ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

သင့်ရဲ့ လုပ်ဆောင်ချက်တစ်ခုဖြင့် သင်နှင့် သင့်မိသားစုကို ကာကွယ်ပါ။ ကျေးဇူးပြု၍ LINE မက်ဆေ့ချ်စစ်ဆေးရေး ကိရိယာကို ဂျွိုင်းထားပါ။ မမှန်ကန်တဲ့ သတင်းအချက်အလက်များ ဝင်‌ရောက်လာခြင်းမှ ရှောင်ကြဥ်ပါ။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2023/12/21
  • hit:28

၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၃ရက်နေ့ ရွေးကောက်ပွဲနှင့် နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲနှင့် ပတ်သက်သော သတင်းအမှားများ ဝင်ရောက်လာခြင်းကို သတိပြုကြရန် သတိပေးထားပါသည်။ အများပြည်သူများအနေဖြင့်လည်း မိသားစုနှင့် သက်ကြီးရွယ်အိုများကို ဆက်သွယ်ရေးဆော့ဖ်ဝဲတွင် မက်ဆေ့ချ်စစ်ဆေးရေး ကိရိယာကို ဂျွိုင်းစေခြင်းဖြင့် ကျွန်ုပ်တို့ နိုင်ငံ၏ ဒီမိုကရေစီကို ထိပါးစေနိုင်တဲ့ သတင်းအမှားများ ဝင်ရောက်ပြန့်ပွားလာခြင်းမှ တားဆီးပေးကြပါ။ ရွေးကောက်ပွဲကော်မရှင်ဘက်မှလည်း ရွေးကောက်ပွဲနှင့်ပတ်သက်သော သတင်းအမှားများသည် အင်တာနက်ဂရု ၊ LINE ဂရုများတွင် အလွယ်တကူ ပျံ့နှံ့လျက်ရှိကြောင်းကို ပြောကြားထားပါသည်။ အကယ်၍ အများပြည်သူမှ အယုံလွယ်ကာ မျှဝေပေးပို့ခြင်းမှ လုပ်ပါက လူတိုင်းလူတိုင်း၏ မိသားစုဂရု သို့မဟုတ် သူငယ်ချင်းဂရုတွေမှာ အလွယ်တကူ ပျံ့နှံ့သွားစေနိုင်ပါသည်။ အကယ်၍သာ ရွေးကောက်ပွဲနှင့် ပတ်သက်တဲ့ သတင်းအမှားများကို ဖြန့်ဝေခြင်းကလည်း တရားဥပဒေနှင့် ညှိစွန်းနိုင်ပါတယ်။

အများပြည်သူ နားလည်မှတ်မိရအောင်လွယ်အောင် ရွေးကောက်ပွဲကော်မရှင်ဘက်မှလည်း ရွေးကောက်နှင့်သက်ဆိုင်သမျှသော သတင်းအချက်အလက်များကို ရွေးကောက်ပွဲကော်မရှင်ဝဘ်ဆိုက်တွင် သွားရောက်ရှာဖွေနိုင်ကြောင်းကို သတိပေးထားပါတယ်။ ဒါ့အပြင် အများပြည်သူအနေဖြင့် မိမိရဲ့ လုပ်ဆောင်ချက်တစ်ခုဖြင့် မိမိကိုယ်တိုင်အပြင် မိမိရဲ့ မိသားစုဝင်ကိုပါ ကူညီပေးနိုင်သည့် အရာကိုလည်း သတိပေးထားပါသေးတယ်။ အဲဒါကတော့ မိမိအသုံးပြုနေတဲ့ LINE ၊ ဂရု ၊ အဖွဲ့ တွေမှာ “LINE အချက်အလက်စစ်ဆေးခြင်း” ၊ “Cofacts အစစ်အတု” ၊ “Mygopen” ၊ “မေယွိယီ” ၊ “ထိုင်ဝမ်အချက်အလက်စစ်‌ဆေးရေစင်တာ” နှင့် “ထရန်းနည်းပညာအတုအပဖယ်ရှားရေးကျွမ်းကျင်ပညာရှင်” စတဲ့ LINE တရားဝင်အကောင့်တွေကို ဖရန့်အဖြစ် အပ်နှံပေးပြီး မမှန်ကန်တဲ့သတင်းအချက်အလက်၊ မှားယွင်းအချက်အလက်များကို စစ်ဆေးပေးခြင်းဖြင့် မိသားစုနှင့် သူငယ်ချင်းတို့၏ မတော်တဆ မှားယွင်းပေးပို့လိုက်တဲ့ သတင်းအမှားကြောင့် တရားဥပဒေနဲ့ ညှိစွန်းခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်မှလည်း ရွေးကောက်ပွဲဆိုင်ရာသတင်းအမှားတွေကြောင့် နိုင်ငံသားတွေရဲ့ မဲပေးချင်သည့် စိတ်ဆန္ဒအပေါ်ကိုလည်း ထိခိုက်မှုရှိစေနိုင်သလို ရွေးကောက်ပွဲဆိုင်ရာ စည်းမျဥ်းတွေအပေါ်မှာလည်း ထိခိုက်မှုရှိနိုင်ပါတယ်။ ဒီထက်ပိုဆိုးသည်မှာ ဥပဒေအမျိုးမျိုးပါ ပြဋ္ဌာန်းချက်တွေကိုလည်း ချိုးဖောက်နိုင်တယ်ဆိုပြီးလည်း ထောက်ပြထားပါတယ်။ အခုလို အင်တာနက်ခေတ်မှာ အများပြည်သူအား အပေါ်မှာ ဖော်ပြသွားတဲ့ အချက်အလက်စစ်ဆေးရေးကိရိယာတွေကို ဂျွိုင်းထားဖို့ အကြံပြုပါတယ်။ ဤနည်းဖြင့် မိမိ၊ မိသားစုနှင့် သက်ကြီးရွယ်အိုများအားလုံး ထိုင်ဝမ်ရဲ့ ဒီမိုကရေစီတန်ဖိုးနှင့် အသီးအနှံများကို အတူတကွ ကာကွယ်ကြပါစို့လား။


top