ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

မကြာသေးမီက ခရီးသွားများ တရားမဝင် သယ်ဆောင်လာသည့် အသားများတွင် အာဖရိကဝက်အဖျားဗိုင်းရပ်စ် အမျိုးအစားသစ်ကို တွေ့ရှိခဲ့သည်။ ကျွန်ုပ်တို့ နိုင်ငံ၏ လယ်ယာထွက်ကုန်များကို ဘေးကင်းအောင် ထိန်းသိမ်းထားနိုင်ရန်အတွက် ထိုင်ဝမ်သို့ လာရောက်သော နိုင်ငံခြားသားများ သက်ဆိုင်ရာ အခြေအနေများကို ပိုမိုသိရှိအောင် ဝိုင်းဝန်းကူညီပေးကြပါရန်

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2024/01/19
  • hit:27

၁။ မကြာသေးမီက ခရီးသွားများ တရားမဝင်သယ်ဆောင်လာသည့် အသားများတွင် အာဖရိကဝက်အဖျားဗိုင်းရပ်စ် အမျိုးအစားသစ်ကို တွေ့ရှိခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံ စာတိုက်များမှ ပါဆယ်ထုပ်များဖြင့် တရားမဝင်ဝင်ရောက်သော ဝက်ခေါက်ကြော်၊ ဝက်သားမျှင်ပါသော အစားအစာများနှင့် ဝက်အူချောင်းများကို ပေးပို့တင်သွင်းလာကြသလို တရုတ်ပြည်မကြီး အမြန်ချောပို့ဖြင့် ခွေး၊ ကြောင်တို့၏ အစားအစာများနှင့် အသားပါဝင်သော ပြုပြင်ထားသည့်အစားအစာများကို တရားမဝင် ပို့ဆောင်လာကြသည့် ဖြစ်စဥ်များမှာ မြင့်တက်လာလျက်ရှိသည်။ ထို့အပြင် နိုင်ငံတကာတွင် အာဖရိက ဝက်အပြင်းဖျားရောဂါသည် လွန်စွာ ပြင်းထန်နေဆဲဖြစ်သော ဘင်္ဂလားဒေ့ချ်ကို အာရှတိုက်တွင် ကပ်ရောဂါနယ်မြေအဖြစ် ထည့်သွင်းထားသည်။ ထိုင်ဝမ်သို့ ဝင်ရောက်လာကြမည့် ရွှေ့ပြောင်းလုပ်သား၊ နိုင်ငံခြားသားအိမ်ထောင်ဖက်အပါအဝင် နိုင်ငံခြားသားနှင့် နိုင်ငံခြားသားကျောင်းသားများအား အသိပေးလုပ်ဆောင်ခြင်းများကို တိုးမြှင့်ရာတွင် ကူညီပေးကြရန်လိုအပ်ပြီး သတိပေးရမည့် ကိစ္စရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ပြည်တွင်းသို့ ဝင်ရောက်သည့်အခါ အသားပါသော အစာနှင့် အခြားသော တိရစ္ဆာန်ထွက်ပစ္စည်းများ သို့မဟုတ် လေယာဥ်ပေါ်မှ တည်ခင်းကျွေးမွေးသော အစားအစာများကို ပြည်တွင်းသို့ မှားယွင်းစွာ သယ်ဆောင်လာပါက ပြည်တွင်းသို့ မဝင်ရောက်မီ အမှိုက်ပုံးထဲတွင် စွန့်ပစ်ခြင်း သို့မဟုတ် အကောက်ခွန်ကို မဖြတ်မီတွင် စွန့်ပစ်ထားရမည်ဖြစ်သည်။

