ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

ဝင်ငွေခွန်တွက်ချက်ခြင်းနှင့် ကြေညာခြင်းတို့အတွက် အခွန်ပေးဆောင်မှုလမ်းကြောင်းအမျိုးမျိုး၊ မေလတွင် အခွန်ဆောင်ခြင်းသည် အလွန်အဆင်ပြေစေပါသည်

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2024/05/08
  • hit:27

ဘဏ္ဍာရေးဝန်ကြီးဌာန မြောက်ပိုင်းခရိုင် အကောက်ခွန်ဌာနမှ 2023 ခုနှစ် ဝင်ငွေခွန်ကြေညာခြင်းကာလသည် ယခုနှစ် (2024) ခုနှစ် မေလ 1 ရက်နေ့မှ မေလ 31 ရက်နေ့ အထိဖြစ်ပြီး အခွန်ပေးဆောင်ရမည့်သူများ အခွန်ပေးဆောင်ရာတွင် အဆင်ပြေစေရန်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အခွန်ပေးဆောင်မှုနည်းလမ်းအမျိးမျိုး၊ အချိန်နှင့် နေရာကန့်သတ်ချက်မှု မရှိသဖြင့် အချိန်ကုန်သက်သာပြီး အဆင်ပြေကြောင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။

ဤဌာနမှ အထွေထွေဝင်ငွေခွန် သို့မဟုတ် လုပ်ငန်းဝင်ငွေခွန်ကြေညာမည့်သူများအနေဖြင့် (ထိုင်ဝမ်ဒေါ်လာ 30,000 အောက်သာ ပေးဆောင်ရမည့်သူများသာ) အခွန်ကောက်ခံမှုဘဏ္ဍာရေးအဖွဲ့အစည်းများ သို့မဟုတ် အဓိက စတိုးဆိုင်လေးခုတို့တွင် ငွေသားဖြင့် ပေးဆောင်နိုင်သည့်အပြင် ပေးဆောင်မှုကာလအတွင်း ATM တို့တွင် Debit Card, Credit Card၊ ဘဏ်အကောင့်တွင် စုဆောင်းထားသော စုငွေများဖြင့်လည်း ပေးဆောင်နိုင်ကြောင်း ဖော်ပြထားသည်။ အထွေထွေဝင်ငွေခွန်အတွက် တစ်ဘက်ကို ငွေထုတ်ပြီး ငွေလွှဲပြောင်းပေးပို့ခြင်းအတွက် အကူအညီတောင်းခံခြင်းများလည်း လုပ်ဆောင်နိုင်သည်။ ဒိပြင် “ဖုန်းဖြင့်ပေးဆောင်ခြင်း” သို့မဟုတ် “အီလက်ထရောနစ်ဖြင့် ငွေပေးချေခြင်းအကောင့်” APP (ပုံပါအတိုင်း) ဖြင့် ငွေပးဆောင်ခြင်းကိုလည်း လုပ်ဆောင်နိုင်သည်။ ငွေပေးဆောင်ရန် ဖြတ်ပိုင်းအပေါ်ရှိ QR-Codeဖြင့် Credit Card၊ ဘဏ်အကောင့်တွင် စုဆောင်းထားသော စုငွေများ သို့မဟုတ် Debit Card တို့ဖြင့် အိမ်အပြင် သွားရန်မလိုဘဲ ဝင်ငွေခွန်ပေးဆောင်ခြင်းလုပ်ငန်းစဥ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်။

ကုမ္ပဏီသည် အင်တာနက်မှတဆင့် လုပ်ငန်းဝင်ငွေခွန်ကြေညာပါက ဥပမာ။ ။ Credit Card ဖြင့် ငွေပေးချေပါက လုပ်ငန်းခွင်သုံး လုပ်ငန်းခွင်ကတ်တစ်ခုတည်းသာမဟုတ်ဘဲ လုပ်ငန်းတာဝန်ခံ၏ Credit Card ဖြင့်လည်း ပေးချေနိုင်ပါသည်။ သို့သော် Credit Card တစ်ခုတည်းကိုသာ အသုံးပြုဖို့ ကန့်သတ်ချက် ထားရှိထားပါသည်။ အီလက်ထရောနစ်ဖြင့် ဝင်ငွေခွန်တွက်ချက်ခြင်းနှင့် ကြေညာခြင်းစနစ်တို့ကို အသုံးပြုပြီး ပေးဆောင်မည်ဖြစ်ပါက အခွန်ပေးဆောင်မှု မျက်နှာပြင်တွင် Credit Card ဖြင့် အခွန်ပေးဆောင်မည်ကို ရွေးချယ်ပါ။ မျက်နှာပြင်တွင် ပါရှိသော ဖော်ပြချက်အတိုင်း Credit Card နံပါတ် နှင့် သက်တမ်းကာလ တို့ကို ဖြည့်သွင်းပြီးနောက် အွန်လိုင်းပေါ်တွင် ခွင့်ပြုချက်ကို တိုက်ရိုက်ရယူပြီး အလွယ်တကူ အခွန်ပေးဆောင်နိုင်မည်ဖြစ်ကြောင်းကို ဤဌာနမှ ထပ်မံ၍ ဖြည့်စွက် ပြောကြားထားသည်။

ဤဌာနမှ အခွန်ထမ်းဆောင်ရန် ဝတ္တရားရှိသူများအားလုံး အတတ်နိုင်ဆုံး အင်တာနက်မှ အခွန်ကြေညာခြင်းကို လုပ်ဆောင်ရန် နှင့် ပေးဆောင်နိုင်သည့်ကာလအတွင်း အခွန်ပေးဆောင်မှုလမ်းကြောင်းအမျိုးမျိုးဖြင့် ပေးဆောင်ကြရန် တိုက်တွန်းထားသည်။ ဤနည်းဖြင့် သွားလာရမည့် အချိန်များကို လျှော့ချပေးနိုင်သလို လွယ်ကူအဆင်ပြေစေရုံသာမက ဘေးကင်းစွာဖြင့် အကျိုးကျေးဇူးများစွာကိုလည်း ခံစားရရှိနိုင်ပါသည်။ အကယ်၍ မရှင်းလင်းသည့် အကြောင်းအရာများရှိသေးပါက အခမဲ့ ဖုန်းလိုင်းဖြစ်သော 0800-000321 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ ဤဌာနမှ အသေးစိတ်ရှင်းလင်းတိုင်ပင်ဆွေးနွေးခြင်း ဝန်ဆောင်မှုများကို ပေးဆောင်လျက်ရှိသည်။


top