按 Enter 到主內容區
:::

回培力新住民資訊網首頁

သင်ကြားလေ့ကျင့်ရေးဆိုင်ရာ သင်ရိုးများ
:::

ထိုင်ကျုံးမြို့အလုပ်သမားတက္ကသိုလ်

  • 回上一頁
  • 友善列印
字型大小:
  • 地點:中部
  • 發布日期:
  • 單位:Taichung City Government
  • 更新日期:2020/08/18
  • 點閱次數:252

အလုပ်သမားတက္ကသိုလ်၏သင်တန်းများမှာ လုပ်သားများ အလုပ်ခွင်၌လိုအပ်ချက်နှင့် ထိုင်ကျုံးမြို့ထွက်ကုန်မြှင့်တင်ရန်အတွက် ရည်ရွယ်ပြီး သင်ခန်းစာ ပရိုဂရမ် ၆ မျိုး ခွဲခြားစီစဉ်ထားသည်။ အလုပ်သမားပညာရေး၊ ဘာသာစကား၊ ကွန်ပျူတာ၊ စီမံခန့်ခွဲမှု၊ နေထိုင်မှုဘဝတွင်အသုံးချခြင်း၊ ထွက်ကုန်ဖွံ့ဖြိုးတိုးတက်ဖို့အသုံးချနိုင်ရန် စသည့် သင်ခန်းစာများသင်ကြားသွားမည်။ သန်းခေါင်စာရင်းဝင်ပြီး သို့မဟုတ် ထိုင်ကျံုးမြို့တွင်အလုပ်အကိုင်ရှိသောအလုပ်သမားများ ကျောင်းတက်ဖို့ပံ့ပိုးပေးထားသည်။
အလုပ်သမားများအသိပညာသစ်သင်ယူခြင်းကိုအားပေးကာ ခေတ်ရေစီးကြောင်းနှင့်လိုက်လျောညီထွေမှုရှိပြီး လုပ်သားများလုပ်ငန်းခွင်၌ယှဉ်ပြိုင်မှုစွမ်းအားမြှင့်တင်၍ တသက်တာပညာသင်ယူခြင်းကိုအကောင်အထည်ဖော်ဆောင်ရန်၊ အသင့်ပြင်ပြီးသောအလုပ်သမားအင်အားအဖြစ် လုပ်သားအရည်အသွေးနှင့် ထွက်ကုန်ယှဉ်ပြိုင်စွမ်းအားမြင့်မားစေကာ ပတ်ဝန်းကျင်ငြိမ်းချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ထားသည်။ အရွယ်ရောက်သူပညာသင်ကြားမှုပေါ်မူတည်ပြီး လုပ်သားများလေ့လာသင်ယူခြင်းလိုအပ်ချက်နှင့်အလုပ်ခွင်၌အသုံးချနိုင်ရန် သင်ခန်းစာများစီစဉ်ထားသည်။ အလုပ်သမားများအား ထူးချွန်သောအလုပ်သမားအင်အားဖြစ်အောင် လုပ်ငန်းခွင်လုပ်ကိုင်စွမ်းရည်ပျိုးထောင်ပေးခြင်းနှင့်အတူ ဘွဲ့ဒီဂရီရရှိဖို့ တက္ကသိုလ်ဝင်ရောက်တက်လိုသူများအတွက် ကျောင်းမဝင်ခင် ပညာရေးဆက်စပ်မှုရှိသောပလက်ဖောင်းတစ်ခုအဖြစ်တည်ထောင်ထားသည်။

top