按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

မတ်လ ၁၄ ရက်၊ ညနေ ၂ နာရီမှစတင်ပြီး ဥရောပ ၂၇ နိုင်ငံ သို့မဟုတ် ဒူဘိုင်း မှလာသော ခရီးသည်များသည် ဆိုက်ရောက်ချိန်တွင် ၁၄-ရက်ကြာ အိမ်တွင်း သီးခြားခွဲ နေထိုင်ရန် လိုအပ်ပါသည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:衛生福利部疾病管制署
  • 更新日期:2020/08/05
  • 點閱次數:387

ရှန်းဂန်း နယ်မြေတွင် နိုင်ငံသားများသည် လွတ်လပ်စွာ သွားလာနေထိုင်နေကြသည့် အချက်ကို စဉ်းစားပြီး ဗဟို ရောဂါထိန်းချုပ်ရေး စင်တာ (စီအီးစီစီ)က မတ်လ ၁၄ ရက်နေ့တွင် ရှန်းဂန်း နယ်မြေတွင်းရှိ ဥရောပနိုင်ငံများ၏ ခရီးသွား အသိပေးချက်ကို အဆင့် ၃။ ။သတိပေးခြင်း သို့ မတ်လ ၁ရ ရက်တွင် သတ်မှတ်မည်ဖြစ်ပါသည်။ (ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ ပေါ်တူဂီ၊ သြစတြီးယား၊ နယ်သာလန်၊ ဘယ်လ်ဂျီယမ်၊ လူဇင်းဘတ်၊ ဒိန်းမိတ်၊ ဖင်လန်၊ ဆွီဒင်၊ ဆလိုဗက်ကီးယား၊ ဆိုဗီးနီးယား၊ ပိုလန်၊ ချက်ရီပတ်ဘလစ်၊ ဟန်ဂေရီ၊ ဂရိ၊ မယ်လ်တာ၊ အီစတိုးနီးယား၊ လက်ဗီးယား၊ လစ်သူနီးယား၊ အိုက်စလန်၊ နော်ဝေး၊ ဆွစ်ဇာလန် နှင့် လစ်ချ်တန်စတိန်း) တို့အပြင် အဆင့် ၃ တွင် ရှိနေပြီဖြစ်သည့် အီတလီတို့လည်း ပါ၀င်ပါသည်။ နယ်မြေအတွင်းတွင် လွတ်လပ်စွာသွားနိုင်သော ယူကေ နှင့် အိုင်ယာလန်တို့သည်လည်း အဆင့် ၃ တွင် ရှိနေပြီး ဖြစ်ပါသည်။ ဒူဘိုင်း (လေယာဉ်ပျံပြောင်းစီးခြင်း)အပါအဝင် လည်း စာရင်းထဲတွင် ပါ၀င်ပြီး ဖြစ်ပါသည်။ ၄င်းနိုင်ငံများသို့ မသွားမဖြစ်မှလွဲပြီး ခရီးသွားခြင်းမျိုး မပြုလုပ်ကြရန် နိုင်ငံသားများကို တိုက်တွန်းအပ်ပါသည်။ မတ်လ ၁၄ ရက် ညနေ ၂ နာရီမှစတင်ပြီး နိုင်ငံတွင်းရှိနေပြီးဖြစ်သူများသည် မိမိကျန်းမာရေးကို ပိုမိုဂရုစိုက်ကြရန် လိုအပ်ပြီး နိုင်ငံတွင်း မရောက်သေးသူများသည် ၁၄ ရက်ကြာ အိမ်တွင်း သီးခြားခွဲနေရန် လိုအပ်ပါသည်။ မတ်လ ၁၇ ရက်မှစတင်ပြီး နိုင်ငံခြားသားများသည် အိမ်တွင် သီးခြားခွဲနေရန်လိုအပ်ပြီး နေထိုင်စရာနေရာမရှိပါက အုပ်စုလိုက် ခွဲခြားနေထိုင်သည့်နေရာတွင် အခပေး၍ နေထိုင်နိုင်ပါသည်။ 


ဥရောပနိုင်ငံများတွင် အတည်ပြုပြီးသော လူနာဦးရေပမာဏ ၃၀ ၀၀၀ ကျော်လာသဖြင့် စီအီးစီစီအနေဖြင့် ထိုင်ဝမ်တွင် နိုင်ငံခြားမှ ကူးစက်လာသည့် လူများရှိနေသည်ဟု ပြောကြားထားပါသည်။ ဥရောပ နှင့် ယူကေတို့တွင် ကူးစက်ခံရသည့်ဘေးမှာ အီးစီဒီစီ၏ အဆိုအရ အလယ်အလတ်မှ အများအပြားရှိနေပြီး ကျန်းမာရေး စောင့်ရှောက်မှုစနစ်အပေါ် အလုပ်အများအပြားရှိစေမည့် ဘေးမှာလည်း အလွန်များနေပါသည်။ ရောဂါဖြစ်ပွားမှုသည် အသိုင်းအဝိုင်းအတွင်းတွင် ပျံ့နှံ့သည့်အဆင့်သို့ ပြောင်းရန် အခြေအနေများနေပါသည်။

