按 Enter 到主內容區
:::

回培力新住民資訊網首頁

အမေးအဖွေ
:::

အလုပ်ခွင်ထိခိုက်ဒဏ်ရာနှင့်လျော်ကြေး

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:Ministry of Labor
  • 更新日期:2020/08/17
  • 點閱次數:271

အလုပ်ခွင်မှာထိခိုက်ဒဏ်ရာရသောအလုပ်သမား၏အခွင့်အရေးကိုကာကွယ်စောင့်ရှောက်ရန်အတွက် အလုပ်သမားရေးရာအခြေခံဥပဒေနှင့် အလုပ်သမားအာမခံစည်းမျဉ်းစည်းကမ်းမှ အလုပ်ခွင်ထိခိုက်မှုလျော်ကြေးနှင့်အာမခံအကျိုးခံစားခွင့်ရှိသည့်အပြင် အလုပ်ခွင်မှာထိခိုက်ဒဏ်ရာရသောအလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေမှာလည်း အလုပ်ခွင်မှာထိခိုက်ဒဏ်ရာရသောအလုပ်သမားအတွက် နေထိုင်မှုထောက်ပံ့စရိတ်၊ ပစ္စည်းကိရိယာထောက်ပံ့ခြင်း၊ သူနာပြုထောက်ပံ့စရိတ်စသည့် မသန်စွမ်းခြင်းသို့မဟုတ်သေဆုံးခြင်းထောက်ပံ့စရိတ်ကို ပံ့ပိုးပေးထားသည်။ ဒါ့အပြင် အလုပ်သမားဝန်ကြီးဌာနမှ အလုပ်ခွင်မှာထိခိုက်ဒဏ်ရာရသောအလုပ်သမားအားအကူအညီပေးရန်နှင့် အလုပ်သမားမိသားစု အကျပ်အတည်းအခြေအနေမှကျော်ဖြတ်ထောက်ပံ့ပေးရန် လုပ်သားများလုပ်ငန်းခွင်သို့စောစောပြန်လည်ရောက်ရှိနိုင်ရန်အတွက် အလုပ်ခွင်မှာထိခိုက်ဒဏ်ရာရသောအလုပ်သမားတစ်ဦးချင်း ဖြစ်ရပ်ကိုယ်ယယ်ဝန်ဆောင်မှုစီမံကိန်း တိုက်တွန်းလုပ်ဆောင်ထားသည်။
ယခု သက်ဆိုင်ရာ အလုပ်ခွင်မှာထိခိုက်ဒဏ်ရာရသောအလုပ်သမား ၏အခွင့်အရေးကိုကာကွယ်စောင့်ရှောက်ရန်နှင့် ထောက်ပံ့(ကူညီ)ပေးစီမံကိန်းကို မတူသောစည်းမျဉ်စည်းကမ်းအသီးသီးမှာသတ်မှတ်ချက်ချထားသည်။ အလုပ်သမားများ အလုပ်ခွင်မှာမတော်တဆထိခိုက်ဒဏ်ရာရသောအခါ အလုပ်ခွင်မှာထိခိုက်ဒဏ်ရာရသောအလုပ်သမားနှင့် ၎င်း၏မိသားစုအား အလုပ်ခွင်မှာထိခိုက်ဒဏ်ရာရသောအလုပ်သမားရရှိနိုင်သည့်လျော်ကြေး၊ အာမခံအကျိုးခံစားခွင့်၊ ထောက်ပံ့ကြေး သို့မဟုတ် အကူအညီပေးအစီအစဉ်စသည့်အခွင့်အရေးနှင့်အကျိုးစီးပွားများနှင့် အလုပ်ရှင်ထမ်းဆောင်သင့်သော အလုပ်ခွင်မှာထိခိုက်ဒဏ်ရာဆိုင်ရာလျော်ကြေးတာဝန်ကိုသိရှိနားလည်အကူအညီပေးရန်အတွက် အကျိုးထိရောက်သောသတင်းပထမဦးစွာရရှိရန် အလုပ်သမားဝန်ကြီးဌာနမှ တဂိတ်တည်းပုံစံရှင်းလင်းပြောဆိုကဏ္ဍကိုတည်ထောင်ထားသည်။

top