按 Enter 到主內容區
:::

回培力新住民資訊網首頁

ဥပဒေများနှင့် ပြဌာန်းချက်များ
:::

နိုင်ငံသားကို ပြန်လည်ရုတ်သိမ်းမှု လုပ်ထုံးလုပ်

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:Ministry of the Interior
  • 更新日期:2020/08/19
  • 點閱次數:240
နိုင်ငံသားကို ပြန်လည်ရုတ်သိမ်းမှု လုပ်ထုံးလုပ်

ပြည်ထဲရေးဝန်ကြီးဌာနမှ နိုင်ငံသားဥပဒေအရ တရားမဝင်

ကြောင်းသိရှိချိန်မှစ၍ နှစ်နှစ်အတွင်း ခံယူပြီးသောနိုင်ငံသားကို 

ပြန်လည်ရုတ်သိမ်း၍ရသည်ဟူသော နိုင်ငံသားအက်ဥပဒေကို ထိုင်ဝမ်သက္ကရာဇ် ၁၀၅/၁၂/၂၁ တွင် ပြင်ဆင်ကြေ ညာပြီး တရား

ဝင်စတင်ကျင့်သုံးခဲ့ပြီ။ သို့သော် ထိုင်ဝမ်နိုင်ငံသားဖြစ်ရန်စတင်

လျှောက်ထားချိန်၊ မိမိ၏မူလနိုင်ငံသားကို လက်လွှတ်ဆုံးရှုံးချိန်

(သို့) ထိုင်ဝမ်နိုင်ငံသားအဖြစ်ခံယူပြီးချိန်မှစ၍ ငါးနှစ်ကျော်ပါက ခံယူပြီးသောနိုင်ငံသားကို ပြန်လည်ရုတ်သိမ်း၍မရပါ။ မဖြစ်မနေ

ရုတ်သိမ်းမည်ဆိုပါက စမ်းစစ်ခြင်းအစည်းအဝေးခေါ်ယူပြီး တရား

လိုဘက်မှ မိမိ၏အမြင်ကို တင်ပြခွင့်ပေးရမည်။ သို့သော် တရား

ရုံးမှ မင်္ဂလာဆောင်ခြင်း၊ မွေးစားခြင်းသည် အတုဖြစ်ကြောင်း တ

ရားဝင်ကြေညာခံရသူများသည် ဤဥပဒေ၏သတ်မှတ်ချက်များ

နှင့်ကိုက်ညီရန် မလိုပါ။ စမ်းစစ်ခြင်းအစည်းအဝေးလည်း ခေါ်ယူ

ရန် မလိုပါ။ အကြောင်းရင်းမှာ တရားရုံးမှ တရားစီရင်ချက်မချမီ သက်ဆိုင်ရာအကြောင်းများကို ကြပ်ကြပ်မတ်မတ်စစ်ဆေးပြီး တရားရုံးတွင် အကြိမ်ကြိမ်တက်ရောက်စစ်ဆေးပြီးတရားလို

လည်း မိမိ၏အမြင်ကိုပြောဆိုခွင့်အပြည့်အဝရရှိပြီးဖြစ်ကြောင်း ယုံကြည်ခြင်းဖြစ်သည်။ တရားလိုမှ တရားရုံး၏စီရင်မှုကို မကျေ

နပ်ပါက တရားဥပဒေအရကယ်ဆယ်ရေးများ လျှောက်တင်၍

ရသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏တရားစီရင်မှုကို မကျေနပ်ပါ

က အုပ်ချုပ်ရေးကယ်ဆယ်မှုလျှောက်ပြီး တရားလို၏အခွင့်အ

ရေးကို အပြည့်အဝပေးထားပြီးဖြစ်သည်။

နိုင်ငံသားအက်ဥပဒေဆိုင်ရာသတ်မှတ်ချက်များကို ပြည်ထဲ

ရေးဝန်ကြီးဌာန အိမ်ထောင်စုမှတ်ပုံတင်ဌာန၏ ကမ္ဘာ့သတင်း

ဝက်ဘ်ဆိုက်(https://www.ris.gov.tw/)တွင် ကြည့်ရှုနိုင်

သည်။ သို့မဟုတ် အနီးအနားရှိမြို့၊ မြို့နယ်အစိုးရ(သို့)အိမ်ထောင်

စုမှတ်ပုံတင်ခြင်းဆိုင်ရာဌာနများတွင် မေးမြန်းနိုင်သည်။

top