ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

သတင်းအချက်အလက်ဆိုင်ရာ ဝန်ဆောင်မှုများ
သတင်းအချက်အလက်ဆိုင်ရာ ဝန်ဆောင်မှုများ
:::

ရွှေ့ပြောင်းအလုပ်သမားများ အချိန်ကြာကြာ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် လုပ်ခလစာနှင့် ခံစားခွင့်များကို တိုးတက်ကောင်းမွန်လာစေရန် စီစဥ်ထားရှိပေးခြင်း ၊ အရည်အချင်းရှိသော လူ့စွမ်းအားများကို အလုပ်ရှင်များ ထိန်းသိမ်းနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခြင်း

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2024/04/26
  • hit:26

အလုပ်သမားဝန်ကြီးသည် 2022 ခုနှစ် ဧပြီလ 30 ရက်နေ့မှစတင်၍ “ရွှေ့ပြောင်းအလုပ်သမားများ အချိန်ကြာကြာ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအစီအစဥ်”ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြင့် အရည်အချင်းရှိသော၊ အတွေ့အကြုံရင့်သော ရွှေ့ပြောင်းအလုပ်သမားများကို အလယ်အလတ်အဆင့် နည်းပညာဆိုင်ရာ လုပ်သားများအဖြစ် ပြောင်းလဲပြီး ဆက်လက်ထိန်းသိမ်းထားရန်အတွက် အလုပ်ရှင်များကို ကူညီပေးလျက်ရှိသည်။ စက်မှုအလယ်အလတ်တန်းရဲ့ လစာမှာ အနည်းဆုံး ထိုင်ဝမ်ဒေါ်လာ 3.3 သောင်း အထက်ဖြစ်ပြီး မိသားစုအလယ်အလတ်တန်းရဲ့ လစာမှာ 2.4 သောင်းအထက်ဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမားများ ပြောင်းရွှေ့ပြီးနောက် ၎င်းတို့၏ လစာများကို တိုးမြင့်လာစေခြင်းဖြင့်လည်း ထိုင်ဝမ်တွင် ဆက်လက်နေလိုစိတ်များကို တိုးမြှင့်စေလာသည်။ အလုပ်ရှင်များဘက်မှ အလုပ်အကိုင်အာမခံအခကြေးငွေ ပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ကို ရရှိနိုင်ပါသည်။ ပြီးခဲ့သည့် 1 နှစ်အတွင်း အလုပ်ရှင်ဘက်မှ အလုပ်သမားပေါင်း 2.6 သောင်းကျော်ကို ဆက်လက်ထိန်းသိမ်း အလုပ်လုပ်စေနိုင်ခဲ့သည်။ အလုပ်သမားနှင့် အလုပ်ရှင်နှစ်ဦးနှစ်ဘက်လုံး၏ အကျိုးစီးပွားများကို ထည့်သွင်းစဥ်းစားခြင်းဖြင့် နှစ်ဦးနှစ်ဘက်စလုံးအတွက် ရလဒ်ကောင်းများကို ရရှိစေခဲ့သည်။

ထိုင်ဝမ်၏ လူဦးရေဖွဲ့စည်းပုံ ပြောင်းလဲလာမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် စက်မှုလုပ်ငန်းရှင်များမှ အရည်အချင်း ဆက်လက်ထိန်းသိမ်းရေးနှင့် မိသားစုစောင့်ရှောက်မှုစသည့် လိုအပ်ချက်များမှာ မြင့်တက်လာခဲ့သည်။ အလုပ်သမားဝန်ကြီးဌာနမှ ရွှေ့ပြောင်းအလုပ်သမားများ အချိန်ကြာကြာ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအစီအစဥ်ကို အကောင်အထည်ဖော်လာခဲ့ပြီး အတွေ့အကြုံ 6 နှစ်အထက်ရှိပြီး နည်းပညာဆိုင်ရာ လိုအပ်ချက်နှင့် ကိုက်ညီသော ထူးချွန်သော ရွှေ့ပြောင်းအလုပ်သမားများဖြစ်ပြီး အလုပ်ရှင်များမှ စက်မှုလုပ်ငန်းအမျိုးအစားများတွင် တစ်လလစာသည် 3.3 သောင်းအထက် ၊ မိသားစုအမျိုးအစားတွင် 2.4 သောင်းအထက် ၊ အဖွဲ့အစည်းအမျိုးအစားများတွင် 2.9 သောင်းအထက်နှင့် ခန့်အပ်ထားခြင်းဖြစ်ပါက အလယ်အလတ်အဆင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားများအဖြစ်သို့ ပြောင်းရွှေ့လျှောက်ထားနိုင်ပါသည်။ ထို့အပြင် အလုပ်ရှင်အနေဖြင့် ရွှေ့ပြောင်းအလုပ်သမား၏ နည်းပညာအရည်အချင်းကို တိုင်းတာပြီး ဆက်လက်ထိန်းသိမ်းလိုသည့် ဆန္ဒများရှိပါက လုပ်အားခ လစာကို စက်မှုအမျိုးအစားများအတွက် တစ်လလစာကို 3.5 သောင်းအထက်၊ မိသားစုအမျိုးအစားအတွက် 2.6 သောင်းအထက်၊ အဖွဲ့အစည်းအမျိုးအစားများအတွက် 3.1 သောင်းအထက် တိုးမြှင့်သွားရမည်ဖြစ်ပြီး အလုပ်ရှင်များအနေဖြင့် လျှောက်ထားချိန်တွင် နိုင်ငံခြားသား နည်းပညာဆိုင်ရာအရည်အချင်း အထောက်အထားများကို ပူးတွဲတင်ပြရန် လိုအပ်မည်မဟုတ်ပါ။

