ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

မြူနှင်းထူထပ်သော ရာသီတွင် အဝေးပြေးလမ်းမများပေါ်သို့ မော်‌တော်ယာဥ်မောင်းနှင်ပါက အန္တရာယ်များကို မည်သို့ ရှောင်ရှားရမည်ကို သိရှိထားရန် လိုအပ်သည်။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2024/01/15
  • hit:33

ဆောင်းရာသီနှင့် နွေဦးရာသီတိုင်းသည် ထိုင်ဝမ်တွင် မြူနှင်းများ အလွယ်တကူ ထလေ့ရှိသော ရာသီများဖြစ်သည်။ အဖြူရောင်မြူများသည် လေစီးကြောင်းများနှင့်အတူ ပျံလွင့်လေ့ရှိပြီး ယာဥ်မောင်းသူများ၏ အမြင်စွမ်းအားကို အလွယ်တကူ ထိခိုက်စေလျက်ရှိသည်။ အကယ်၍ သတိမထားမိပါက မတော်တဆမှုများ ဖြစ်ပွားနိုင်သည်။ အဝေးပြေးလမ်းမဗျူရိုမှ အဝေးပြေးလမ်းမများပေါ်တွင် ယာဥ်မောင်းနှင်နေစဥ်တွင် မြူများ ထူထပ်နေပါက မိမိကိုယ်တိုင်နှင့် အခြားသူများ ဘေးကင်းစေဖို့အတွက်ငှာ အထူးဂရုပြု၍ မောင်းနှင်ကြပါရန် သတိပေးထားသည်။

အဝေးပြေးလမ်းမဗျူရိုမှ ယာဥ်မောင်းနှင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် အောက်ဖော်ပြပါ အကြံပြုချက်များကို ပြုစုထားသည်။ လမ်းများကို အသုံးပြုသူတိုင်း သေချာစွာ လိုက်နာကြပါရန် အကြံပြုထားသည်။

၁။ အထိုက်အလျောက် အရှိန်ကို လျော့ပြီး ယာဥ်အကြားရှိ အကွာအဝေးကို ခြားထားပါ - ယာဥ်မောင်းနှင်စဥ်တွင် မြူများ ထူထပ်လာပါက မြင်နိုင်စွမ်းမှာ လျော့နည်းလာသည့်အတွက် အရှိန်ကို တဖြည်းဖြည်း လျှော့သင့်ပြီး ယာဥ်၏ အမြန်နှုန်းကိုလည်း အထိုက်အ‌လျောက် လျှော့ရမည်ဖြစ်သလို ယာဥ်အကြားရှိ အကွာအဝေးကိုလည်း ခြားထားရမည်။ ထို့အပြင် ပတ်ဝန်းကျင်ရှိ ကားများ၏ အခြေအနေကိုလည်း အထူးဂရုပြုရမည်ဖြစ်သည်။ အကယ်၍ မြင်နိုင်စွမ်းမှာ မလုံလောက်တော့ပါက မြူများ ကင်းစင်သွားသည့်အချိန်အထိ စောင့်ရန်အတွက် အနီးအနားရှိ ဝန်ဆောင်မှုဧရိယာများသို့ မောင်းနှင်သွားရန် သို့မဟုတ် အနီးအနားရှိ လမ်းလွှဲမှ အဝေးပြေးလမ်းမကြီးပေါ်မှ ထွက်ခွာသွားရန် အကြုံပြုပါသည်။

၂။ မီးများကို မှန်ကန်စွာ အသုံးပြုပါ - အခြားမော်တော်ယာဥ်များအား မိမိ၏ တည်နေရာကို သိရှိစေနိုင်ရန်အလို့ငှာ မော်တော်ယာဥ်၏ ရှေ့ဘက်ရှိ မီးကြီး ၊ အရှေ့အနောက်ရှိ မြူများအတွက် မီးများကို ဖွင့်ပါ။ သို့သော် အဝေးပြေးမီး၏ အလင်းသည် မြူခိုးများကြောင့် ပြန့်ကျဲသွားနိုင်ပြီး အရှေ့ဘက်တွင် အလင်းတန်းများသည် အဖြူရောင်များဖြစ်သွားပြီး လမ်းအခြေအနေကို သေချာစွာ မမြင်နိုင်သည့်အတွက် အဝေးမီးကို အသုံးမပြုပါနှင့်။

