ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

နိုင်ငံသားသစ် IFI Network+ “ပျော်ရွှင်မှု၊ သာယာမှုတွေ အတူတကွ ရောက်လာမည်” လှုပ်ရှားမှု

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2024/02/02
  • hit:24

ဆောင်းရာသီ ပိတ်ရက် နီးကပ်လာတာနှင့်အမျှ နွေဦးပွဲတော်ဟာလည်း နီးကပ်လို့ လာပြီပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ စည်ကားပြီး သက်ဝင်လှုပ်ရှားနေတဲ့ အိမ်ပြန်ခရီးကို စတင်ဖို့အတွက် အဆင့်သင့် ဖြစ်နေပါပြီလား။ သဘာဝရှုခင်းတွေ၊ ထူးခြားတဲ့ အထင်ကရ နေရာတွေ၊ ဒါမှမဟုတ် လွမ်းဆွတ်သရေကျစရာ စားကောင်းသောက်ဖွယ်တွေကြောင့် ကျွန်တော်/မတို့ရဲ့ မွေးရပ်မြေဇာတိမြို့လေးဟာ အမြဲလှပတဲ့ အမှတ်တရတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ IFI Network+ မှ သင့်ဘဝရဲ့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေကို မျှဝေပေးပြီး ပျော်ရွှင်မှုတွေကို ဖန်တီးခြင်းနှင့်အတူ အားလုံးရဲ့ နှစ်သစ်အတွက် အားအင်တွေကို ကံကောင်းခြင်းတွေနဲ့ “အတူတကွ” ဖြစ်နေဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ဒီလိုမျိုး လုပ်ဆောင်မှုအပြီးမှာ အားလုံးအနေနဲ့ ခဲခြစ်ဂိမ်းမှာ ပါဝင်နိုင်ကြပြီး ဆုလာဘ်ဆောင်ကြီးတွေကို အိမ်ကို သယ်ယူသွားဖို့ အခွင့်အရေးကို ရယူလိုက်ကြပါ။

1. လှုပ်ရှားမှုအမည် - ပျော်ရွှင်မှု၊ သာယာမှုတွေ အတူတကွ ရောက်လာမည်

2. လှုပ်ရှားမှုအချိန် -

(1) လှုပ်ရှားမှု ရက်စွဲ - 2024 ခုနှစ် ဖေဖော်ဝါရီလ 1 ရက်နေ့ မှ 2024 ခုနှစ် ဖေဖော်ဝါရီလ 29 ရက်နေ့ ထိ

(2) ဆုရရှိသူကို ကြေငြာမည့်နေ့ - 2024 ခုနှစ် မတ်လ 10 ရက်နေ့ မတိုင်မီ

3. ဦးစီးကျင်းပသည့် အဖွဲ့အစည်းနှင့် တာဝန်ယူစီစဥ်သည့် အဖွဲ့အစည်း -

(1) ဦးစီးကျင်းပသည့် အဖွဲ့အစည်း - ပြည်ထဲရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ

(2) တာဝန်ယူစီစဥ်သည့် အဖွဲ့အစည်း - E-service Information Corporation

4. လှုပ်ရှားမှု ခေါင်းစဥ် နှင့် ကန့်သတ်ချက်များ -

(1) မွေးရပ်မြေဇာတိကို ကိုယ်စားပြုသော သင်္ကေတဓာတ်ပုံများ၊ ဥပမာ။ ။ သဘာဝရှုခင်းဓာတ်ပုံ၊ အစားအသောက်ဓာတ်ပုံနှင့် အထင်ကရနေရာ (အဆောက်အဦး)ဓာတ်ပုံဟူ၍ စုစုပေါင်း ရွေးချယ်စရာ (၃) မျိုး ရှိသည်။ ပါဝင်ဆင်နွှဲသူများအနေဖြင့် ၎င်းတို့ထဲမှ တစ်မျိုးကို ရွေးချယ်၍ ရိုက်ကူးဖန်တီးနိုင်သည်။

(2) ပေးပို့သော လက်ရာများသည် အထက်ဖော်ပြပါ ခေါင်းစဥ်နှင့် ကိုက်ညီမှု ရှိရမည်။ တခြား ရိုက်ကူးရေးပစ္စည်းများနှင့် အကြောင်းအရာများကိုတော့ ကန့်သတ်ထားခြင်းမရှိပါ။

(3) ရိုက်ကူးထားသော ဓာတ်ပုံများကို လှုပ်ရှားမှုပလက်ဖောင်းပေါ်သို့ တင်ပြီးနောက်တွင် ဓာတ်ပုံခေါင်းစဥ်တွင် အဆိုပါ လက်ရာသည် မည်သည့်နိုင်ငံကို ကိုယ်စားပြုသည်ဆိုတာကို မှတ်ချက်အနေဖြင့် ဖော်ပြရမည်။ ဓာတ်ပုံနှင့် ပတ်သက်၍ ဖော်ပြချက်၊ မိတ်ဆက်မှုများသည် အပေါ်ဖော်ပြထားပါ အမျိုးအစား (၃) မျိုးထဲမှ တစ်မျိုးဖြစ်ရမည်ဖြစ်ပြီး လက်ရာနှင့်ပတ်သက်၍ အယူအဆ၊ နောက်ခံသမိုင်းစသည်တို့ကို သက်ဆိုင်ရာ စာသားများဖြင့် ဖော်ပြခွင့်ရှိသည်။ ဥပမာ -

