按 Enter 到主內容區
:::

回培力新住民資訊網首頁

အမေးအဖွေ
:::

ပြည်ဝင်ပြည်ထွက်ရောဂါပိုးစစ်ဆေးရေး သတိပြုရန်အချက်အလက်များ

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:Council of Agriculture, Executive Yuan, R.O.C.
  • 更新日期:2020/08/17
  • 點閱次數:236

ပြည်ဝင်ပြည်ထွက်ရောဂါပိုးစစ်ဆေးရေး သတိပြုရန်အချက်အလက်များ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ပြည်ဝင်ခရီးသည်များ တိရစ္ဆာန်နှင့် အသီးအနှံများ သို့မဟုတ် သက်ဆိုင်ရာထုတ်ကုန်များသယ်ဆောင်လာပါက ဘဏ္ဍရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနထံ အရင်အကြောင်းကြားမှုမရှိလျှင် သို့မဟုတ် ဤရုံးသို့ရောဂါပိုးစစ်ဆေးရန်မလျှောက်တင်ထားပဲဖမ်းမိခဲ့လျှင် ထိုင်ဝမ်ငွေ ၃၀၀၀ ယွမ်ဒဏ်ချခံရမည့်အပြင် ပြစ်ဒဏ်ကြီးမားသူကို တရားဥပဒေအရစီရင်ဆုံးဖြတ်မည်။ နိုင်ငံခြားသို့သွားရောက်လည်ပတ်သောပြည်သူများ တိရစ္ဆာန်နှင့် အသီးအနှံများ သို့မဟုတ် သက်ဆိုင်ရာထုတ်ကုန်များကို ပြည်တွင်းသို့စိတ်တိုင်းကျသယ်ဆောင်လာခြင်းမပြုလုပ်ရန်တောင်းပန်အပ်ပါသည်။ အကယ်၍ မရှိမဖြစ်သယ်ဆောင်လိုပါက ပြည်ပသို့မထွက်ခွာခင် အထွေထွေအုပ်ချုပ်ရေးဝန်ကြီးဌာန လယ်ယာစိုက်ပျိုးရေးကော်မတီ တိရစ္ဆာန်နှင့် အသီးအနှံများ ရောဂါပိုးစစ်ဆေးရေးရုံးထံ သက်ဆိုင်ရာစစ်ဆေးမှုစည်းမျဉ်းများကို အရင်စုံစမ်းမေးမြန်းပြီး ပြည်ဝင်ချိန်၌ အပြစ်ဒဏ်မခံရအောင် အကောက်ခွန်သို့မဟုတ်ဤရုံးသို့ ရောဂါပိုးစစ်ဆေးရန်ရိုးသားစွာလျှောက်တင်ပါ။

အကျဉ်းချုပ်

ပြည်ဝင်ခရီးသည်သယ်ဆောင်လာသည့်တိရစ္ဆာန်နှင့်သက်ဆိုင်ရာထုတ်ကုန်ပစ္စည်းများရောဂါပိုးစစ်ဆေးရန် 

ပြည်ဝင်ခရီးသည်သယ်ဆောင်လာသည့်အသီးအနှံနှင့်သက်ဆိုင်ရာထုတ်ကုန်ပစ္စည်းများရောဂါပိုးစစ်ဆေးရန်

ပြည်ထွက်ခရီးသည်သယ်ဆောင်သွားမည့်တိရစ္ဆာန်နှင့်သက်ဆိုင်ရာထုတ်ကုန်ပစ္စည်းများရောဂါပိုးစစ်ဆေးရန်

ပြည်ထွက်ခရီးသည်သယ်ဆောင်သွားမည့်အသီးအနှံနှှင့်သက်ဆိုင်ရာထုတ်ကုန်ပစ္စည်းများရောဂါပိုးစစ်ဆေးရန်

သက်ဆိုင်ရာတရားဥပဒေနှင့်ပြစ်ဒဏ်များ

top