ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

ရွေးကောက်ပွဲ ကျွမ်းကျင်ပညာရှင်များ၏ စာရင်းသွင်းခြင်း လှုပ်ရှားမှုရလဒ်

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2024/01/24
  • hit:24

၁။ လှုပ်ရှားမှုအမည်

ရွေးကောက်ပွဲ ကျွမ်းကျင်ပညာရှင်များ၏ စာရင်းသွင်းမှု

၂။ လှုပ်ရှားမှုအချိန်ဇယား

(၁) လှုပ်ရှားမှုအချိန် - ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ရက်နေ့  မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့  ထိ

(၂) လှုပ်ရှားမှုအွန်လိုင်းပေါ်ရောက်သည့်နေ့ - ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့

(၃) ဆုကြော်ငြာချိန် - ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့

၃။ လှုပ်ရှားမှုဖော်ပြချက်

အမေးအဖြေဂိမ်းမှတဆင့် နိုင်ငံသားသစ်အုပ်စုများကို ရွေးကောက်ပွဲ လာဘ်ပေးလာဘ်ယူဆန့်ကျင်ရေးမူဝါဒနှင့်ပတ်သက်ပြီး တိုးမြှင့်ပေးသလို ခေါင်းစဥ်နှင့်ပတ်သက်ပြီးလည်း အားကောင်းလာအောင် လုပ်ဆောင်ပေးသည်။ ဤအရာကို အသုံးပြုပြီး IFI Network+ အသုံးပြုသူ၏ အခြေအနေ ခွဲခြားစိတ်ဖြာမှုလည်း လုပ်ဆောင်နိုင်သည်။ ထို့အပြင် ဤခေါင်းစဥ်၏ နွေးထွေးမှုနှင့် နားလည်သည့် အခြေအနေကိုလည်း သိရှိနားလည်စေသည်။ အနာဂတ်တွင်လည်း လူဝင်မှုကြီးကြပ်ရေးဌာနမှ ဝဘ်ဆိုက်အချက်အလက်များနှင့်ပတ်သက်၍ လမ်းညွှန်မှုများ လုပ်ဆောင်နိုင်သည်။

၄။ မေးခွန်းပုံစံ

(၁) ကိုယ်ရေးကိုယ်တာ အချက်အလက် စစ်တမ်း

1. ကျေးဇူးပြု၍ သင့်လိင်အမျိုးအစားကို ဖော်ပြပါ။ (1) ကျား (2) မ

2. ကျေးဇူးပြု၍ သင့်အသက်အပိုင်းအခြားကို ဖော်ပြပါ။ (1)19 နှစ် (အပါအဝင်) နှင့် အောက် ၊ (2) 20~29 နှစ် (3) 30~39 နှစ် (4) 40~49 နှစ် (5) 50~59 နှစ် (6) 60 နှစ် (အပါအဝင်) နှင့်အထက်

3. ကျေးဇူးပြု၍ သင် နေထိုင်သည့်နေရာကို ဖော်ပြပါ။ (1) ထိုင်ပေ၊ နယူးထိုင်ပေ၊ ကျီးလုံ၊ ထောင်ယွမ်ဒေသ (2) ရှင်းကျူ၊ မြောင်လိဒေသ (3) ထိုင်ကျုံး၊ ကျန်းဝှာ့၊ နန်ထိုဒေသ (4) ယွင်လင်၊ ကျားယိ၊ နန်ထိုဒေသ (5) ကောင်းရှုံ၊ ဖင်တုန်းဒေသ (6) ယီလန်၊ ဟွားလျန်၊ ထိုင်တုန်းနှင့် ပြင်ပကျွန်းဒေသ

(၂) မေးခွန်းအမေးအဖြေ

1. ကျေးဇူးပြု၍ အောက်ဖော်ပြထဲတွင် မည်သည့်နည်းလမ်းသည် အတွေ့အများဆုံးသော လာဘ်ပေးလာဘ်ယူနည်းဖြစ်ပါသလဲ။ (1) လာဘ်ဆောင်ပေးခြင်း (2) ဧည့်ခံကျွေးမွေးခြင်း (3) လှုပ်ရှားမှုအတွက် ငွေပေးခြင်း (4) အထက်ဖော်ပြပါ အချက်များအားလုံးသည်မှန်ပါသည်။ အဖြေ - (4)