ပြီးခဲ့သည့် တစ်နှစ်ကျော် 2022 ခုနှစ် ဧပြီလ 30 ရက်နေ့မှ 2024 ခုနှစ် မတ်လကုန်အထိ အလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ နိုင်ငံခြား အလယ်အလတ်နည်းပညာဆိုင်ရာ လူ့စွမ်းအား 26,545 ဦးကို ခွင့်ပြုခဲ့ပြီး ဖြစ်ပြီး ၎င်းတို့အနက်မှ စက်မှုလုပ်ငန်းအမျိုးအစားတွင် လူပေါင်း 10,805 ဦး၊ လူမှုဖူလုံရေးအမျိုးအစားတွင် 15,740 ဦး ပါဝင်ပါသည်။ နည်းပညာဆိုင်ရာ အရည်အချင်းစစ်လျှောက်ထားမှုကို ကြည့်မည်ဆိုပါက အလုပ်ရှင်အများစုမှာ နိုင်ငံခြားနည်းပညာဆိုင်ရာ လက်မှတ်တင်ပြရန်မလိုဘဲ လစာတိုးမြှင့်ခြင်းဖြင့် လျှောက်ထားလိုကြပါသည်။ စက်မှုအမျိုးအစားဖြစ်သော ထိုင်ဝမ်ဒေါ်လာ 3.5 သောင်းအထက်ဖြင့် လျှောက်ထားမှုသည် စုစုပေါင်း စက်မှုအမျိုးအစား လျှောက်လွှာကိစ္စများရဲ့ 83.3 % ရှိပါသည်။ 2.6 သောင်းအထက်ဖြင့် လျှောက်ထားသော မိသားစုအမျိုးအစားသည် 81.7% ရှိပြီး 3.1 သောင်းအထက် အဖွဲ့အစည်းအမျိုးအစားဖြင့် လျှောက်ထားမှုသည် 86.5% ရှိပါသည်။ ဤသည်ဖြင့် ရွှေ့ပြောင်းအလုပ်သမားများ အလယ်အလတ်အဆင့် နည်းပညာဆိုင်ရာ လူ့စွမ်းအားအဖြစ် ပြောင်းလဲနိုင်ပြီး လစာနှင့် ခံစားခွင့်များကိုလည်း ထိရောက်စွာ မြှင့်တင်နိုင်ပါသည်။

အလုပ်သမားဝန်ကြီးဌာနမှ ဆက်လက်ပြီး အလုပ်ရှင်များသည် ရွှေ့ပြောင်းအလုပ်သမားများကို အလယ်အလတ် နည်းပညာဆိုင်ရာ လုပ်သားများအဖြစ် ပြောင်းလဲပြီးပါက ရွှေ့ပြောင်းအလုပ်သများအတွက် လုပ်ခလစာနှင့် ခံစားခွင့်များကို တိုးမြှင့်ပေးသည့်အပြင် အလုပ်လုပ်ကိုင်နိုင်သည့် နှစ်များဟူ၍ ကန့်သတ်ချက်များ မရှိတော့ဘဲ ထိုင်ဝမ်တွင် အချိန်ကြာရှည်စွာ နေထိုင်နိုင်သည်ကိုလည်း ထည့်သွင်းရှင်းပြခဲ့သည်။ ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားများသည် အလယ်အလတ်နည်းပညာလူ့စွမ်းအားများအဖြစ် ပြောင်းရွှေ့ပြီးနောက်တွင် မူလခွဲတမ်းတွင် အခြားသော ရွှေ့ပြောင်းအလုပ်သမားသစ်များကို ထပ်မံလျှောက်ထားနိုင်ပါသည်။ ဤနည်းဖြင့် အလုပ်ရှင်များမှ လူအင်အားနှင့် လုပ်ငန်းဆောင်ရွက်မှုအပိုင်းတို့တွင် ပိုမိုချောမွေ့အဆင်ပြေစေမည်ဖြစ်သည်။

