按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါကာကွယ်ရေး
:::

ပြည်ပသို့အလည်အပတ်သွားချိန်၏ ကူးစက်ရောဂါကာကွယ်ရေးဆိုင်ရာ အစီအစဉ်များ

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:Ministry of Health and Welfare
  • 更新日期:2020/08/17
  • 點閱次數:359

၁။ နိုင်ငံခြားမထွက်မီ ရောဂါကာကွယ်စောင့်ထိန်းရေးဌာန နိုင်ငံတကာ
ဝက်ဘ်ဆိုက်တွင် နိုင်ငံတကာကူးစက်ရောဂါအခြေအနေသတင်းနှင့်ကာ
ကွယ်ရန်အကြံပြုချက်များကို သွားရောက်ရှာဖွေကြည့်ရှုခြင်း သို့မဟုတ်
နိုင်ငံခြားမသွားမီ ၄ ပတ်မှ ၆ ပတ်အတွင်း “ခရီးသွားခြင်းဆိုင်ရာ ဆေး
ခန်း” သို့ သွားပြီး စစ်ဆေးအကဲဖြတ်မှု ခံယူပါ။ ထို့အပြင် မျက်နှာဖုံး၊
ခြင်ကာဆေးနှင့်လက်အခြောက်ဆေးရည်တို့ကို အသင့်တင့်ဆောင်
သွားကြပါ။

၂။ ခရီးစဉ်အတွင်း သို့မဟုတ် ပြန်လာချိန်တွင် ကိုယ်ပူတက်ခြင်း၊ အရေပြားတွင် အစက်များထွက်ခြင်း သို့မဟုတ် အသက်ရှူလမ်း
ကြောင်းမအီမသာဖြစ်ခြင်း အစရှိသော ရောဂါကူးစက်ခံရသကဲ့သို့
သော လက္ခဏာများ ဖြစ်ပေါ်ပါက ပြည်ဝင်ချိန်တွင် လေဆိပ်ရှိ ကူး
စက်ရောဂါစစ်ဆေးသည့်ဝန်ထမ်းကို သွားရောက်အကြောင်းကြားပါ။ ပြည်တွင်းသို့ဝင်လာပြီးနောက် ၂၁ ရက်အတွင်း နေမကောင်းပါက ဆ
ရာဝန်အမြန်သွားပြပြီး မိမိ၏ခရီးစဉ်နှင့်ထိတွေ့ခဲ့မိသည်များကို ပြော
ပြပါ။

၃။ ကူးစက်ရောဂါကြိုတင်ကာကွယ်နည်း။ ။

(၁) ဆပ်ပြာဖြင့် မကြာခဏလက်ဆေးခြင်း၊ အကျက်စာသာစားခြင်း၊ ဗူးထည့်ရေကို သောက်ခြင်း

(၂) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများ ဖြစ်လာပါက
မျက်နှာဖုံးတပ်ဆင်ပါ။

(၃) ခြင်ကာဆေးဖျန်းခြင်းဖြင့် ခြင်ကိုက်မခံရအောင် ကာကွယ်ပါ။

(၄) ကြက်ငှက်၊ ခွေး၊ ကြောင်နှင့်တိရစ္ဆာန်ရိုင်းများနှင့် မထိတွေ့ပါ
နှင့်။

※ပိုမိုများပြားသော ခရီးသွားဆေးပညာဆိုင်ရာသတင်းများကို
ကူးစက်ရောဂါကာကွယ်စောင့်ထိန်းရေးဌာန နိုင်ငံတကာသတင်းဝက်ဘ်
ဆိုက် https://www.cdc.gov.tw ရှိ “နိုင်ငံတကာခရီးသွားနှင့်ကျန်း
မာရေး” ကဏ္ဍ သို့မဟုတ် ကူးစက်ရောဂါကာကွယ်ရေးဖုန်းလိုင်း ၁၉၂၂
(ပြည်ပမှခေါ်ပါက +886-800-001922)သို့ ဖုန်းဆက်မေးမြန်းနိုင်သည်။

top