按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

စီအီးစီစီ က ဥရောပအရှေ့ပိုင်း၊ အရှေ့အလယ်ပိုင်း၊ အာရှ အလယ်ပိုင်း နှင့် မြောက်အာဖရိက နိုင်ငံပေါင်း ၄၂ နိုင်ငံ နှင့် ဒေသရှိ နေရာတစ်နေရာတို့၏ ခရီးသွား အသိပေးချက်ကို သတိပေးခြင်း အဆင့် ၃ သို့ မြှင့်တင်ခဲ့ပြီး ဖြစ်ပါသည်။ စီအီးစီစီ အနေဖြင့် မဖြစ်မနေမဟုတ်သော ခရီးသွားလာမှုများကို မသွားလာရန် အကြံပေးအပ်ပါသည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2020/08/05
  • 點閱次數:446

မတ်လ ၁၆ ရက်နေ့တွင် ဗဟိုရောဂါထိန်းချုပ်ရေးစင်တာ (စီအီးစီစီ)က ကိုဗစ်-၁၉ ဖြစ်ပွားမှုသည် ဥရောပ နှင့် အရှေ့အလယ်ပိုင်း ဒေသများကို ကူးစက်သွားပြီ ဖြစ်ကြောင်း အစီရင်ခံခဲ့ပါသည်။ မတ်လ ၁၇ ရက် မှစတင်ပြီး စီအီးစီစီက အဆင့် ၃။ ။ သတိပေးခြင်းအဆင့်တွင် ရှိနှင့်ပြီးဖြစ်သော ချက်ရီပတ်ပလစ်၊ အီစတွန်နီးယား၊ ဟန်ဂေရီ၊ အီရန်၊ လက်ဗီးယား၊ လီသူနီးယား၊ ပိုလန်၊ စလိုဗက်ကီးယား နှင့် စလိုဗန်နီးယား တို့အပြင် ဥရောပအရှေ့ပိုင်းမှ နိုင်ငံ ၁၃ နိုင်ငံ၊ အရှေ့အလယ်ပိုင်းမှ ၁၅ နိုင်ငံ နှင့် ဒေသတစ်ခု၊ မြောက်အာဖရိက မှ ငါးနိုင်ငံ နှင့် အာရှအလယ်ပိုင်းမှ ကိုးနိုင်ငံတို့၏ ခရီးသွား အသိပေးချက်ကို အဆင့် ၃ သတိပေးခြင်းအဆင့်အဖြစ် ထပ်မံကြေငြာခဲ့ပါသည်။ 


နောက်ဆုံးကြေငြာချက်တွင် ပါဝင်သော နိုင်ငံများ နှင့် ဒေသများမှာ အာဖကန်နစ်စတန်၊ အယ်လ်ဘေးနီးယား၊ အဲလ်ဂျီးနီးယား၊ အာမေးနီးယား၊ အက်ဇာဘိုင်ဂျန်၊ ဘာရိန်း၊ ဘဲလာရက်၊ ဘွန်နီးယား နှင့် ဟာဇက်ဂိုဗီနာ၊ ဘူဂေးရီးယား၊ ခရိုအေးရှား၊ ဆိုက်ပရက်၊ အီဂျစ်၊ ဂျော်ဂျီရာ၊ အီရတ်၊ ဂျော်ဒန်၊ ကာဇစ်စတန်၊ ကိုဆိုဗို၊ ကူဝိတ်၊ ကာဂျစ်စတန်၊ လက်ဘနွန်၊ လစ်ဗျား၊ မွန်ဂိုးလီးယား၊ မွန်နက်တီဂို၊ မော်ရိုကို၊ နော့မက်ဆီဒိုးနား၊ အိုမန်၊ ပါကစ်စတန်၊ ပါလစတိုင်း၊ ကာတာ၊ ရိုမန်းနီးယား၊ ရုရှား၊ ဆော်ဒီအာရေးဗီးယား၊ ဆားဗီးယား၊ ဆီးရီးယား၊ တာဂျစ်စတန်၊ တူနီးရှား၊ တူရကီ၊ တာမက်နီစတန်၊ ယူကရိန်း၊ ယူနိုက်တစ် အာရပ် အဲမရိတ်၊ အူဘတ်ကစ်စတန် နှင့် ရေမန် တို့ဖြစ်ပါသည်။ ၄င်းနိုင်ငံများမှလာသော ခရီးသည်များသည် ၁၄ ရက်ကြာ အိမ်တွင် သီးခြားခွဲထားခြင်း ခံရမည် ဖြစ်ပါသည်။


စီအီးစီစီက အရှေ့ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာရှအလယ်ပိုင်း၊ မြောက်အာဖရိက နှင့် ရှန်းဂန်းဒေသရှိ နိုင်ငံများ နှင့် နီးကပ်စွာ ဆက်သွယ်မှုရှိသောနေရာရှိ နိုင်ငံများတွင် ရောဂါဖြစ်ပွားမှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဖော်ပြထားပါသည်။ ယင်းနိုင်ငံများသည် အာဖရိက၊ ဥရောပ နှင့် အာရှိတိုက်တို့၏ အစပ်နားတွင် ရှိသဖြင့် အာရှိ၏ သယ်ယူပို့ဆောင်ရေး ဆုံမှတ်တွင်ရှိနေပါသည်။ တင်းကြပ်သော နယ်နိမိတ် ပိတ်ဆို့ခြင်း နှင့် သီးခြားခွဲထားခြင်းများရှိနေသော်လည်း အခြားနိုင်ငံများသို့ ရောဂါကူးစက်ခံရသူများ ရောက်ရှိနေလျက်ရှိပါသည်။ ထိုင်ဝမ်နိုင်ငံတွင်လည်း နိုင်ငံခြားမှ ကူးစက်ခံရသူများ ရောက်ရှိနေလျက်ရှိပါသည်။ စီအီးစီစီသည် ကမ္ဘာတစ်ဝှမ်းရောဂါ ဖြစ်ပွားမှုများကို စောင့်ကြည့်သွားမည်ဖြစ်ပြီး ခရီးသွားမှုကို အခြေအနေအရ တိုက်တွန်းအကြံပြုသွားမည် ဖြစ်ပါသည်။


top