按 Enter 到主內容區
:::

回培力新住民資訊網首頁

ထုတ်ပြန်ခြင်း
:::

၂၀၁၅ ခုနှစ် နယူးထိုင်ပေမြို့ သင်္ကြန်ပွဲတော်လှုပ်ရှားမှု

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:New Taipei City Government
  • 更新日期:2020/08/10
  • 點閱次數:245

သင်္ကြန်ပွဲတော်သည် အရှေ့တောင်အာရှ၏ နှစ်သစ်ရိုးရာဓလေ့ထုံးစံဖြစ်ပြီး ထိုင်း၊ မြန်မာနိုင်ငံ၏ နှစ်စဉ်ကြီးမားသောပွဲတော်တစ်ခုဖြစ်သည်။ ရေလောင်းပတ်ခြင်းသည် အခြားသူများအတွက် ကောင်းသောကံသယ်ဆောင်လာပြီး နှစ်ဟောင်းမှကံဆိုးတွေကိုပယ်ပြောက်သွားစေကာ နှစ်သစ်မင်္ဂလာဆုတောင်းခြင်းဟု အဓိပ္ပာယ်ရသည်။ နယူးထိိုင်ပေမြို့တွင် နေထိုင်သူသစ်လူဦးရေ ၈ သောင်း ၉ ထောင်ခန့်ရှိကာ ၎င်း၏သားသမီးမှာ ၃ သောင်း ၄ ထောင်ခန့်ရှိပြီး တပြည်လုံးမှ နေထိုင်သူသစ်လူဦးရေအများဆုံးမြို့ဖြစ်သည်။ ကျုံးဟိုခရိုင် နန်ရှိကျော်တလျှောက်တွင် မြန်မာနိုင်ငံမှတရုတ်တို့ ဆုံစည်းနေထိုင်ရာအများဆုံးနေရာဖြစ်သောကြောင့် ၀ါရှင်းလမ်းလည်း တဖြည်းဖြည်းနဲ့ နိုင်ငံခြားအစားအစာနေရာနှင့်စျေးကွက်တခုဖြစ်လာသည်။ ထို့ကြောင့်နယူးထိုင်ပေမြို့အစိုးရသည် ၁၉၉၈ ခုနှစ်မှစ၍ သင်္ကြန်ပွဲတော်ကို ကျင်းပခဲ့သည်။ ဒေသခံပြည်သူများနှင့် မြန်မာနိုင်ငံမှတရုတ်၊ ထိုင်းနိုင်ငံမှတရုတ်နှင့် နေထိုင်သူသစ်များအကြား နားလည်မှုနှင့်ချစ်ခင်လေးစားမှုမြှင့်တင်ကာ တိုင်းရင်းသားလူမျိုးစုပေါင်းစပ်နိုင်မှုကို တိုးတက်စေသည်။ နယူးထိုင်ပေမြို့မှ သင်္ကြန်ပွဲတော်သို့ ဒေသအသီးသီးမှပြည်သူများ အတူလာရောက်ပျော်ရွှင်ဆင်နွှဲပြီး နိုင်ငံရပ်ခြားယဉ်ကျေးမှုဓလေ့ထုံးစံကို တွေ့ကြံုခံစားဖို့ဖိတ်ခေါ်ပါသည်။

top