2. ရပ်ကွက်လူကြီးသည် ကျွန်တော်/မကို အခမဲ့ခရီးကို ခေါ်သွားခဲ့သည်။ ကျွန်တော်/မလည်း အားနာသဖြင့် သူ့ကို ကျေးဇူးဆပ်ချင်သည့်အတွက် သူ မဲပေးလိုသည့် ကိုယ်စားလှယ်လောင်းကို မဲပေးခဲ့သည်။ ဤသည်မှာ မှန်ပါသလား။ အဖြေ - မမှန်ပါ။

3. အကယ်၍ လာဘ်ပေးလာဘ်ယူမှုကို ရှာဖွေတွေ့ရှိပါက အစီရင်ခံမှုအတွက် အမြင့်ဆုံး ဆုငွေက ဘယ်လောက်ပါလဲ။ အဖြေ - ယွမ် သိန်း ၂၀၀

၅။ လှုပ်ရှားမှုရလဒ်

1. ပါဝင်သူအရေအတွက် - လှုပ်ရှားမှုတွင် လူပေါင်း 151 ဦး ပါဝင်ခဲ့သည်။ ပါဝင်သူဦးရေအထဲမှ 144 ဦးသည် ဤလှုပ်ရှားမှုခွဲခြားစိတ်ဖြာမှုအတွက် အကျုံးဝင်သောနမူနာအတိုင်း ကိုယ်ရေးအချက်အလက်များကို ဖြည့်စွက်ခဲ့သည်။

2. လိင်အမျိုးအစားစစ်တမ်း -ကိုယ်ရေးအချက်အလက်ဖြည့်သွင်းခဲ့သည် လူဦးရေ 144 ဦးထဲတွင် ယောကျ်ားလေးမှ 52 ဦးဖြင့် 36% နေရာယူထားပြီး မိန်းကလေးမှ 92 ဦးဖြင့် 64% နေရာယူထားသည်။ မိန်းကလေး 92 ဦးအတွင်း မေးခွန်း (၃) ခုစလုံးကို ပြီးမြောက်အောင် ဖြေဆိုထားသူဦးရေမှာ 78 ဦးဖြစ်ပြီး အဖြေမှန်သူဦးရေမှာ 84.7% ဖြစ်သည်။ ယောကျ်ားလေး 52 ဦးအတွင်း မေးခွန်း (၃) ခုစလုံးကို ပြီးမြောက်အောင် ဖြေဆိုထားသူဦးရေမှာ 42 ဦးဖြစ်ပြီး အဖြေမှန်သူဦးရေမှာ 80.7% ဖြစ်သည်။

3. အသက်အပိုင်းအခြားစစ်တမ်း

(1) 19 နှစ် (အပါအဝင်) နှင့်အောက် - 4 ဦး၊ 3% နေရာယူထားသည်။ မေးခွန်း (၃) ခုစလုံးကို ပြီးမြောက်အောင် ဖြေဆိုထားသူဦးရေမှာ 3 ဦးဖြစ်ပြီး အဖြေမှန်သူဦးရေမှာ 75% ဖြစ်သည်။

(2) 20~29 နှစ် - 18 ဦး၊ 12% နေရာယူထားသည်။ မေးခွန်း (၃) ခုစလုံးကို ပြီးမြောက်အောင် ဖြေဆိုထားသူဦးရေမှာ 14 ဦးဖြစ်ပြီး အဖြေမှန်သူဦးရေမှာ 77.8% ဖြစ်သည်။

(3) 30~39 နှစ် - 45 ဦး၊ 31% နေရာယူထားသည်။ မေးခွန်း (၃) ခုစလုံးကို ပြီးမြောက်အောင် ဖြေဆိုထားသူဦးရေမှာ 36 ဦးဖြစ်ပြီး အဖြေမှန်သူဦးရေမှာ 80% ဖြစ်သည်။

(4) 40~49 နှစ် - 50 ဦး၊ 35% နေရာယူထားသည်။ မေးခွန်း (၃) ခုစလုံးကို ပြီးမြောက်အောင် ဖြေဆိုထားသူဦးရေမှာ 43 ဦးဖြစ်ပြီး အဖြေမှန်သူဦးရေမှာ 86% ဖြစ်သည်။

(5) 50~59 နှစ် - 16 ဦး၊ 11% နေရာယူထားသည်။ မေးခွန်း (၃) ခုစလုံးကို ပြီးမြောက်အောင် ဖြေဆိုထားသူဦးရေမှာ 14 ဦးဖြစ်ပြီး အဖြေမှန်သူဦးရေမှာ 87.5% ဖြစ်သည်။