၃။ ကားလမ်းကြောများကို မကြာခဏ ပြောင်းခြင်း ၊ ရုတ်တရက် ရပ်ခြင်းများ မပြုလုပ်ကြပါရန် - ပတ်ဝန်းကျင်ရှိ ယာဥ်များ အချိန်မီတုံ့ပြန်နိုင်ခြင်းမရှိကာ ယာဥ်တိုက်မှုများ မဖြစ်စေရန်အတွက် အရေးပေါ်အခြေအနေ မဟုတ်ပါက ကားလမ်းကြောပြောင်းခြင်း ၊ ရုတ်တရက် ဘရိတ်ဖမ်းခြင်း သို့မဟုတ် ကားကို လမ်းမပေါ်တွင် ရပ်နားခြင်းများ တတ်နိုင်သမျှ ရှောင်ရှားသင့်သည်။

၄။ အကယ်၍ အရေးပေါ်အခြေအနေနှင့် တွေ့ကြုံလာပါက မဖြစ်မနေ ကားကို ရပ်တန့်ရမည်ဆိုပါက ကျေးဇူးပြု၍ ယာဥ်ကို လမ်းပခုံး သို့မဟုတ် ထောင့်တစ်နေရာသို့ ရွေ့လျားသွားပါ။ အန္တရာယ်သတိပေးချက်မီးများကို ဖွင့်ထားပြီး ယာဥ်၏ အနောက်ဘက်ရှိ   ၅၀-၁၀၀ မီတာ အကွာတွင် စက်ပျက်နေသည့် ဆိုင်းဘုတ်များကို ထောင်ထားပါ။ ကားအတွင်းရှိ လူများအနေဖြင့် ဘေးကင်းကြောင်း အတည်ပြုပြီးလျှင် တတ်နိုင်သမျှ ကားပေါ်မှ အမြန်ဆုံး ထွက်ခွာသင့်ပြီး ဘေးကင်းရှင်းရေး အတိုင်များ သို့မဟုတ် အခြားသော လုံခြုံဘေးကင်းသော နေရာများသို့ ဆုတ်ခွာပါ။ ထို့အပြင် ၁၉၆၈ အက်ပ်ဖြင့် ရဲဌာများသို့ တိုင်ကြားပါ။ သို့မဟုတ် ၁၉၆၈ သို့ ဖုန်းဆက်သွယ်ပြီး အကူအညီ ရယူပါ။

အဝေးပြေးလမ်းမပေါ်တွင် မိုးလေဝသသတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ သိရှိနိုင်ရန်အတွက် အဝေးပြေးလမ်းမဗျူရိုနှင့် မိုးလေဝသညွှန်ကြားရေးဦးစီးဌာနများသည် ပူးပေါင်းပြီး အမျိုးသားအဝေးပြေးလမ်းမကြီးတစ်လျှောက်တွင် အလိုအလျောက် မိုးလေဝသစခန်းပေါင်း ၇ ၉ ခုကို တည်ဆောက်ခဲ့သည်။ ထူထပ်သော မြူခိုးများသို့ ဖမ်းနိုင်သည့် စက်ဖြင့် လမ်းပေါ်တွင် မြင်နိုင်စွမ်းသည် ၄၀၀ မီတာအောက် လျော့နည်းလာပါက မြူထပ်လျက်ရှိကြောင်း မက်ဆေ့ချ်ကို အထက်ရေစီးကြောင်း မက်ဆေ့ချ်အဖြစ် ပြောင်းလဲနိုင်သောသင်္ကေတ (CMS) တွင် ဖော်ပြမည်ဖြစ်သည်။ အကယ်၍ အဝေးပြေးလမ်းမ ၁၉၆၈ အက်ပ်၏ “မိမိစိတ်ကြိုက် တင်ဆက်မှု၊ ကားအခြေအနေနှင့်ပတ်သက်၍ တင်ဆက်မှု (LBS) ၊ မိုးလေဝသအခြေအနေများ” စသည့်ဖန်ရှင်များကို ဖွင့်ထားပါကလည်း အချိန်နှင့်တပြေးညီ အကြောင်းကြား သတိပေးသွားမည်ဖြစ်သည်။ လမ်းများကို အသုံးပြုသူတိုင်း ပိုမို အသုံးပြုကြပါရန်လည်း အကြံပြုထားသည်။


top