按 Enter 到主內容區
:::

回培力新住民資訊網首頁

ဥပဒေများနှင့် ပြဌာန်းချက်များ
:::

မတ်လ ၂၁၊ ၂၀၂၀ ခုနှစ် (အပါအဝင်) မတိုင်မီတွင် ဗီဇာ ကင်းလွတ် အစီအစဉ်၊ ဆိုက်ရောက် ဗီဇာ သို့မဟုတ် နေထိုင် ဗီဇာဖြင့် ကျွန်ုပ်တို့၏ နိုင်ငံထဲသို့ ဝင်ရောက်ခဲ့ကြသူများ နှင့် နေထိုင်ခွင့်သက်တမ်းမလွန်သေးသော မည်သည့်နိ်ုင်ငံခြားသားမဆို ထိုင်ဝမ်နိုင်ငံတွင် ၎င်းတို့နေထိုင်ခွင့် ကုန်ဆုံးသည့်ရက်အား လျှောက်ထားရန် မလိုအပ်ဘဲ အလိုအလျောက် ငါးကြိမ်မြောက် ရက် ၃၀ ထပ်တိုးပေးလိုက်ပါသည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:臺灣
  • 發布日期:
  • 單位:外交部
  • 更新日期:2020/08/03
  • 點閱次數:611

နိုင်ငံခြားဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျွန်ုပ်တို့၏ နိုင်ငံတွင် ပိတ်မိနေသည့် နိုင်ငံခြားသားများသည် ထိုင်ဝမ်နိုင်ငံတွင် ၎င်းတို့၏ တရားဝင်နေထိုင်ခွင့်ကို ရက် ၃၀ ထပ်တိုးပေးကြောင်းကို ၂၀၂၀ ခုနှစ် မတ်လ ၂၁ ရက်၊ ဧပြီလ ၁၇ ရက်၊ မေလ ၁၈ ရက် နှင့် ဇွန်လ ၁၅ ရက်တို့တွင် အသီးသီး စုစုပေါင်း ၄ ကြိမ်ခန့် ကြေငြာပေးခဲ့ပြီး ဖြစ်ပါသည်။ 


ကမ္ဘာပေါ်ရှိ နိုင်ငံများအနေဖြင့် ၎င်းတို့၏ နယ်နိမိတ် ထိန်းချုပ်မှုများကို တဖြေးဖြေး ပြန်ချိန်ညှိပေးလာနေသော်လည်း အပြည်ပြည်ဆိုင်ရာ လေကြောင်းများအနေဖြင့် ပုံမှန်အခြေအနေသို့ ပြန်လည် မဖြစ်သေးပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၁ ရက်၊ ၂၀၂၀ မတိုင်မီ ဗီဇာ ကင်းလွတ် အစီအစဉ်၊ ဆိုက်ရောက် ဗီဇာ သို့မဟုတ် နေထိုင် ဗီဇာဖြင့် ကျွန်ုပ်တို့၏ နိုင်ငံထဲသို့ ဝင်ရောက်ခဲ့ကြသူများ နှင့် နေထိုင်ခွင့်သက်တမ်းမလွန်သေးသော မည်သည့်နိ်ုင်ငံခြားသားမဆို ထိုင်ဝမ်နိုင်ငံတွင် ၎င်းတို့နေထိုင်ခွင့် ကုန်ဆုံးသည့်ရက်အား လျှောက်ထားရန် မလိုအပ်ဘဲ အလိုအလျောက် ငါးကြိမ်မြောက် ရက် ၃၀ ထပ်တိုးပေးရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့သော်လည်း ထိုင်ဝမ် တွင် စုစုပေါင်းနေထိုင်သည့် ကာလသည် ရက် ၁၈၀ ထက် မကျော်လွန်ရပါ။ (နိုင်ငံတွင်း ဝင်ပြီးနောက်တစ်နေ့ကိုု ပထမအနေဖြင့် သတ်မှတ်ပါသည်။) ထို့အပြင် ကျွန်ုပ်တို့နိုင်ငံတွင် နိုင်ငံခြားသားများ နိုင်ငံတွင်း အများဆုံးနေနိုင်သည့် ကာလသည် ၁၈၀ ရက် ထက်မကျော်ရဟုသတ်မှတ်ထားသလို ကမ္ဘာ့နိုင်ငံမှ အစိုးရအများစုကလည်း ၎င်းတို့၏ နိုင်ငံသားများကို နိုင်ငံသို့မပြန်လာရန် မကန့်သတ်ထားတော့သဖြင့် ယခုအကြိမ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံခြားသားများအား နောက်ဆုံးအကြိမ် သက်တမ်းတိုးပေးခြင်းဖြစ်ပြီး ဤကိစ္စနှင့်သက်ဆိုင်သည့် နိုင်ငံခြားသားများအနေဖြင့် ခရီးသွားလာရန်ကို စီစဉ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားကြပါ။


top