(6) 60 နှစ် (အပါအဝင်) နှင့်အထက် - 11 ဦး၊ 8% နေရာယူထားသည်။ မေးခွန်း (၃) ခုစလုံးကို ပြီးမြောက်အောင် ဖြေဆိုထားသူဦးရေမှာ 10 ဦးဖြစ်ပြီး အဖြေမှန်သူဦးရေမှာ 90.9% ဖြစ်သည်။

4. နေထိုင်ရာဒေသစစ်တမ်း -

(1) ထိုင်ပေ၊ နယူးထိုင်ပေ၊ ကျီးလုံ၊ ထောင်ယွမ်ဒေသ - 63 ဦး၊ 44% နေရာယူထားသည်။ မေးခွန်း (၃) ခုစလုံးကို ပြီးမြောက်အောင် ဖြေဆိုထားသူဦးရေမှာ 52 ဦးဖြစ်ပြီး အဖြေမှန်သူဦးရေမှာ 82.5% ဖြစ်သည်။

(2) ရှင်းကျူ၊ မြောင်လိဒေသ - 5 ဦး၊ 4% နေရာယူထားသည်။ မေးခွန်း (၃) ခုစလုံးကို ပြီးမြောက်အောင် ဖြေဆိုထားသူဦးရေမှာ 4 ဦးဖြစ်ပြီး အဖြေမှန်သူဦးရေမှာ 80% ဖြစ်သည်။

(3) ထိုင်ကျုံး၊ ကျန်းဝှာ့၊ နန်ထိုဒေသ - 36 ဦး၊ 25% နေရာယူထားသည်။ မေးခွန်း (၃) ခုစလုံးကို ပြီးမြောက်အောင် ဖြေဆိုထားသူဦးရေမှာ 30 ဦးဖြစ်ပြီး အဖြေမှန်သူဦးရေမှာ 83.3% ဖြစ်သည်။

(4) ယွင်လင်၊ ကျားယိ၊ နန်ထိုဒေသ - 12 ဦး၊ 8% နေရာယူထားသည်။ မေးခွန်း (၃) ခုစလုံးကို ပြီးမြောက်အောင် ဖြေဆိုထားသူဦးရေမှာ 10 ဦးဖြစ်ပြီး အဖြေမှန်သူဦးရေမှာ 83.3% ဖြစ်သည်။

(5) ကောင်းရှုံ၊ ဖင်တုန်းဒေသ - 25 ဦး၊ 17% နေရာယူထားသည်။ မေးခွန်း (၃) ခုစလုံးကို ပြီးမြောက်အောင် ဖြေဆိုထားသူဦးရေမှာ 21 ဦးဖြစ်ပြီး အဖြေမှန်သူဦးရေမှာ 84% ဖြစ်သည်။

(6) ယီလန်၊ ဟွားလျန်၊ ထိုင်တုန်းနှင့် ပြင်ပကျွန်းဒေသ - 3 ဦး၊ 2% နေရာယူထားသည်။ မေးခွန်း (၃) ခုစလုံးကို ပြီးမြောက်အောင် ဖြေဆိုထားသူဦးရေမှာ 2 ဦးဖြစ်ပြီး အဖြေမှန်သူဦးရေမှာ 66% ဖြစ်သည်။

၆။ လှုပ်ရှားမှုရလဒ်

(၁) လိင်အမျိုးအစား

1 – စစ်တမ်းရလဒ်ဖော်ပြချက်အရ မိန်းကလေးသည် ယောကျ်ားလေးထက် ရွေးကောက်ပွဲလာဘ်ပေးလာဘ်ယူခေါင်းစဥ်ကို ပို၍ စိတ်ဝင်စားပြီး ပါဝင်မှုနှုန်းလည်း ပိုမြင့်သည်ကို ဖော်ပြထားသည်။

2 – အဖြေမှန်သည့်နှုန်းအရ မိန်းကလေးနှင့် ယောကျ်ားလေးများသည် ဤခေါင်းစဥ်နှင့်ပတ်သက်ပြီး တုံ့ပြန်မှုအတော်မြန်ဆန်ပြီး သိမြင်နိုင်စွမ်းနှင့် နားလည်နိုင်စွမ်း ပိုမိုမြင့်မားကြောင်းကို တွေ့ရှိနိုင်သည်။

