ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

မော်တော်ဆိုင်ကယ် စီးနှင်းရာတွင် ပိုမြို ဘေးကင်းစေရန်အတွက် 2024 ခုနှစ် ဇွန်လ 5 ရက်နေ့မှ စတင်၍ မော်တော်ဆိုင်ကယ် ရေးဖြေစာမေးပွဲတွင် အန္တရာယ်ရှိစေနိုင်သော သဘောထားအမြင်နှင့် ပတ်သက်သော ဗီဒီယိုမေးခွန်းအသစ်များကို ထည့်သွင်းသွားမည်

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2024/04/26
  • hit:38


ပို့ဆောင်ရေးဌာနမှ မကြာခင် မော်တော်ဆိုင်ကယ်ယာဥ်မောင်းလိုင်စင်ကို ဖြေဆိုရန် လျှောက်ထားကြမည့်သူများ အထူးဂရုပြုပါ။ မော်တော်ဆိုင်ကယ်စီးနှင်းနိုင်မှုစွမ်းရည်ကို မြှင့်တင်ရန်နှင့် ယာဥ်မတော်တဆဖြစ်ပွားမှုနှုန်းကို လျော့နည်းစေရန်အတွက် 2024 ခုနှစ် ဇွန်လ 5 ရက်နေ့မှစတင်၍ မော်တော်ဆိုင်ကယ်ရေးဖြေစာမေးပွဲတွင် အန္တရာယ်ရှိစေနိုင်သော သဘောထားအမြင်နှင့် ပတ်သက်သော ဗီဒီယိုမေးခွန်းအသစ်များကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။ မော်တော်ဆိုင်ကယ်ယာဥ်မောင်းစာမေးပွဲကို ဖြေဆိုမည့်သူများ လမ်းပေါ်တွင် ကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို နားလည်စေသလို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို သိရှိရန်အတွက်ဖြစ်သည်။ အဆိုပါ ဌာနမှ အန္တရာယ်ရှိစေနိုင်သော သဘောထားအမြင်နှင့် ပတ်သက်သော ဗီဒီယိုမေးခွန်းအသစ် စုစုပေါင်း 109 ခု ထည့်သွင်းသွားမည်ဖြစ်သလို ဇွန်လ 5 ရက်နေ့မှစ၍ မော်တော်ဆိုင်ကယ် ရေးဖြေစာမေးပွဲတွင် မူလ အခြေအနေဆိုင်ရာ ရုပ်ပုံ မေးခွန်း 10 ခုကို ရုပ်ပုံ မေးခွန်း 5 ခု နှင့် အန္တရာယ်ရှိစေနိုင်သော သဘောထားအမြင်နှင့် ပတ်သက်သော ဗီဒီယိုမေးခွန်း 5 ခု တို့ဖြင့် ပြောင်းလဲသွားမည်ဖြစ်သည်။ အဆိုပါ အန္တရာယ်ရှိစေနိုင်သော သဘောထားအမြင်နှင့် ပတ်သက်သော ဗီဒီယိုမေးခွန်းများသည် အဆိုပါ မေးခွန်းဘဏ် ထဲမှ ကျပန်းရွေးချယ်မည်ဖြစ်ပြီး Multiple Choice မေးခွန်းပုံစံဖြင့် မေးသွားမည်ဖြစ်ပြီး မေးခွန်းတစ်ခုအတွက် 2 မှတ် ပေးသွားမည်ဖြစ်သည်။ ရေးဖြေစားမေးပွဲတွင် မေးခွန်းအရေအတွက်ကို မူလအတိုင်း 50 အဖြစ် သတ်မှတ်ထားမည်ဖြစ်ပြီး အောင်မှတ်မှာ 85 မှတ် ဖြစ်သည်။

မော်တော်ဆိုင်ကယ်စာမေးပွဲကို ဖြေဆိုကြမည့်သူများ ပို့ဆောင်ရေးဌာနတွင် အန္တရာယ်ရှိစေနိုင်သော သဘောထားအမြင်နှင့် ပတ်သက်သော ဗီဒီယိုမေးခွန်းလေ့ကျင့်ရန်သင်ခန်းစာ (https://reurl.cc/kr65Y9) များကို ဒေါင်းလုဒ်လုပ်နိုင်သည်။ စာမေးပွဲမေးခွန်းများကို ဘာသာစကား 8 မျိုး (တရုတ်၊ အင်္ဂလိပ်၊ ဂျပန်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ) ဖြင့် ဖြေဆိုနိုင်သည်။ ထို့အပြင် 2024 ခုနှစ် မေလကုန်တွင် ရေးဖြေစာမေးပွဲအတွက် အစမ်းမေးခွန်းစနစ်ကိုလည်း ထည့်သွင်းပြီး ဗားရှင်းမြင့်သွားမည်ဖြစ်ပြီး အန္တရာယ်ရှိစေနိုင်သော သဘောထားအမြင်နှင့် ပတ်သက်သော ဗီဒီယိုမေးခွန်းများကို ထည့်သွင်းသွားမည်။ အဆိုပါ အစမ်းစာမေးပွဲစနစ်တွင် ဘာသာစကား 8 မျိုးပါဝင်သော ရေးဖြေစာမေးပွဲနှင့် ဘာသာစကား 10 မျိုးပါဝင်သော နှုတ်ဖြေစာမေးပွဲ (ထိုင်ဝမ်စကား၊ ဟက်ကာစကား) တို့ကိုလည်း ထောက်ပံ့ထားသည်။ သို့ဖြစ်ပါ၍ စာမေးပွဲဖြေဆိုမည့်သူများ အဆိုပါ စနစ်ကို (https://reurl.cc/YVx74n) များများ အသုံးပြုပြီး ရေးဖြေစာမေးပွဲဖြေဆိုခြင်းနှင့် ရင်းနှီးကျွမ်းဝင်ရှိအောင် လုပ်‌ဆောင်သင့်သည်။

