ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

IFI network+ အနေဖြင့် သင့်ကို ခေတ္တခဏ အပန်းဖြေစေမည်။ “ထူးခြားသော မာဆတ်ဘောလုံး အပန်းဖြေနည်းလမ်း” လှုပ်ရှားမှု အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2024/01/26
  • hit:31

IFI network+ သည် ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၁ရက်နေ့တွင် Good Shepherd ဖောင်ဒေးရှင်း သင်ကြားပို့ချရေးစင်တာနှင့် အထူးပူးပေါင်းဆောင်ရွက်ပြီး ထိုင်ပေမြို့ အမျိုးသမီးစင်တာတွင် “ထူးခြားသော မာဆတ်ဘောလုံး အပန်းဖြေနည်းလမ်း” လှုပ်ရှားမှုကို ကျင်းပခဲ့ပါတယ်။ ဆုလက်ဆောင်ပေး၍ မေးခွန်းဖြေဆိုခြင်း၊ ဆုမဲနှိုက်ခြင်း၊ တရားဝင် LINE အုပ်စုများတွင် ပါဝင်ခြင်းဖြင့် ဆုလက်ဆောင်ပေးခြင်း... စသည့် လှုပ်ရှားမှုများကို အဆိုပါနေရာတွင် ကျင်းပခဲ့သည်။ ထို့အပြင် အများပြည်သူများ ဝဘ်ဆိုက်နှင့် ပတ်သက်သည့်အရာများကို နားလည်သိရှိပြီး ဝဘ်ဆိုက် ထိတွေ့မှုကို တိုးမြှင့်နိုင်ရန်အတွက်လည်း IFI network+ နှင့်ပတ်သက်၍ မိတ်ဆက်ခြင်းနှင့် အသိပညာပေးခြင်းတို့ကိုလည်း ကြားဖြတ် ထည့်သွင်းထားသည်။

အဓိက အစီအစဥ်တစ်ခုဖြစ်သည့် “ထူးခြားသော မာဆတ်ဘောလုံး အပန်းဖြေနည်းလမ်း” စတင်သည့်အခါ အမျိုးသား ကျန်းမာရေး အေဂျင်စီမှ အားကစားနှင့် ကျန်းမာရေး ပညာရှင်တစ်ဦးဖြစ်သည့် ဆရာ Dia ကိုယ်တိုင် ပွဲကျင်းပရာနေရာသို့ လာရောက်ပြီး အများပြည်သူကို သင်ကြားပေးခဲ့သည်။ ကြွက်သားအကြောများ အဓိကနာသည့်နေရာကို ဘယ်လို ရှာဖွေရမလဲ၊ မာဆတ်ဘောလုံးကို အသုံးပြုပြီး ခြေလက်အပေါ်ပိုင်းနှင့် အောက်ပိုင်းနာကျင်ခြင်းတို့ကို ဘယ်လို သက်သာအောင် လုပ်ဆောင်ရမလဲဆိုတာတွေကို မျှဝေပေးခဲ့သည်။ ဤနည်းကို အသုံးပြုပြီး ပခုံး၊ တင်ပဆုံနာကျင်ခြင်းကို သက်သာစေနိုင်သလို ကျောရိုးအူတိုင်အားကစားနည်းလမ်းဖြင့် ကြွက်သားနှင့် အရိုးတင်းမာမှုတို့ကို ပြေလျော့ပေးစေသည်။ ဆရာ၏ လမ်းညွှန်မှုအောက်တွင် ဤလှုပ်ရှားမှုတွင် ပါဝင်ကြသည့် သူများသည် အစပိုင်း နာကျင်ရာကနေ တဖြည်းဖြည်း သက်သာလာသည်ကို သတိပြုမိကြသည်။ ဤအတွက်လည်း ပျော်ရွှင်သော အပြုအမူနှင့် အမူအရာများကို ပြသခဲ့ကြသည်။ ပုံမှန်တင်းမာသော ခန္ဓာကိုယ်ကို အများကြီး သက်သာမှု ရရှိစေခဲ့သည့်အတွက် သူတို့ဘက်မှလည်း ဤကဲ့သို့မျိုး လှုပ်ရှားမှုကို ကျင်းပပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြသည်။

အဆိုပါ ပွဲကျင်းပသည့်နေ့တွင် အပူချိန်နိမ့်နေသော်လည်း လူအများ၏ ပါဝင်ဆင်နွှဲမှုကြောင့် နွေးထွေးမှုတွေကို ရရှိခဲ့ကြသလို မမေ့နိုင်သော ပျော်ရွှင်စရာကောင်းသော ပိတ်ရက်များကို ပိုင်ဆိုင်ခဲ့ကြသည်။


top