ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

စွမ်းအင်ချွေတာသုံး လျှပ်စစ်ပစ္စည်းများကို ဝယ်ယူပါ။ အင်တာနက်တွင် ဝယ်ယူပစ္စည်းအခွန်ကို လျှော့ပေါ့ပေးပြီး ပြန်အမ်းငွေကို ရရှိနိုင်ရန် လျှောက်ထားနိုင်သည်။ မြန်ဆန်သလို အဆင်ပြေပါသည်။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2024/04/26
  • hit:18

ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုခရိုင်အကောက်ခွန်ဗျူရိုမှ ပြည်သူများ စွမ်းအင်ချွေတာသုံး လျှစ်စစ်ပစ္စည်းများကို ပိုမို သုံးစွဲလာစေရန်နှင့် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချခြင်းဖြင့် ကမ္ဘာမြေကြီးကို ပိုမို လိုက်လျောညီထွေမျှတမှုရှိစေရန် 2025 ခုနှစ် ဇွန်လ 14 ရက်နေ့မတိုင်မီ စီးပွားရေးဝန်ကြီးဌာနမှ အတည်ပြုထားသော စွမ်းအင်ထိရောက်မှုအဆင့် 1 သို့မဟုတ် 2 ရှိသော ရေခဲသေတ္တာ၊ အဲယားကွန်း(ဟီတာ) သို့မဟုတ် စိုထိုင်းမှုလျှော့ချပေးစက်တို့ကို ဝယ်ယူထားပါက  အင်တာနက်လင့်ခ်မှတဆင့် ဘဏ္ဍာရေးဝန်ကြီးဌာနအခွန်ပေါ်တယ် (https://www.etax.nat.gov.tw/ အခွန်အချက်အလက်များ/စွမ်းအင်ချွေတာသုံးပစ္စည်းများ ဝယ်ယူမှုအတွက် ကုန်စည်ခွန်ပြန်အမ်းခြင်းနှင့် လျှော့ခြင်းအတွက် အထူးဧရိယာ/စားသုံးသူအွန်လိုင်းလျှောက်လွှာ) သို့ သွားရောက်ပြီး ပြန်အမ်းငွေကို မြန်မြန်ဆန်ဆန်နှင့် အဆင်ပြေစွာ လျှောက်ထားနိုင်ပါသည်။

ဤဗျူရိုမှလည်း အင်တာနက် အွန်လိုင်းပေါ်တွင် ကုန်စည်ခွန်ပြန်အမ်းရန်အတွက် ပြန်အမ်းငွေကို လျှောက်ထားရာတွင် အောက်ဖော်ပြပါ ပူးတွဲပါ ဖိုင်များကို အပ်လုဒ်လုပ်ရမည်ဖြစ်ကြောင်းကိုလည်း ဆက်လက်ရှင်းပြထားခဲ့သည်။

1.စုပေါင်းပြေစာ သို့မဟုတ် ပြေစာ (ခလောက်ပြေစာ နှင့် အီလက်ထရွန်နစ် ပြေစာလက်မှတ်တို့ဖြစ်ပါက ကင်းလွတ်ခွင့်ရှိပါသည်)။

2.အခွန်ငွေ ပြန်အမ်းပေးရမည့် ငွေစုစာအုပ် မျက်နှာဖုံး။

3.လျှပ်စစ်ပစ္စည်းများအတွက် အာမခံကတ် သို့မဟုတ် အာမခံလက်မှတ်။

ထို့အပြင် အထက်ဖော်ပြပါ ပူးတွဲပါ ဖိုင်များကို အပ်လုဒ်လုပ်ရာတွင် ဖိုင် 1 ခုတည်းအဖြစ် (အများဆုံး 2 ခုအဖြစ်) လုပ်ဆောင်ပေးပါ။ ဖိုင်ဆိုဒ်သည် 8MB ထက် မကျော်ရပါ။ (ပူးတွဲဖိုင်အမည်ကို doc,docx,xls,xlsx,odt,ods,pdf, jpg,jpeg,png,tif သို့မဟုတ် gif အဖြစ် သတ်မှတ်ရမည်။) အကယ်၍ ဖိုင်ဆိုဒ်သည် အလွန်ကြီးနေပါက စုပေါင်းပြေစာ၊ လျှပ်စစ်ပစ္စည်းများအတွက် အာမခံကတ် သို့မဟုတ် အာမခံလက်မှတ်နှင့် ဘဏ်စာအုပ်တို့ကို ဓာတ်ပုံတစ်ပုံအဖြစ် ရိုက်ပြီး ပေးပို့နိုင်သည်။

ဤဗျူရိုမှ ဝယ်ယူသူများသည် ဝယ်ယူရာတွင် သတ်မှတ်ဥပဒေများနှင့် ကိုက်ညီသော လျှပ်စစ်ပစ္စည်းထုတ်ကုန်များကို ဝယ်ယူရမည်ဖြစ်သလို စုပေါင်းပြေစာ သို့မဟုတ် ပြေစာတွင် ပါရှိသော ဝယ်ယူသည့်ရက်စွဲသည် ဝယ်ယူပြီး နောက်တစ်ရက်မှ စတင်ကာ 6 လအတွင်း လျှောက်ထားရမည်ဖြစ်သည်ကို အထူး သတိပေးထားသည်။ သတ်မှတ်ရက်ထက် ကျော်လွန်နောက်ကျပါက ပြန်အမ်းငွေကို လျှောက်ထားနိုင်မည်မဟုတ်ပါ။ အများပြည်သူများအနေဖြင့် မေးစရာတစ်စုံတစ်ရာ ရှိပါက အခမဲ့ ဝန်ဆောင်မှုန်ဖုန်းလိုင်း 0800-000321 ဆက်သွယ်ခေါ်ဆိုနိုင်သည်။


top