မီးလောင်ကျွမ်းမှုတွင် နံပါတ်တစ် လူသတ်သမား - မီးခိုးထူထူများ (မီးလောင်ကျွမ်းမှုမှ လွတ်မြောက်ရန် ထွက်ပြေးသည့်အခါ မီးခိုးထူထူများကို သတိပြုပါ)
- နေရာ:臺灣
- ရကျစှဲ:
- အာဏာပိုင်:
- နောကျဆုံးအခွအေနေ:2024/04/26
- hit:22
မီးလောင်ကျွမ်းမှုတွင် အန္တရာယ်အရှိဆုံးအရာမှာ မီးခိုးထူထူတွေဆိုတာကို သင်သိပါသလား။
မီးခိုထူထူများသည် အဆောက်အဦးအတွင်းတွင် ပျံ့နှံ့နှုန်းသည် မီးတောက်များထက် ပိုမို မြန်ဆန်ပါသည်။ ကာဗွန်မိုနောက်ဆိုဒ်နှင့် အဆိပ်ဓာတ်ငွေ့ပါရှိသော မီးခိုးများကို ရှူရှိုက်မိပါက သတိမေ့မြောခြင်း၊ သတိလစ်ခြင်းနှင့် အောက်ဆီဂျင်မလုံလောက်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။
1. မီးလောင်ကျွမ်းမှု အစောပိုင်းအဆင့်တွင် အမြန်ဆုံး လွတ်မြောက်နိုင်ရန် နည်းလမ်းကို ကျင့်သုံးရမည်။ နိမ့်သော ကိုယ်ဟန်အနေအထားများ (မြေပြင်ပေါ်တွင် ဒူးထောက်သွားလာခြင်း၊ ပါးစပ်နှင့် နှာခေါင်းတို့ကို နှိမ့်နှိမ့် ချထားခြင်း သို့မဟုတ် တံတောင်ဆစ်များကို မြေကြီးပေါ်တွင် တင်ထားသော အနေအထား ရှိစေခြင်း) တို့ဖြင့် တွားသွားရမည်ဖြစ်သည်။
2. မီးလောင်ကျွမ်းမှု နောက်ပိုင်းအဆင့်တွင် မီးလောင်မှုကြောင့် မီးခိုးထူထူများ ထွက်ပေါ်လာပါက အသက်ဘေးမှ လွတ်မြောက်ရန် ထွက်ပေါက် လမ်းကြောင်းတို့ကို ပိတ်ဆို့စေနိုင်သဖြင့် လုံခြုံသော နေရာများကို ရှာရမည်။ ထိုနေရာများတွင် တံခါးကို ပိတ်ထားပြီး ဝရန်တာ သို့မဟုတ် ပြတင်းပေါက်နှင့် နီးကပ်သော နေရာများတွင် ရှိနေကာ အကူအညီများကို တောင်းခံရမည်ဖြစ်သည်။