(၂) လွန်ခဲ့သော ၃ နှစ်အတွင်း အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားခဲ့သော နိုင်ငံ (ဒေသ) အတွင်းမှ ဝက်သားထွက်ကုန်များကို တရားမဝင်သယ်‌ဆောင်လာပါက ပထမအကြိမ်တွင် ဒဏ်ငွေအဖြစ် ထိုင်ဝမ်ဒေါ်လာ ၂၀၀, ၀၀၀ (နှစ်သိန်း) ချမှတ်ခြင်း ခံရမည်။ ဒုတိယအကြိမ် ဥပဒေကိုထပ်မံချိုးဖောက်ပါက ထိုင်ဝမ်ဒေါ်လာ ၁,၀၀၀,၀၀၀ (ဆယ်သိန်း) ချမှတ်ခြင်း ခံရမည်။ အကယ်၍ ဒဏ်ငွေချမှတ်ခြင်းခံရသော သူသည် ထိုင်ဝမ်၌ နေထိုင်ခွင့်ကတ်ပြားကို ကိုင်ဆောင်ထားခြင်း မရှိသောသူဖြစ်ပါက ထိုနေရာတွင်ပင် ဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာ ၂၀၀,၀၀၀ (နှစ်သိန်း)ကို ပေးဆောင်ရမည်။ အကယ်၍ ပေးဆောင်နိုင်ခြင်းမရှိပါက တိရစ္ဆာန်နှင့် အပင်ရောဂါတားဆီးကာကွယ်ရေးဗျူရို (ကာကွယ်ရေးဗျူရိုဟုသာ ဖော်ပြသွားမည်)  ဌာနခွဲမှ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာနသို့ ပို့ဆောင်ကာ ပြည်ဝင်ခွင့်မှ ငြင်းပယ်ခြင်းခံရမည်ဖြစ်သည်။

(၃) ပြည်ပရှိ မိသားစု၊ ဆွေမျိုးနှင့် သူငယ်ချင်းများကို ထိုင်ဝမ်သို့ အသားပါသော အစာနှင့် အခြားသော တိရစ္ဆာန်ထွက်ပစ္စည်းများကို အမြန်ချောပို့ သို့မဟုတ် စာတိုက်မှ မပေးပို့ပါရန် အသိပေးအကြောင်းကြားထားပါ။ အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားခဲ့သော နိုင်ငံဒေသအတွင်းမှ စာတိုက်မှတဆင့် ဝက်သားထွက်ကုန်များကို ပေးပို့သယ်‌ဆောင်လာပါ ပထမအကြိမ်တွင် ရှာဖွေစစ်‌ဆေးတွေ့ရှိပါက ပါဆယ်ထုတ်လက်ခံမည့်သူထံမှ ထိုင်ဝမ်ဒေါ်လာ ၂၀၀, ၀၀၀ (နှစ်သိန်း) ကို ဒဏ်ငွေအဖြစ် ပေး‌ဆောင်စေမည်။ ဒုတိယအကြိမ်နှင့်အထက် ရှာဖွေစစ်ဆေးတွေ့ရှိပါက ပြင်းထန်သောဒဏ်ငွေဖြစ်သည့် ထိုင်ဝမ်ဒေါ်လာ ၁,၀၀၀,၀၀၀ (ဆယ်သိန်း)ကို ချမှတ်ခြင်း ခံရမည်။

၂။ အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်းဆိုင်ရာ အချက်အလက်များကို အမျိုးသားကာကွယ်ရေးနှင့် စစ်ဆေးရေးအေဂျင်စီ၏ “အာဖရိကဝက်အပြင်းဖျားရောဂါသတင်း အချက်အလက်ဧရိယာ”  (https://asf.aphia.gov.tw/ws.php?id=21710) တွင် ဒေါင်းလုဒ်လုပ်နိုင်၍ အသုံးပြုနိုင်သည်။ “အတွေ့များသော ပြည်တွင်းသို့ ဝင်ရောက်လာသည့် ခရီးသွားများ သယ်ဆောင်လာတတ်သည့် တိရစ္ဆာန်များ၊ အပင်များ သို့မဟုတ် ၎င်းတို့၏ ထုတ်ကုန်များဆိုင်ရာ ကွာရန်တင်းစည်းမျဉ်း အကိုးအကားဇယား" ကို (https://www.aphia.gov.tw/ws.php?id=10719) တွင် ဒေါင်းလုဒ်လုပ်ပြီး အသုံးပြုနိုင်သည်။


top