ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

စားသုံးသူအား ကာကွယ်ပေးရေး
စားသုံးသူအား ကာကွယ်ပေးရေး
:::

ပညာရေးဝန်ကြီးဌာနမှ ဆောင်းရာသီအားလပ်ရက်များတွင် လှုပ်ရှားမှုများ ဘေးကင်းမှုနှင့် လိမ်လည်မှုတို့ကို သတိထားကြရန် သတိပေးထားသည်။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2024/01/19
  • hit:16

အမြဲပြောင်းလဲနေသော လိမ်လည်မှုနှင့် ရာဇဝတ်မှုနည်းလမ်းတို့နှင့်ပတ်သက်ပြီး ကျောင်းသားများအနေဖြင့် အင်တာနက်ပေါ်တွင် လှုပ်ရှားမှုအမျိုးမျိုးကို ပါဝင်ဆင်နွှဲသည့်အခါ အောက်ပါ အဆင့် (3) ဆင့်ကို မဖြစ်မနေ မှတ်ထားရမည်ဖြစ်သည်။ အကူအညီရယူရာတွင် “စိတ်အေးအေးထားပါ” ၊ “ဂရုတစိုက် စစ်ဆေးပါ” ၊ “ရဲကို ချက်ချင်းတိုင်ခြင်း သို့မဟုတ် လိမ်လည်မှုတိုက်ဖျက်ရေး ဟော့လိုင်း 165 သို့ ဖုန်းခေါ်ဆိုခြင်းတို့ကို လုပ်ဆောင်ပါ”။ ကျောင်းဝင်းအတွင်းတွင် မသမာမှုများနှင့်ပတ်သက်သည့် အသိပညာမြှင့်တင်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ “ပညာရေးဝန်ကြီးဌာနဝဘ်ဆိုက်တွင် လိမ်လည်မှုတားဆီးရေးနှင့် ထိန်းချုပ်ရေးဧရိယာ” (https://reurl.cc/Adx93Q) ကို တည်ထောင်ပြီးဖြစ်သည်။ လိမ်လည်မှုတားဆီးရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အချက်အလက်များ၊ မူဝါဒများနှင့် ဥပဒေစည်းမျဥ်းများကို အချိန်နှင့် တပြေးညီ အပ်ဒိတ်လုပ်ဆောင်သွားမည်ဖြစ်သည်။ ကျောင်းအသီးသီးမှလည်း အသိပညာတိုးမြှင့်ရေးများအတွက်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။

လှုပ်ရှားမှုအမျိုးမျိုးတွင် ပါဝင်ခြင်း၊ မော်တော်ဆိုင်ကယ်နှင့် အသေးစားအီလက်ထရောနစ်နှစ်ဘီးတပ်ယာဥ်များမောင်းနှင်ခြင်းတို့ကို လုပ်ဆောင်ရာတွင် သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ အရည်အချင်းပြည့်မီသော လုံခြုံရေးဦးထုပ်များကို ဝတ်ဆင်ရမည်ဖြစ်သည်။ အိမ်တွင်းလှုပ်ရှားမှုအတွက် လုံခြုံပြီး အန္တရာယ်အတွက် စိုးရိမ်စရာမရှိသည့် နေရာကို ရွေးချယ်ရန်လိုအပ်ပြီး အရေးပေါ်အခြေအနေအတွက် ထွက်ပြေးလမ်းကြောင်းနှင့် အသုံးပြုရမည့် ကိရိယာများနှင့် အကျွမ်းတဝင်ရှိရန် လိုအပ်သည်။ တောင်တက်ခြင်း သို့မဟုတ် တောနက်တောင်နက် ပညာရေးအတွက် ပြင်ပလှုပ်ရှားမှုများတွင် ပါဝင်သည့်အခါ ဖြစ်‌ပေါ်နိုင်သည့် အန္တရာယ်များနှင့် ဘေးကင်းရေးစီမံခန့်ခွဲမှုကို ဂရုတစိုက် အကဲဖြတ်သင့်သည်။ အပြည့်အဝ ပြင်ဆင်ပြီးမှသာလျှင် ထွက်ခွာသင့်သည်။ ဈေးကွက်အတွင်း နောက်ဆုံးပေါ် မူးယစ်ဆေးဝါးများသည် မတူညီသော ထုပ်ပိုးမှုများဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူများ၏ နိုးကြားမှုကို လျှော့ချလျက်ရှိသည်။ သို့ပါ၍ ကျောင်းသားများအနေဖြင့် ကျန်းမာရေးကို ထိခိုက်စေပြီး မှားယွင်းစွာ စားသုံးခြင်းမှ ရှောင်ကြဥ်နိုင်ရန် အသိနိုးကြားမှု ရှိဖို့လိုအပ်သည်။