အဆိုပါ ဌာနမှ ထပ်မံ၍ မော်တော်ဆိုင်ကယ်ရေးဖြေစာမေးပွဲတွင် အန္တရာယ်ရှိစေနိုင်သော သဘောထားအမြင်နှင့် ပတ်သက်သော ဗီဒီယိုမေးခွန်းထည့်သွင်းပြီးနောက် အများပြည်သူများအနေဖြင့် စာမေးပွဲမဖြေဆိုခင် “မော်တော်ဆိုင်ကယ် အန္တရာယ်ရှိစေနိုင်သော သဘောထားအမြင် အသိပညာပေးပလက်ဖောင်း” တွင် စမ်းသပ်လေ့ကျင့်ထားရမည်ဖြစ်ကြောင်းကို အသိပေးထားသည်။ ရေးဖြေစာမေးပွဲနှင့် အသိပညာပေးပလက်ဖောင်း အတွေ့အကြုံများကို ပေါင်းစပ်ထားသည့် မူဝါဒများမှတဆင့် မော်တော်ဆိုင်ကယ်ရေးဖြေစာမေးပွဲတွင် အန္တရာယ်ရှိစေနိုင်သော သဘောထားအမြင်နှင့် ပတ်သက်ပြီး တုံပြန်မှုစွမ်းအားကို အားကောင်းစေပြီး လမ်းအသုံးပြုရေးတွင်  ဖြစ်ပေါ်နိုင်သော အန္တရာယ်အခြေအနေများကို ပိုမိုနားလည်သိရှိစေရန်တို့ဖြစ်သည်။ 2019 ခုနှစ်မှစတင်၍ ပညာရေးဆိုင်ရာပလက်ဖောင်းကို စတင်အသုံးပြုခဲ့သည်မှာ 5 နှစ်ရှိလာပြီ ဖြစ်ပြီး အန္တရာယ်ရှိစေနိုင်သော သဘောထားအမြင်နှင့် ပတ်သက်သော ဗီဒီယိုမေးခွန်းများကို 95 ခု စုဆောင်းထားပြီးဖြစ်သည်။ ထို့အပြင် ပလက်ဖောင်းတွင် လာရောက်လည်ပတ်သူပေါင်း 3 သန်း ရှိမည်ဖြစ်ပြီး အဆိုပါ ဌာနမှလည်း ပလက်ဖောင်းနှင့် ပတ်သက်ပြီး မျက်နှာပြင်နှင့် အန္တရာယ်ရှိစေနိုင်သော သဘောထားအမြင်နှင့် ပတ်သက်သော ဗီဒီယိုခွဲခြမ်းမှုများကို ပိုမို ကောင်းမွန်အောင် လုပ်‌ဆောင်သွားမည်ဖြစ်သည်။ မော်တော်ဆိုင်ကယ်စာမေးပွဲဖြေဆိုမည့်သူများ ရေးဖြေမဖြေခင် ပညာရေးဆိုင်ရာပလက်ဖောင်းကို အသုံးပြုပြီး မိမိကိုယ်ကို ဆန်းစစ်မှုများကို လုပ်ဆောင်ရမည်ဖြစ်သည်။ လာရောက်ကြည့်ရှုသူများအနေဖြင့် ရှင်းလင်းဖော်ပြချက်များကို အပြည့်အဝကြည့်ရှုပြီး လမ်းစည်းကမ်း အသိပညာနှင့် ကာကွယ်ရေးဆိုင်ရာ မောင်းနှင်မှုဆိုင်ရာ သဘောတရားများကို နားလည်သိရှိရန် လုပ်ဆောင်သင့်သည်။ မှန်ကန်သော အန္တရာယ်ရှိစေနိုင်သော သဘောထားအသိအမြင်များဖြင့် မော်တော်ဆိုင်ကယ်စီးနှင်းရာတွင် ဘေးကင်းလုံခြုံမှု ပိုမို ရှိစေရန် လုပ်ဆောင်သွားသင့်သည်။


top