按 Enter 到主內容區
:::

回培力新住民資訊網首頁

ဥပဒေများနှင့် ပြဌာန်းချက်များ
:::

တရုတ်စကားပြောလမ်းညွှန်သည် ရှားပါးနိုင်ငံခြားစကားပြောဘာသာပြန်နှင့်အတူ တွဲဖက်၍ ခရီးသွားအဖွဲ့ထွက်နိုင်စေရန် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာဥပဒေကို ပြုပြင်ခဲ့သည်။

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:Executive Yuan
  • 更新日期:2020/08/19
  • 點閱次數:286

သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနသည် ထိုင်ဝမ်သက္က
ရာဇ် ၁၀၇/၂/၁ နေ့တွင် “ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုဆိုင်
ရာ စည်းမျဉ်းစည်းကမ်း” (၂၃)၊ “ခရီးသွားလမ်းညွှန် စီမံခန့်
ခွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း” (၆) တို့ကို ပြုပြင်ပြဌာန်းခဲ့
သည်။

ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းစည်း
ကမ်း (၂၃) ၏ပြုပြင်ခြင်းအပေါ် ရှင်းလင်းချက်။ ။ ယခုနှစ်
ပိုင်းတွင် ခရီးသွားဈေးကွက်ပြောင်းလဲမှုကြောင့် ပြည်တွင်း
ရှိ ရှားပါးနိုင်ငံခြားစကားပြောနိုင်သောခရီးသွားလမ်းညွှန်မှာ
ဈေးကွက်၏လိုအပ်ချက်ထက်များစွာ နည်းပါးနေပါသည်။ သို့ဖြစ်၍ ခရီးသွားလုပ်ငန်းရှင်များအား ရှားပါးနိုင်ငံခြားစ
ကားပြောခရီးသွားများကို လမ်းညွှန်ရာတွင် တရုတ်စကား
ပြောလမ်းညွှန်နှင့်အတူ ယင်းနိုင်ငံခြားစကားတတ်ကျွမ်း
သောဘာသာပြန်နှင့်တွဲဖက်၍ ဝန်ဆောင်နိုင်သည်။ ဤနည်း
ဖြင့် ခရီးသွားဈေးကွက်၏လိုအပ်နေသော ရှားပါးနိုင်ငံခြားစ
ကားပြောလမ်းညွှန်၏ဟာကွက်ကို ဖြည့်ဆည်းသည်။


ခရီးသွားလမ်းညွှန် စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းစည်း
ကမ်း (၆) ၏ပြုပြင်ခြင်းအပေါ် ရှင်းလင်းချက်။ ။ ခရီးသွား
သတ်မှတ်ချက်များနှင့်ကိုက်ညီစေရန် အထူးစည်းမျဉ်းပြဌာန်း
ပြီး ရှားပါးနိုင်ငံခြားစကားပြောအပန်းဖြေခရီးသွားများကို တ
ရုတ်စကားပြောခရီးသွားလမ်းညွှန်နှင့် ရှားပါးနိုင်ငံခြားစကား
တတ်ကျွမ်းသောဘာသာပြန်တစ်ဦးတို့တွဲဖက်၍ ဝန်ဆောင်
နိုင်ကြောင်း သတ်မှတ်ခဲ့သည်။

စည်းမျဉ်းစည်းကမ်းပြုပြင်ချက်အသေးစိတ်ကို သိလိုပါက ပူးတွဲဖိုင်ကို ဒေါင်းလော့ပြီးကြည့်ပါ။

附件下載

top