 

အမေရိက နိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု ပိုမိုပြင်းထန်လာပြီး ၀ါရှင်တန် ဒီ.စီ နှင့် အခြား ၄၆ ပြည်နယ်တို့တွင် အတည်ပြုပြီးသော လူနာများ တွေ့ရှိပြီးဖြစ်ကာ ပြည်နယ် ၂၀ တွင် အရေးပေါ်အခြေအနေ ကြေငြာထားရပါသည်။ ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်တားဆီးရေး စင်တာ (စီဒီစီ)၏ အဆိုအရ ကိုဗစ်-၁၉သည် ၀ါရှင်တန်၊ နယူးရောက် နှင့် ကယ်လီဖိုးနီးယားပြည်နယ်ရှိ လူများကြားတွင် ပျံ့နှံ့နှင့်ပြီးဖြစ်ပါသည်။ ရောဂါပြန့်ပွားမှုများသော နယ်မြျေားတွင် သီးခြားခွဲထားမှုများကိုလည်း ပြုလုပ်နေပြီ ဖြစ်ပါသည်။ ဖြစ်ပေါ်နေသော အခြေအနေများအရ စီအီးစီစီသည် အထက်ပါ ပြည်နယ် သုံးခု၏ ခရီးသွား အသိပေးချက်ကို အဆင့်၂။ ။ သတိထားရန် သို့ မြှင့်တင်ထားပါသည်။ ၄င်းဒေသများသို့ သွားရောက်ကြမည် ခရီးသွားများအနေဖြင့် အထူးသတိပြုကြပါ။ အမေရိက အခြားပြည်နယ်များကို အဆင့်၁။ ။ စောင့်ကြည့်ရန် ထားရှိပြီး ခရီးသွားများအနေဖြင့် သာမန်သတိပြုကြရန် ဖြစ်ပါသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (ဒဗျူလူအိတ်ချ်အို)က ကိုဗစ်-၁၉ သည် နိုင်ငံပေါင်း ၁၁၀ ကျော်တွင် ကူးစက်ခံရကြောင်း အတည်ပြုသော လူနာများရှိပြီး နိုင်ငံပေါင်း ရ၀ ကျော်တွင် အသိုင်းအဝိုင်းအတွင်း ကူးစက်ကြောင်း အစီရင်ခံထားသဖြင့် ကမ္ဘာ့လုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကြေငြာခဲ့ပြီးဖြစ်ပါသည်။ နိုင်ငံအများအပြားက နယ်နိမိတ် နှင့် ခရီးသွားလာရေးထိန်းချုပ်မှု မူဝါဒများကို ချမှတ်ခဲ့ပြီးဖြစ်ပါသည်။ ရောဂါကူးစက်မှုသည် တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပြီး နိုင်ငံများကြား နီးကပ်သော သွားလာရေးကို ထည့်သွင်းစဉ်းစားပြီး စီအီးစီစီက အထက်ပါစာရင်းထဲတွင် မပါသည့် နိုင်ငံများအားလုံးကို ခရီးသွား အသိပေးချက်ကို အဆင့်၁။ ။ စောင့်ကြည့်ရန် သို့ မြှင့်တင်ထားပါသည်။အဆင့် ၁ နှင့် အဆင့် ၂ အုပ်စုများတွင်ပါသည့် နိုင်ငံများသို့ လွန်ခဲ့သည့် ၁၄ ရက်က သွားရောက်ဖူးပါက ၁၄ ရက်ကြာ မိမိကျန်းမာရေး မိမိစောင့်ရှောက်ရပါသည်။ ခရီးသွား အသိပေးချက်များသည် ကမ္ဘာအနှံ့နိုင်ငံများအတွက် ပိုမိုမြှင့်တက်လာသဖြင့် အစိုးရကလည်း ထိုင်ဝမ်နိုင်ငံသားများ၏ လုံခြုံရေးကို ကာကွယ်ရန်အတွက် နယ်နိမိတ် ထိန်းချုပ်ရေး နှင့် ဆန်းစစ်မှုများကို ပြုလုပ်ပါမည်။


top