3 – အစိုးရအမိန့်ထုတ်ပြန်ခြင်း သို့မဟုတ်သက်ဆိုင်ရာ ခေါင်းစဥ်ကို ယောကျ်ားလေးများ ပါဝင်ခြင်း သို့မဟုတ် နားလည်ခြင်းတို့ကို မြှင့်တင်ရန်အတွက် နောက်ပိုင်းတွင် ယောက်ျားလေးများနှစ်သက်သည့် လှုပ်ရှားမှု (ဥပမာ။ ။ အားကစားပွဲ) ၊ အမြဲအသုံးပြုသည့်မီဒီယာ (ဥပမာ ရေဒီယို) စသည့်ပလက်ဖောင်းများဖြင့် ပေါင်းစပ်ပြီး ဤခေါင်းစဥ်နှင့်ပတ်သက်ပြီး ပိုမိုသတိထားမိလာအောင် လုပ်ဆောင်မည်။

(၂) အသက်အပိုင်းအခြား

1 - စစ်တမ်းရလဒ်များအရ 30~49 နှစ်အတွင်း လူလတ်ပိုင်းအုပ်စုများသည် ဤခေါင်းစဥ်တွင် ပါဝင်နှုန်းအများဆုံး ဖြစ်သည်။ ထို့အပြင် အဖြေမှန်နှုန်းသည် 80%  ကျော်ရှိသည်။

2 - အသက် 19 နှစ် (အပါအဝင်) အောက်သည် ဤခေါင်းစဥ်အတွက် လျစ်လျူရှုထားသည်ကို တွေ့ရှိရသည်။ အနာဂတ်တွင် ဤအုပ်စုများကို ရွေးကောက်ပွဲ လာဘ်ပေးလာဘ်ယူဆန့်ကျင်တားဆီးရေး အကြောင်းအရာကို ပိုမို တိုးတက်ပြီး နားလည်လာစေရန် အကြံပြုသည်။

3 - အသက်အရွယ်အပိုင်းအခြား တိုးလာသည်နှင့်အမျှ မှန်ကန်စွာ ဖြေဆိုနှုန်းသည် တဖြည်းဖြည်း တိုးတက်လာကြောင်းကို ပြသလျက်ရှိသည်။ အသက်အရွယ်အကြီးအငယ်သည် လာဘ်ပေးလာဘ်ယူတားဆီးရေးအကြောင်းအရာနှင့် ပတ်သက်သည့် နားလည်မှုအဆင့်ပေါ် သက်ရောက်လျက်ရှိသည်။

4 - အနာဂတ်တွင် လှုပ်ရှားမှုမြင့်တင်ရေးတွင် အသက်အရွယ်အုပ်စုများနှင့် သက်ဆိုင်သည့်အချက်အလက်များကို သတ်မှတ်ထားသင့်သည်။ ဤနည်းဖြင့် မတူညီသော အသက်အရွယ်အုပ်စုများမှ ပိုမို နားလည်သဘောပေါက်ပြီး ပါဝင်ရန် ပိုမို လွယ်ကူစေသည်။

(၃)နေထိုင်ရာဒေသ

1. နေထိုင်ရာဒေသအသီးသီးရှိ ပါဝင်သူများအကြား၏ အမေးအဖြေ ပါဝင်နှုန်းသည် ကွာခြားမှု သိပ်မရှိပါ။ တိကျမှုနှုန်းသည် 80% ကျော်ရှိသည် (ယီလန်၊ ဟွားလျန်၊ ထိုင်တုန်းနှင့် ပြင်ပဒေသမှလွှဲ၍၊ ထိုင်ဝမ်လူဦးရေဖွဲ့စည်းမှုပြဿနာကြောင့် မိန်းကလေးအရေအတွက်သည် ကိန်းဂဏန်းအချက်အလက်များအရ အတော်လေးနည်းပါးသည်။)  နေထိုင်ရာဒေသနှင့် အဆိုပါ အကြောင်းအရာ နားလည်မှုသည် သိပ်ပြီး သိသာဆက်နွယ်မှု မရှိပါ။

2. အနာဂတ်တွင် ပြင်ပလောကတွင်ဖြစ်စေ သို့မဟုတ် အင်တာနက်တွင်ဖြစ်စေ ဤခေါင်းစဥ်များနှင့်ပတ်သက်ပြီး ပိုမို ကျယ်ပြန့်စွာ လွှမ်းခြုံမှုရှိစေရန် ဒေသအနှံ့ ပိုမိုကျယ်ပြန့်စွာ ဆက်လက်မြှင့်တင်သင့်သည်။


top