ဥပမာအနေဖြင့် ထိုင်ဝမ်ဆီမီးကွန်ဒက်တာထုပ်ပိုးခြင်းနှင့် စမ်းသပ်သည့်စက်ရုံတစ်ခုဖြစ်သော ASE Technology Holding ကို ကြည့်မည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနမှ “ရွှေ့ပြောင်းအလုပ်သမားများ အချိန်ကြာကြာ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအစီအစဥ်” ကို မြှင့်တင်နေကြောင်းကို သိသည်နှင့် စက်ရုံအတွင်းရှိ လက်ရှိဝန်ထမ်းများကို စဥ်ဆက်မပြတ် ခန့်အပ်ထားခဲ့ပြီး ထူးချွန်ပြီး အတွေ့အကြုံရင့်သော ရွှေ့ပြောင်းအလုပ်သမားပေါင်း ၁၀၀ ကျော်ကို အလယ်အလတ်အဆင့် နည်းပညာဆိုင်ရာ လူ့စွမ်းအားများအဖြစ် လွှဲပြောင်းလျှောက်ထားခဲ့သည်။ ASE Technology Holding မှ ကုမ္ပဏီအနေဖြင့် အရည်အချင်းရှိသူများကို အားပေးပြီး လူ့စွမ်းအားများကို လေးစားသော လုပ်ငန်းရှင်ဖြစ်သလို ကုမ္ပဏီဘက်မှလည်း ထိုင်ဝမ်ပြည်တွင်း ဝန်ထမ်းများစွာကို ခေါ်ယူသလို ရွှေ့ပြောင်းလုပ်သားများစွာကို ခေါ်ယူခန့်အပ်ထားခဲ့သည်။ သို့ပေမယ့် ထိုင်ဝမ်၏ ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်နိုင်သည့် နှစ်အကန့်အသတ်ရှိသည့် စည်းမျဥ်းများကြောင့် 10 နှစ် ကြာ တာဝန်ထမ်းဆောင်ခဲ့သော အရည်အချင်းရှိသည့် အတွေ့အကြုံရင့်ရှိသည့် ရွှေ့ပြောင်းလုပ်သားများစွာကို မိမိနိုင်ငံသို့သာ ပြန်စေခဲ့ခြင်း သို့မဟုတ် အခြားသော နိုင်ငံများသို့ ပို့ဆောင်အလုပ်လုပ်စေခဲ့သည်။ သို့ဖြစ်ပါ၍ “ရွှေ့ပြောင်းအလုပ်သမားများ အချိန်ကြာကြာ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအစီအစဥ်” အကြောင်းကို ကြားသိသိချင်းမှာပင် ထိုမူဝါဒကို အင်တိုက်အားတိုက် ပူးပေါင်း‌ဆောင်ရွက်ပြီး ပိုမိုကောင်းမွန်သော လုပ်အားလစာနှင့် ခံစားခွင့်များကို ပေးခဲ့သည်။ ဤနည်းဖြင့် နည်းပညာနှင့်ပတ်သက်၍ အရည်အချင်းတစ်ခုရှိပြီးသော ထူးချွန်သည့် ရွှေ့ပြောင်းလုပ်သားများကို အလယ်အလတ်အဆင့် နည်းပညာဆိုင်ရာ လူ့စွမ်းအားများအဖြစ် ပြောင်းလဲစေခဲ့သည်။ လက်တွေ့တွင်လည်း အငယ်တန်းကြီးကြပ်ရေးမှူး သို့မဟုတ် ကြီးကြပ်ရေးမှူးများအဖြစ် ရာထူးတိုးမြှင့်ပေးနိုင်ခဲ့ပြီး စက်ရုံအတွင်းရှိ အခြားသော ဝန်ထမ်းများ၏ ကြိုးစားမှုပန်းတိုင်တစ်ခုအဖြစ် ရှိစေခဲ့သည်။ ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားများအားလုံး၏ ဗဟိုချက်စွမ်းအားအဖြစ် မြှင့်တင်ပေးနိုင်ခဲ့ပြီး ကုမ္ပဏီ၏ ရေရှည်တည်ငြိမ်သော ကုန်ထုတ်စွမ်းအားကို ရရှိစေခဲ့သည်။ သို့ဖြစ်ပါ၍ ကုမ္ပဏီဘက်မှ “ရွှေ့ပြောင်းအလုပ်သမားများ အချိန်ကြာကြာ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအစီအစဥ်”ကို အားပေးထောက်ခံခဲ့သည်။

