按 Enter 到主內容區
:::

回培力新住民資訊網首頁

:::

စာမေးပွဲနှင့်ရွေးချယ်မှုဝန်ကြီးဌာန ပြုလုပ်သော “ထူးခြားအလုပ်နှင့်နည်းပညာဝန်ထမ်းများဆိုင်ရာ ခရီးသွားလမ်းညွှန်၊ ခရီးသွားလမ်းညွှန်ခေါင်းဆောင်များ၏ သာမန်စာမေးပွဲ”

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:Ministry of Examination
  • 更新日期:2020/08/18
  • 點閱次數:271

၁။ ခရီးသွားလမ်းညွှန်၊ ခရီးသွားလမ်းညွှန်ခေါင်းဆောင်
စာမေးပွဲကို အောက်ပါအချက်အလက်များအနက် တစ်ခု
နှင့်ကိုက်ညီသူများ ဝင်ရောက်ဖြေဆိုနိုင်သည်။

(၁) အစိုးရကျောင်း (သို့) ပုဂ္ဂလိကကျောင်းများတွင် အ
လယ်တန်း (သို့) အကြီးတန်းအသက်မွေးဝမ်းကျောင်းများ
ပြီးစီးပြီး အောင်လက်မှတ်ရရှိထားသူများ တက်ရောက်
နိုင်သည်။

(၂) ပထမအဆင့်စာမေးပွဲ (သို့) ၎င်းနှင့်တူညီသော ထူး
ခြားစာမေးပွဲဖြေဆိုအောင်မြင်ထားသူများဖြစ်ပြီး သက်
ဆိုင်ရာဌာနများတွင် အလုပ်သက်တမ်း ၄ နှစ်ပြည့်၍ သက်သေခံစာရွက် ရှိသူများ ဝင်ရောက်ဖြေဆိုနိုင်သည်။

(၃) အဆင့်မြင့် (သို့) သာမန်စာမေးပွဲဖြေဆိုအောင်ထား
သူများလည်း ဝင်ရောက်ဖြေဆိုနိုင်သည်။



၂။ နိုင်ငံခြားဘာသာစကားပြော ခရီးသွားလမ်းညွှန်နှင့်တ
ရုတ်စကားပြော ခရီးသွားလမ်းညွှန်များ ဖြေဆိုရမည့်ဘာ
သာများမှာ (၁) ခရီးသွားလမ်းညွှန်လက်တွေ့များ (၂) ခရီး
သွားလုပ်ငန်းအရင်းအမြစ်အကျဉ်းချုပ်တို့ဖြစ်ပြီး နိုင်ငံ
ခြားဘာသာစကားလမ်းညွှန်များ တရုတ်ဘာသာကို ဖြေဆို
ရဦးမည်။(အင်္ဂလိပ်စကား၊ ဂျပန်စကား၊ ပြင်သစ်စကား၊ ဂျာမန်စကား၊ စပိန်စကား၊ ကိုးရီးယားစကား၊ ထိုင်းစ
ကား၊ အာရပ်စကား၊ ရုရှာစကား၊ အီတလီစကား၊ ဗီယက်
နန်စကား၊ အင်ဒိုနီးရှားစကား၊ မလေးရှားစကား အစရှိ
သော ဘာသာစကား ၁၃ မျိုး ခွဲထားပြီး တစ်မျိုးရွေးဖြေ
နိုင်သည်။)



၃။ နိုင်ငံခြားစကားပြော ခရီးသွားလမ်းညွှန်ခေါင်းဆောင်
နှင့်တရုတ်စကားပြော ခရီးသွားလမ်ညွှန်ခေါင်းဆောင်များ
ဖြေဆိုရမည့် ဘာသာများမှာ (၁) ခရီးသွားလမ်းညွှန်
ခေါင်းဆောင်၏ လက်တွေ့ (၂) ခရီးသွားလုပ်ငန်းအရင်းအ
မြစ်အကျဉ်းချုပ်တို့ဖြစ်ပြီး နိုင်ငံခြားဘာသာစကားလမ်း
ညွှန်ရွေးဖြေသူများဆိုလျှင် တရုတ်ဘာသာကို ဖြေဆိုရဦး
မည်။(အင်္ဂလိပ်စကား၊ ဂျပန်စကား၊ ပြင်သစ်စကား၊ ဂျာ
မန်စကား၊ စပိန်စကား အစရှိသော ဘာသာစကား ၅ မျိုး
တွင် တစ်မျိုးရွေးဖြေနိုင်သည်။


၄။ တရုတ်စကားပြော ခရီးသွားလမ်းညွှန်စာမေးပွဲ၊ ခရီး
သွားလမ်းညွှန်ခေါင်းဆောင်စာမေးပွဲများကို ရေးဖြေပုံစံ
ဖြင့် ဖြေဆိုပြီး နိုင်ငံခြားဘာသာစကားပြော ခရီးသွားလမ်း
ညွှန်စာမေးပွဲကိုမူ ရေးဖြေနှင့်နှုတ်ဖြေနှစ်မျိုးလုံးကို ဖြေဆို
ရမည်။ ရေးဖြေစာမေးပွဲအောင်သူများသာ နှုတ်ဖြေစာမေး
ပွဲဖြေခွင့်ရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအောင်ထားသော
အရည်အချင်းသည် ဤတစ်ကြိမ်အတွက်သာဖြစ်ပြီး
နောက်တစ်ကြိမ်အတွက် အသိအမှတ်မပြုပါ။

top