ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

စားသုံးသူအား ကာကွယ်ပေးရေး
စားသုံးသူအား ကာကွယ်ပေးရေး
:::

တရုတ်နှစ်သစ်ကူး နီးကပ်လာပြီဖြစ်သည့်အတွက် သင့်ကျန်းမာရေးကို ဂရုစိုက်သည့်အနေဖြင့် အမျိုးအမည်မသိသော တန်ဖိုးနည်း ဆေးလိပ်နှင့် အရက်ထုတ်ကုန်များကို မဝယ်ယူပါနှင့်။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2024/02/02
  • hit:23

ဘဏ္ဍာရေးဝန်ကြီးဌာန ထိုင်ပေအကောက်ခွန်ဗျူရိုမှ တရုတ်နှစ်သစ်ကူးကာလ နီးကပ်လာပြီဖြစ်သည့်အတွက် ဆေးလိပ်နှင့် အရက်ထုတ်ကုန် ဝယ်လိုအားသည် သိသိသာသာ တိုးလာသည်ကို ဖော်ပြထားသည်။ သို့ဖြစ်ပါ၍ စားသုံးသူများအနေဖြင့် မိမိ၏ ကျန်းမာရေးကို ဂရုစိုက်သည့်အနေဖြင့် တန်ဖိုးနည်းပစ္စည်းနောက လိုက်ပြီး အမျိုးအမည်မသိသော ဆေးလိပ်နှင့် အရက်ထုတ်ကုန်များကို မဝယ်ယူပါနှင့်။ ဘဏ္ဍာရေးဝန်ကြီးဌာနမှ စားသုံးသူများအနေဖြင့် ဆေးလိပ်နှင့် အရက်ထုတ်ကုန်များကို ဝယ်ယူသည့်အခါ ဆေးလိပ်ထုတ်ကုန်ဖြစ်သော ‌ဆေးလိပ်ဗူးပေါ်တွင် မှတ်ပုံတင်နံပါတ်  (N51.8 ၊ T51. သို့မဟုတ် NT51.8) နှင့် သက်တမ်းကုန်ဆုံးရက်စွဲတို့ကို ရိုက်နှိပ်ထားခြင်းရှိမရှိကို သတိထားကြည့်ရန် သတိပေးထားသည်။ အရက်ထုတ်ကုန်အတွက် ပုလင်းအဖုံးသည် ပြီးပြည့်စုံခြင်းရှိမရှိကို စစ်ဆေးဖို့လိုသလို ဈေးနှုန်းတန်ဖိုးသည်လည်း ပုံမှန်ထက် နည်းမနည်းကို ဂရုပြုရမည်။ ဆေးလိပ်နှင့် အရက်ထုတ်ကုန်ဈေးကွက်အတွင်း ထုတ်လုပ်မှုနှင့် ရောင်းချမှု အစီအစဥ်ကို ထိန်းသိမ်းထားနိုင်ရန်အတွက် ခရိုင်နှင့် မြို့နယ်အစိုးရ၊ တိုင်းဒေသကြီးအကောက်ခွန်ဗျူရိုတို့မှ တရားဝင်စီးပွားရေးလုပ်ငန်းများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားတို့ကို ကာကွယ်ရန်နှင့် စားသုံးသူတို့၏ ကျန်းမာရေးကို ကာကွယ်ရန်အလို့ငှာ ထုတ်လုပ်မှုစနစ်တွင် စစ်ဆေးမှုများ သို့မဟုတ် မှောင်ခိုသွင်းခြင်း ၊ အရည်အသွေးနိမ့် ဆေးလိပ်နှင့် အရက်တို့ကို စစ်ဆေးမှုများ စသည်တို့ကို အားကောင်းလာအောင် ဆက်လက်လုပ်ဆောင်သွားမည်။ ဘဏ္ဍာရေးဌာနမှ ဆေးလိပ်အရက်ခွန်ကောက်ခံမှုနှင့်ပတ်သက်ပြီး ဆေးလိပ်အတွက် တစ်ဗူးလျှင် ဆေးလိပ်အတောင့် 20 တောင့်ကို ဥပမာအဖြစ် ဖော်ပြထားသည်။ အဆိုပါအတွက် ကောက်ခံသော အရက်ခွန်နှင့် ကျန်းမာရေးသက်သာချောင်ချိရေး အလှူငွေမှာ ထိုင်ဝမ်ဒေါ်လာ 51.8 ယွမ်ဖြစ်သည်။ အရက်ထုတ်ကုန်များအတွက် 1 ပုလင်းတွင် 0.7 လီတာ၊ အယ်လ်ကိုဟောပါဝင်မှု 40 ဒီဂရီရှိသော ဝီစကီကို ဥပမာအဖြစ်ဖော်ပြထားသည်။ အဆိုပါပုလင်းအတွက် ကောက်ခံသော အရက်ခွန်မှာ ထိုင်ဝမ်ဒေါ်လာ 70 ယွမ်ဖြစ်သည်။ ဆေးလိပ်နှင့် အရက်ထုတ်ကုန်များကို ရောင်းချသည့်အခါ အရှေ့ဖော်ပြပါ ဆေးလိပ်နှင့် အရက်ကောက်ခံမှုအပြင် အဆိုပါ ထုတ်ကုန်များကို ရောင်းချသည့်အခါ ထုတ်လုပ်မှုကုန်ကျစရိတ်၊ အရောင်းအသုံးစရိတ်၊ အမြတ်ငွေနှင့် အခြားသော ကောက်ခံရမည့် အခွန်ငွေများလည်း ပါဝင်သည်။ စားသုံးသူများအနေဖြင့် ဈေးကွက်အတွင်း အကယ်၍ တန်ဖိုးနည်းသော သို့မဟုတ် ဈေးချိုသော ဆေးလိပ်နှင့် အရက်ထုတ်ကုန်များကို ဝယ်ယူမိပါက အဆိုပါ ဆေးလိပ်နှင့် အရက်များသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သော ထုတ်ကုန်များဖြစ်သည်။ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဆေးလိပ်နှင့် အရက်တင်သွင်းသူများ၊ ထုတ်လုပ်သူများ၊ ရောင်းချသော လုပ်ငန်းရှင်များအား တရားဥပဒေများကို မချိုးဖောက်ရန်၊ စားသုံးသူများကို ၎င်းတို့၏ ကျန်းမာရေးကို ဂရုစိုက်သည့်အနေဖြင့်  အမျိုးအမည်မသိသော တန်ဖိုးနည်း ဆေးလိပ်နှင့် အရက်ထုတ်ကုန်များမဝယ်ယူကြရန် တိုက်တွန်းပေးကြပါရန် တောင်းဆိုထားသည်။

top