按 Enter 到主內容區
:::

回培力新住民資訊網首頁

ပညာရေးဆိုင်ရာ အစီအစဉ်
:::

ကီးလုံမြို့အစိုးရပညာရေးဦးစီးဌာန ပညာရေးလေ့လာသင်ယူမှုသင်တန်း

  • 回上一頁
  • 友善列印
字型大小:
  • 地點:北部
  • 發布日期:
  • 單位:Keelung City Government
  • 更新日期:2020/08/18
  • 點閱次數:25

၁. အလယ်/မူလတန်းတွဲဖက်ကျောင်း

(၁) လက်ခံလိုလားသူများ
၁) မူလတန်းတွဲဖက်ကျောင်း : အသက် ၁၂ နှစ်ပြည့်ရမည်။ ကျောင်းမှ အရည်အခြင်းအလိုက် စမ်းသပ်စာမေးပွဲဖြေဆိုပြီးသူ သို့မဟုတ် အရွယ်ရောက်အခြေခံပညာလေ့လာရေးသင်တန်းပြီးမြောက်ခြင်းလက်မှတ် စသည့်ပညာရေးအထောက်အထားစာရွက်စာတမ်း ရှိသူများ၊ ဒေသကန့်သတ်ခြင်းမရှိပါ။
၂) အလယ်တန်းကျောင်း : အသက် ၁၅ နှစ်ပြည့်ရမည်။ မူလတန်းကျောင်းပြီးမြောက်ခြင်းလက်မှတ် သို့မဟုတ် တန်းသူညီမျှသောပညာအရည်အချင်း သို့မဟုတ် မိမိကိုယ်ပိုင်လေ့လာသင်ယူပြီး စမ်းသပ်စာမေးပွဲအောင်မြင်သောအထောက်အထားရှိသူများ ဒေသကန့်သတ်ခြင်းမရှိပါ။

(၂) နေထိုင်သူသစ်အလယ်/မူလတန်းတရားဝင်ပညာအရည်အချင်းရယူနိုင်ရန်အတွက် ဤမြို့မှ အလယ်/မူလတန်းကျောင်းအသီးသီးအား တွဲဖက်ကျောင်းဖွင့်လှစ်ရန်တောင်းဆိုအပ်နှံလိုက်ပါသည်။

၂. အရွယ်ရောက်အခြေခံပညာသင်တန်း
(၁) လက်ခံလိုလားသူများ
အသက် ၁၅ နှစ်ပြည့်ပြီး စာမဖတ်တတ်သူ သို့မဟုတ် မူလတန်းပညာအရည်အချင်းမရှိသေးသောပြည်သူများ၊ နိုင်ငံခြားအိမ်ထောင်ဖက်နှင့် တရုတ်ပြည်အိမ်ထောင်ဖက်အားလုံး ဤမြို့မှ “အရွယ်ရောက်အခြေခံပညာသင်တန်း” သို့မဟုတ် “နိုင်ငံခြားအိမ်ထောင်ဖက် စာဖတ်တတ်ရန်အထူးသင်တန်း” ကို အခမဲ့တက်ရောက်နိုင်သည်။
(၂) သင်ကြားမည့်အကြောင်းအရာများမှာ စာဖတ်တတ်ရန်သင်ခန်းစာ (အခြေခံ၊ အလယ်အလတ်၊ အဆင့်မြင့် သင်တန်းအဆင့်ခွဲခြားထားသည်။) များဖြစ်ပြီး သင်ကြားချိန်စုစုပေါင်း ၇၂ နာရီ သင်ကြားသွားမည်။ ထို့အပြင် သင်တန်းပြီးဆုံးသွားသောကျောင်းသူကျောင်းသားများအား တသက်တာပညာဆက်လက်သင်ယူလေ့လာရန် ၀ါဒဖြန့်လိုက်ပါသည်။ အဆင့်မြင့်တန်းမှကျောင်းသူကျောင်းသားများအား တရားဝင်ပညာရေးလက်မှတ်ရရှိရန် မူလတန်းတွဲဖက်ကျောင်းသို့သွားရောက်ကျောင်းတက်ဖို့ တိုက်တွန်းပါသည်။
(၃) ဒီအစိုးရမှ အလယ်/မူလတန်းကျောင်း၊ ကွန်မြူနတီကောလိပ်၊ အသက်ကြီးသူသင်ယူခြင်းစင်တာ စသည့် တသက်တာပညာရေးဆိုင်ရာအဖွဲ့အစည်းအား နှစ်စဉ်လုပ်ဆောင်ရန်တောင်းဆိုအပ်နှံထားသည်။

top