေးချက်ကို အဆင့် ၃။ ။ သတိပေးခြင်းအဆင့်သို့ တိုးမြှင့်လိုက်ပါသည်။ ဤတိုးမြှင့်မှုမှာ အဆင့် ၃ သတိပေးခြင်းအဆင့်တွင် ရှိနှင့်ပြီးဖြစ်ကာ မဖြစ်မနေသွားရမည့် ခရီးမှလွဲပြီး မသွာားရန် အကြံပြုထားသည့် တရုတ် (ဟောင်ကောင် နှင့် မကာအိုအပါအဝင်)၊ တောင်ကိုရီးယား၊ နှင့် အာရှအလယ်ပိုင်းနိုင်ငံများပါဝင်သော နိုင်ငံများစာရင်းတွင် ထမ်မံဖြည့်စွက်လိုက်ခြင်း ဖြစ်ပါသည်။

အာရှ။ ။ ဂျပန်၊ စင်ကာပူ၊ မြောက်ကိုရီးယား၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ တီမော-လက်တီ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ သိရိလင်္ကာ၊ အိန္ဒိယ နှင့် မော်ဒိုက်။

(စုစုပေါင်း ၁၉ နိုင်ငံ)

အရှေ့ဥရောပ။ ။ မိုဒိုဗာ

အမေရိက ပြည်နယ်များ။ ။ ကယ်လီဖိုးနီးယား၊ နယူးရောက် နှင့် ဝါရှင်တန် (စုစုပေါင်း ၃ ပြည်နယ်)

စီအီးစီစီက အထက်စာရင်းပါ နိုင်ငံများ နှင့် ဒေသများထံ အရေးမကြီးသည့် ခရီးများကို ရှောင်ရှားကြရန် အကြံပေးအပ်ပါသည်။

အထက်တွင် အမေရိက နိုင်ငံ သုံးပြည်နယ်ကိုသာ သတိပေးခြင်းအဆင့်တွင် ထားရှိသော်လည်း စီအီးစီစီက အခြား အမေရိကပြည်နယ်အားလုံး၏ ခရီးသွား အသိပေးခြင်းကို အဆင့် ၂။ ။ သတိထားရန်သို့ တိုးမြှင့်ထားပြီး ဖြစ်ပါသည်။ စီအီးစီစီအနေဖြင့် အသိသတိကြီးစွာ သွားလာကြရန် အကြံပေးအပ်ပါသည်။


top