ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

အခွန်ဆောင်ရတော့မယ်။ တစ်နှစ်တာ ကျန်းမာရေးအာမခံကြေးပေးဆောင်မှုပမာဏကို အလွယ်တကူ စစ်ဆေးနိုင်ပါပြီ။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2024/05/08
  • hit:22

မေလရဲ့ အခွန်ပေးဆောင်ရမည့်ကာလ ထပ်မံရောက်ရှိလို့ လာပါတော့မည်။ ဗဟိုကျန်းမာရေးအာမခံအေဂျင်စီ (နောက်ပိုင်းတွင် NHIA အဖြစ် ရည်ညွှန်းခေါ်ဆို သွားပါမည်) မှ တစ်ဦးချင်းအထွေထွေဝင်ငွေခွန်ကို ကြေညာသည့်အချိန်တွင် 2023 ခုနှစ် ကျန်းမာရေးအာမခံနှင့် အပိုအာမခံကြေးများကို အပြည့်အဝနုတ်ယူနိုင်ကြောင်းနှင့် အမြင့်ဆုံး တစ်နှစ်တာ နုတ်ယူနိုင်သည့် အာမခံကြေးပမာဏဟူ၍ မသတ်မှတ်ထားကြောင်းကို သတိပေးထားပါသည်။ အထွေထွေဝင်ငွေခွန်ကြေညာသည့်ကာလအတွင်း အများပြည်သူအနေဖြင့် အောက်ပါ “ဘဏ္ဍာရေးအီလက်ထရောနစ်အခွန်ကြေညာရေးဝန်ဆောင်မှုဝဘ်ဆိုက်” သို့ သွားရောက် ချိတ်ဆက်နိုင်ပြီး အထွေထွေဝင်ငွေခွန်ကို အီလက်ထရောနစ် တွက်ချက်ကြေညာမှုစနစ်ကို အသုံးပြုပါ။ ထို့နောက် မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုပြီးပါက 2023 ခုနှစ်ရဲ့ ကျန်းမာရေးအာမခံကြေးနှင့် အပိုအာမခံကြေးဒေတာတို့ကို ဒေါင်းလုတ်လုပ်ပြီး အလွယ်တကူ အခွန်ပေးဆောင်နိုင်ပါသည်။ ပြေစာများကို ပူးတွဲတင်ပြရန် မလိုပါ။

အမျိုးသားကျန်းမာရေးအာမခံဗျူရိုမှ အများပြည်သူများအနေဖြင့် 2023 ခုနှစ်၏ အမျိုးသားကျန်းမာရေးအာမခံကြေး ပေးဆောင်ထးသည့် အထောက်အထားကို ရယူလိုပါက ယခုနှစ်မှစ၍ အောက်ပါ လမ်းကြောင်းများမှတဆင့် ရယူနိုင်ကြောင်းကို သတိပေးထားပါသည်။

1. ကျန်းမာရေးအာမခံအမြန်လမ်း APP -

“ကျန်းမာရေးအာမခံကောင်တာ” > “အာမခံထားကြောင်းအထောက်အထား” > “အာမခံကြေးပေးဆောင်ထားသည့် အထောက်အထား” တို့ကို ရွေးချယ်ပြီးနောက်တွင် သတ်မှတ်ထားသော အီးမေးလ်လိပ်စာသို့ ငွေကြေးပေးဆောင်ထားသည့် အထောက်အထားကို ပေးပို့ပေးရန် လျှောက်ထားနိုင်သည်။

2. ကျန်းမာရေးအာမခံဗျူရို ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်ကွန်ယက် -

“ကျန်းမာရေးအာမခံကောင်တာ” > “အာမခံလျှောက်ထားမည့်သူ၏ အင်တာနက်ကောင်တာ” > “သာမန်ပြည်သူ” > “တစ်ဦးချင်း ကျန်းမာရေးအာမခံဒေတာအင်တာနက်ဝန်ဆောင်မှု” တို့ကို ရွေးချယ်ပြီးနောက်တွင် မည်သူမည်ဝါဖြစ်ကြောင်းကတ်ကို အသုံးပြုပြီး အတည်ပြုခြင်းကို ရယူခြင်း သို့မဟုတ် ကျန်းမာရေးအာမခံကို ဆိုင်းအပ်လုပ်ခြင်းတို့အပြီးတွင် “အထောက်အထားအမျိုးမျိုးကို လျှောက်ထားခြင်းနှင့် ပရင့်ထုတ်ခြင်းလုပ်ငန်းဆောင်တာ” > “ကျန်းမာရေးအာမခံကတ်ကြေးပေးဆောင်ထားသည့် အထောက်အထား (တစ်နှစ်တာ ဆောင်ထားသည့်အခွန်) အွန်လိုင်းတွင်ပရင့်ထုတ်ခြင်းလုပ်ငန်းဆောင်တာ” တွင် ဒေါင်းလုတ်ရယူရန် လျှောက်ထားနိုင်သည်။

3. အလွယ်တကူဝယ်ယူနိုင်သည့် စတိုးဆိုင်များတွင် မာလ်တီမီဒီယာအချက်အလက်အလုပ်ရုံ - မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ပြသည့် ကတ်ပြားကို အသုံးပြုပြီး ဆိုင်းအင်လုပ်ပြီးနောက်တွင် ပရင့်တိုက်ရိုက်ထုတ်နိုင်သည်။ (မိမိဘာသာ မိတ္တူကူးခ 2 ယွမ် ပေးရမည်ဖြစ်သည်။)

4. မိမိ နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်မူရင်းကို ယူဆောင်ပြီး မိမိ အာမခံကြေးထည့်သွင်းထားသော (မြို့ငယ် ၊ မြို့ ၊ မြို့နယ်) ရှိ ရုံးများ၊ ကျန်းမာရေးအာမခံဗျူရို၏ မြို့နယ်အသီးသီးရှိ ဝန်ဆောင်မှုအဖွဲ့အစည်းမျာသို့ သွားရောက်ပြီး သို့မဟုတ် ရုံးများသို့ ဆက်သွယ်စုံစမ်းပြီး လျှောက်ထားနိုင်သည်ဖြစ်သည်။ ကုမ္ပဏီ (လုပ်ငန်း) သို့မဟုတ် အလုပ်သမားသမ္မဂ (လယ်သမားအသင်း၊ ရေလုပ်သားအသင်း) တွင် အာမခံဝယ်ယူထားသူများအနေဖြင့် သင် အာမခံဝယ်ယူထားသော ကုမ္ပဏီ (လုပ်ငန်း) သို့မဟုတ် အလုပ်သမားသမ္မဂ (လယ်သမားအသင်း၊ ရေလုပ်သားအသင်း) များတွင် လျှောက်ထားနိုင်သည်။ အပိုအာမခံကြေးအထောက်အထားများကိုမူ ပိုက်ဆံနုတ်ယူသော အဖွဲ့အစည်းများတွင် လျှောက်ထားနိုင်သည်။

အများပြည်သူများအနေဖြင့် အထက်အဖော်ပြပါ အကြောင်းအရာ၊ လမ်းကြောင်းများနှင့်ပတ်သက်၍ သံသယတစ်စုံတစ်ရာရှိပါက အမျိုးသားကျန်းမာရေးအာမခံဌာန၏ အခမဲ့ မေးမြန်းနိုင်သည့် ဖုန်းနံပါတ် 0800-030-598 သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး လက်ကိုင်ဖုန်းများဖြစ်ပါက 

(02) 4128-67 သို့ ပြောင်းလဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။


top