အလုပ်သမားဝန်ကြီးဌာနမှ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ ခန့်မှန်းချက်အရ အသက် 16 နှစ်မှ 64 နှစ်အတွင်း အလုပ်လုပ်ကိုင်နိုင်သော အသက်အရွယ်ဦး‌ရေသည် ဆက်လက်ကျဆင်းနေလျက်ရှိပြီး အလယ်အလတ်အဆင့်လုပ်သားအင်အားများ နည်းပါးနေကြောင်းကိုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။ ပြည်တွင်းနိုင်ငံသားများ၏ အလုပ်အကိုင်ကို ဦးစားပေးခြင်းအပြင် “ရွှေ့ပြောင်းအလုပ်သမားများ အချိန်ကြာကြာ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအစီအစဥ်”ကို အထိုက်အလျောက်အသုံးပြုခြင်းဖြင့် အရည်အချင်းပြည့်ဝသော နိုင်ငံခြား အလယ်အလတ် ကျွမ်းကျင်လုပ်သားများကို ဆက်လက်နေထိုင်စေလျက်ရှိသည်။ ထို့အပြင် 2030 ခုနှစ်တွင် လုပ်သားဖြည့်စွက်မှုအတွက် နိုင်ငံခြား အလယ်အလတ်အဆင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်း 140,000 အထိ သွားရန် ရည်ရွယ်လျက်ရှိကြောင်းကိုလည်း အလုပ်သမားဝန်ကြီးဌာနမှ ဆက်လက်ဖြည့်စွက် ပြောကြားထားသည်။ 2024 ခုနှစ် မတ်လကုန်အထိ နိုင်ငံခြားသား အလယ်အလတ်အဆင့် နည်းပညာဆိုင်ရာ လူ့စွမ်းအားပေါင်း 26,545 ကို အတည်ပြုပြီး ဖြစ်သလို 2023 ခုနှစ် မတ်လကုန်နှင့် နှိုင်းယှဥ်ပါက 5,376 ဦးဖြင့် လျှောက်ထားသူအရေအတွက်သည် 3.9 ဆ တိုးလာပါသည်။ 2023 ခုနှစ် တစ်နှစ်တည်း၏ လျှောက်ထားသူဦးရေမှာ 20,457 ဦးရှိပြီး မူလတစ်နှစ်တည်း၏ လျာထားသော အရေအတွက်ထက် 1 ၁ ပိုများလာသည်။ အလုပ်ရှင်များ၏ လျှောက်ထားပေးလိုသော စိတ်ဆန္ဒများမှာ မြှင့်တက်လျက်ရှိသည်။

ASE Technology Holding လိုမျိုးသော အခြားသော စက်မှုနှင့် မိသားစုအမျိုးအစားကို ကူညီပေးနိုင်ရန် အလုပ်သမားဝန်ကြီးဌာနမှ “ရွှေ့ပြောင်းအလုပ်သမားများ အချိန်ကြာကြာ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအစီအစဥ် ဝန်ဆောင်မှုဝဘ်ဆိုက်” (ဝဘ်ဆိုက် - https://lrsc.wda.gov.tw) နှင့် “ရွှေ့ပြောင်းအလုပ်သမားများ အချိန်ကြာကြာ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအစီအစဥ် ဝန်ဆောင်မှုစင်တာ” (ဖုန်း - 03-659-1996 , လိပ်စာ - No. 195, Gaotie 8th Rd, Zhubei City, Hsinchu County) တို့ကို ပြင်ဆင်ပေးခဲ့သည်။ သတ်မှတ်ကောင်တာများမှတဆင့် အများပြည်သူများအတွက် သက်ဆိုင်ရာဝန်ဆောင်မှုများကို အကြွင်းမဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။


top