ကျောင်းသားများအနေဖြင့် သံသယဖြစ်ဖွယ်လူ နောက်ယောင်ခံလိုက်ခြင်း၊ နှောက်ယှက်ခြင်းများရှိပါက ဖုန်း 110 သို့ ဆက်သွယ်ပြီး ချက်ချင်းအမှုဖွင့်ခြင်း၊ ဆရာဆရာမများသို့ အကြောင်းကြားခြင်း သို့မဟုတ် လူသူအများအပြားရှိသော နေရာများသို့ အမြန်ဆုံးပြေးသွားသင့်ပြီး အကူအညီတောင်းခံသင့်သည်။ ကျောင်းပြင်ပရှိ နေအိမ်များကို ငှားရမ်းနေထိုင်သည့် ကျောင်းသားများ အိမ်ပြင်မထွက်မီနှင့် အိပ်ရာမဝင်မီတွင် လုံခြုံသောနေထိုင်မှု ရှိစေရန်အတွက် လျှပ်စစ်မီးနှင့် ဂက်စ်များ ပိတ်ထားခြင်း ရှိမရှိကိုလည်း စစ်ဆေးသင့်သည်။ ကျောင်းသားများသည် လျှပ်စစ်ထွက်ကုန်များ အလွန်အကျွံ့သုံးစွဲခြင်းမှာ ရှောင်ရှားနိုင်ရန် အင်တာနက်အသုံးပြုသည့် အမူအကျင့်နှင့် အချိန်စီမံခန့်ခွဲမှုစသည့် ပြဿနာများကို အထူးဂရုပြုသင့်သည်။ COVID-19၊ တုပ်ကွေး၊ ပြင်းထန်အဆုတ်ရောဂါ၊ ကပ်ပါးပိုးကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါများ ကပ်ရောဂါကာလအတွင်း တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အထကောင်းများကို ထားရှိသင့်သည်။

ကျောင်းအဆင့်တိုင်းရှိ တာဝန်ကျဝန်ထမ်းများသည် မိမိတို့၏ ရာထူးတာဝန်များကို ထမ်းဆောင်ရန်လိုအပ်ပြီး ကျောင်းနှင့် ကျောင်းသားများ၏ ဘေးကင်းလုံခြုံမှုတို့ကို အလေးထားကာကွယ်သင့်သည်။ ကျောင်းသားဘက်မှ မတော်တဆမှုတစ်ခုခု ဖြစ်ပွားကြောင်း သိရှိပါက ပညာရေးဝန်ကြီးဌာန “ကျောင်းဝင်းလုံခြုံရေးနှင့် ဘေးအန္တရာယ်အစီရင်ခံခြင်းဆိုင်ရာ ဆောင်ရွက်ချက်များ”ကို စည်းမျဥ်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ သို့သော် အရေးပေါ်အခြေအနေ သို့မဟုတ် အကူအညီကို ချက်ချင်းရယူရန် လိုအပ်သည့်အခါ ပညာရေးဝန်ကြီးဌာန ကျောင်းတွင်းလုံခြုံရေးစင်တာ (အထူးဟော့ခ်လိုင်း - 02-33437855 ၊ 33437856) သို့မဟုတ် ပညာရေးဝန်ကြီးဌာန အမျိုးသားနှင့် အကြိုပညာရေးအေဂျင်စင် ကျောင်းတွင်းလုံခြုံရေးစင်တာ (အထူးဟော့ခ်လိုင်း 04-37061349) သို့ ဆက်သွယ်ပါ။ ကျောင်းတွင်းလုံခြုံရေးစင်တာရှိ တာဝန်ကျဝန်ထမ်းများသည် 24 နာရီလုံး တာဝန်ထမ်းဆောင်လျက်ရှိသည်။


top