A “ဂျပန်” သဘာဝရှုခင်း - ဖူဂျီတောင်

B “ထိုင်း” အစားအစာ - သရက်သီးကောက်ညှင်း

C “စင်္ကာပူ” အထင်ကရအ‌ဆောက်အဦး - ခြင်္သေ့ခေါင်းနှင့် ငါးမြီး (Merlion)

5. လှုပ်ရှားမှုအဆင့် -

(1) ခေါင်းစဥ် ၊ အမျိုးအစားတို့သည် ကိုက်ညီမှု ရှိရမည်။ ရိုက်ကူးထားသော ဓာတ်ပုံသည် မွေးရပ်ဇာတိမြေကို ကိုယ်စားပြုရမည်။

(2) အထက်ဖော်ပြပါ ဓာတ်ပုံကို လှုပ်ရှားမှုစာမျက်နှာတွင် အပ်လုတ် “ပေးပို့” ရမည်။

(3) ဓာတ်ပုံခေါင်းစဥ်တွင် မည်သည့်နိုင်ငံကို ကိုယ်စားပြုကြောင်း ဖော်ပြရမည်။ ဥပမာ။ ဗီယက်နမ်နိုင်ငံ

(4) ဓာတ်ပုံဖော်ပြချက်တွင် ဓာတ်ပုံသည် အမျိုးအစား (၃) မျိုးထဲမှ မည်သည့်အမျိုးအစားနှင့် သက်ဆိုင်သည်ကို ဖော်ပြရမည်။

6. လှုပ်ရှားမှု ပလက်ဖောင်း -https://feversocial.com/46526/IFI-29759

7. လှုပ်ရှားမှု ဆုလာဘ်ဆောင် - 2-in-1 ဓားသွားမပါဝင်သော လေကိုသန့်စင်ပေးနိုင်သည့် ပန်ကာ ၁ လုံး ၊ ကြိုးမဲ့အားသွင်းရေစိုခံ မော်တော်ဆိုင်သုံး ဖုန်းထောင်ထားနိုင်သည့် စင် ၅ လုံး

8. ဂရုပြုရမည့် အချက်များ -

(1) ပြည်သူများအနေဖြင့် ကြိမ်ဖန်များစွာ လက်ရာများကို ပေးပို့ပြီး လှုပ်ရှားမှုတွင် ပါဝင်နိုင်သည်။ သို့သော် LINE@ တွင် သူငယ်ချင်းအဖြစ် အပ်နှံထားမှသာ မဲနှိုက်သည့်အစီအစဥ်တွင် ပါဝင်ခွင့်ရှိသည်။။ အကောင့်တစ်ခုလျှင် မဲတစ်ကြိမ်သာ နှိုက်ခွင့်ရှိသည်။

(2) စစ်ဆေးအကဲဖြတ်ပြီးနောက် ဆုရရှိသူသည် လှုပ်ရှားမှုခေါင်းစဥ်နှင့် ကိုက်ညီမှု မရှိပါက ပွဲစီစဥ်သူမှ ဆုကြေးကို မပေးအပ်ပိုင်ခွင့် ရှိသည်။

(3) သင့်လျော်မှုမရှိသော လက်ရာရုပ်ပုံစာသားများဖြစ်ပါက ပွဲစီစဥ်သူမှ ဖယ်ရှားပိုင်ခွင့် ရှိသည်။

(4) ဤလှုပ်ရှားမှု၏ လက်ဆောင်ပစ္စည်းများကို ပေးပို့ပေးမည့်ဒေသများ - ထိုင်ဝမ် ၊ ဖုန်ဟူ ၊ ကျင်းမိန် ၊ မားကျူကျွန်းများသာ

(5) အကယ်၍ ဆဲဆိုသော ၊ အကောင်းမြင်သဘောမဆောင်သော ၊ ရည်ရွယ်ချက်ရှိရှိ အမည်ဂုဏ်သိက္ခာကို ဖျက်စီးလိုသော စသည့် စကားများပါခြင်းတို့သည် မဲနှိုက်ခွင့်ရှိသည့်

အရည်အချင်းနှင့် ကိုက်ညီမည်မဟုတ်ပါ။

(6) ပွဲစီစဥ်သူမှ နောက်ဆုံး ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ လှုပ်ရှားမှုနှင့်ပတ်သက်၍ ရှင်းလင်းခြင်း ၊ အဆိုပါလှုပ်ရှားမှုကို ဖယ်ရှားခြင်းများ ပြုလုပ်ပိုင်ခွင့်ရှိသည်။


top