按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါကာကွယ်ရေး
:::

အူလမ်းကြောင်းဗိုင်းရပ်စ်ပိုးကာကွယ်တားဆီးရေး,လူကြီးကလေးအားလုံး လက်ဆေး နည်း5ဆင့် ဖြင့်မိမိတို့လက်ကိုဆေးကြောသင့်ပါသည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:雲林縣政府
  • 更新日期:2020/08/17
  • 點閱次數:332

အူလမ်းကြောင်းဗိုင်းရပ်စ်ပိုး အလွန်ကူးစက်တတ်သည်၊ လူဦးရေထူထပ်သောနေရာတွင် နီးကပ် လွယ်ကူစွာ အပြန်အလှန်ပြန့်ပွားသည်၊ အရွယ်ရောက်ပြီးသူပဲဖြစ်ဖြစ်၊ ကလေးအားလုံးကူးစက်မှု အန္တရာယ်ရှိသည်၊ အထူးသဖြင့် အရွယ်ရောက်သူအများစု ကူးစက်ပြီးနောက် လက္ခဏာမသိသာ (သို့) တုပ်ကွေးကဲ့သို့ရောဂါလက္ခဏာသာရှိ၍ လျစ်လျူရှုရာမှ အိမ်တွင်းရှိကလေးငယ်အား အလွယ်တကူ ကူးစက်နိုင်သည်။

အူလမ်းကြောင်းဗိုင်းရပ်စ်ပိုးသည် အစာအိမ်အူလမ်းကြောင်း(သို့) အသက်ရှုလမ်းကြောင်းမှ အဓိကအားဖြင့် ကူးစက်သည်။ အရေးပြားပေါ်မှအရည်ကြည်ဖုမှတဆင့်ကူးစက်နိုင်သည်။ ဗိုင်းရပ်စ်ပိုးမစတင်မီရက်အနည်းငယ်မှာ လည်ချောင်းနှင့်မစင်တွင်ဗိုင်းရပ်စ်ပိုးတည်ရှိနေ၍ ကူးစက်နိုင်သည်။ ကူးစက်ပြီးတစ်ပတ်အတွင်း ကူးစက်အားအမြင့်ဆုံးဖြစ်သည်။ ထို့အပြင် ပြန်လည်နာလန်ထူပြီးနောက် ဗိုင်းရပ်စ်ပိုးသည် မစင်တွင်8-12ပတ်ထိရှိနေသည်။ဒါကြောင့် ပြန်လည်နာလန်ထူပြီးနောက် လူတိုင်းလက်သန့်ရှင်းရေးကိုဆက်လက်အာရုံစိုက်သင့်သည်။ (ရွှဲစို၊ ပွတ်တိုက်၊ လောင်း၊ ခံ၊ သုတ်) လက်ဆေးနည်း5ဆင့်ဖြင့် ဗိုင်းရပ်စ်ပိုး ကလေးငယ်များကို ကူးစက်ပေးခြင်းမှကာကွယ်ပါ။

ရောဂါဌာနသတိပေး,အသက်5နှစ်အောက်ကလေးများ ကိုယ်ခံစွမ်းအားအပြည့်အဝ မဖွံ့ဖြိုးမှု ကြောင့် ဗိုင်းရပ်စ်ကူးစက်ပြီးနောက် အလွယ်တကူ ဦးနှောက်အမြှေးရောင်ရောဂါ၊ ဦးနှောက် ရောင်ရမ်းခြင်း၊ နှလုံးရောင်ခြင်း၊ အဆုတ်ရောင်ရောဂါ၊ ခြေလက်အကြောသေခြင်းစသည့် ပြင်းထန်သောရောဂါများဖြစ်တတ်သည်။ ပြည်သူများကိုသတိပေး အပြင်သွားပြီးအိမ်ပြန်ရင် အဝတ်အစားလဲလိုက်ပါ၊ ကလေးများကို ပွေ့ဖက်ခြင်း၊အစာကျွေးခြင်းမပြုမီ လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးကြောသင့်ပါသည်။ အကယ်၍ ကလေးငယ်များထိုင်းမှိုင်းခြင်း၊ အသိစိတ်မကြည် လင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခြေလက်အားမရှိ(သို့)သွက်ချာပါဒ၊ ကြွက်သားများအကြောဆွဲ (အကြောင်းပြချက်မရှိကြောက်လန့်ခြင်း(သို့) တစ်ကိုယ်လုံးကြွက်သားများရုတ်တရက်ကျုံ့)တွေ့ ရှိ၊ ဆက်လက်၍ အော့အန်၊ အသက်ရှုမဝ(သို့) နှလုံးခုန်မြန်စသည့် အူလမ်းကြောင်းဗိုင်းရပ်စ်ပိုး ပြင်းထန်သည့်ရှေ့ပြေးလက္ခဏာများဖြစ်ပါက တတ်နိုင်သမျှအမြန်ဆုံးဆေးရုံကြီးသို့သွားရောက် ကုသမှုခံယူပါ။

ဆက်စပ်အချက်အလက်များ ကမ္ဘာလုံးဆိုင်ရာသတင်းအချက်အလက်ကွန်ယက်တွင်ရရှိနိုင် သည်(https://www.cdc.gov.tw),(သို့) အခမဲ့ကာကွယ်ဆေးထိုးလိုင်း 1922(0800-001922)ကို ဆက်သွယ်နိုင်သည်။

top