按 Enter 到主內容區
:::

回培力新住民資訊網首頁

အမေးအဖွေ
:::

အလုပ္လက္မဲ့အကူအညီ

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:Ministry of Labor
  • 更新日期:2020/08/17
  • 點閱次數:211

အလုပ်သမားများ အလုပ်လက်မဲ့ပြဿနာကြုံတွေ့သောအခါ အစိုးရမှအကူအညီလေးမျိုးပံ့ပိုးပေးထားသည်။
ပထမဆုံးအချက်မှာ အလုပ်သမားအလုပ်လက်မဲ့သောအခါ ဒေသအသီးသီးရှိ အစိုးရပိုင်အလုပ်အကိုင်ဝန်ဆောင်မှုကိုယ်စားလှယ်ရုံးသို့သွားရောက်ကာအကူအညီတောင်းဆိုပြီး အလုပ်အကိုင်ဆွေးနွေးအကြံပေးဝန်ဆောင်မှု သို့မဟုတ် အသက်မွေးဝမ်းကျောင်းသင်တန်းတက်ရောက်ရန် စီစဉ်ပေးခြင်းကို ခံယူနိုင်သည်။ ထို့အပြင် အလုပ်ရှာမရ၍ဝင်ငွေမရှိသောကာလအတွင်း ပြဋ္ဌာန်းချက်အရ အလုပ်အကိုင်အာမခံအလုပ်လက်မဲ့အကျိုးခံစားခွင့်တောင်းယူနိုင်သည်။ ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းသင်တန်းတက်ရောက်နေသောကာလအတွင်း အသက်မွေးဝမ်းကျောင်းသင်တန်းနေထိုင်မှုထောက်ပံ့စရိတ်ခံယူနိုင်သည်။ နောက်ပြီးတော့ အလုပ်အကိုင်အာမခံအလုပ်လက်မဲ့အကျိုးခံစားခွင့် သို့မဟုတ် အသက်မွေးဝမ်းကျောင်းသင်တန်းနေထိုင်မှုထောက်ပံ့စရိတ် တောင်းယူနေသောကာလအတွင်း လုပ်သားကိုယ်တိုင်နှင့် ကျန်းမာရေးအာမခံအတူတူပါ၀င်ထားသော အိမ်သူအိမ်သားများလည်း ကျန်းမာရေးအာမခံထောက်ပံ့ကြေးအားလုံးကိုခံယူနိုင်သည်။ ဒါ့အပြင် အလုပ်လက်မဲ့လုပ်သားမှာ ကျောင်းတက်နေသောသားသမီးရှိလျှင် ပညာသင်ထောက်ပံ့ကြေးလျှောက်တင်နိုင်သည်။

top