ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

အလုပ်လက်မဲ့များကို အိမ်တွင်းကူညီစောင့်ရှောက်မှု ဝန်ဆောင်မှုများတွင် ပါဝင်လုပ်ဆောင်ရန်အလုပ်သမားဝန်ကြီးဌာနမှ တိုက်တွန်းသည်။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/08/18
  • hit:269
အလုပ်လက်မဲ့များကို အိမ်တွင်းကူညီစောင့်ရှောက်မှု ဝန်ဆောင်မှုများတွင် ပါဝင်လုပ်ဆောင်ရန်အလုပ်သမားဝန်ကြီးဌာနမှ တိုက်တွန်းသည်။

၁။စောင့်ရှောက်ခြင်းဆိုင်ရာဝန်ဆောင်မှုတွင်လိုအပ်
သောလုပ်သားအင်အားကိုဖြည့်စွက်နိုင်ရန်နှင့် အလုပ်
မဲ့လုပ်သားများအလုပ်ပြန်လည်ရရှိနိုင်ရန်ရည်ရွယ်၍
အလုပ်မဲ့သွားသောလုပ်သားများ အိမ်တွင်းကူညီ
စောင့်ရှောက်မှုပေးသောဌာနများနှင့်နေ့ခင်းကူညီ
စောင့်ရှောက်မှုစင်တာများတွင် ဝင်ရောက်လုပ်ကိုင်
ကြရန် တိုက်တွန်းသည်။ထို့အပြင် အလုပ်မဲ့လုပ်သား
များအလုပ်ပြန်လည်ရရှိလျှင်ဆုလာဒ်ငွေများပေးခြင်း
အစီအစဉ်ကိုလဲပြုလုပ်ခဲ့သည်။

၂။ ရက်(၃၀)နှင့်အထက်ဆက်တိုက် အလုပ်မရှိသောအ
လုပ်သမားများနှင့် ကိုယ့်ဆန္ဒအရအလုပ်ထွက်ခြင်းမဟုတ်ပဲ
အလုပ်ဖြုတ်ခံရသောအလုပ်သမားများ အစိုးရ အလုပ်အ
ကိုင်ရရှိရေးဝန်ဆောင်မှုကိုယ်စားလှယ်ရုံးများတွင် အလုပ်ရှာ
ဖွေလိုကြောင်းမှတ်တမ်းသွားတင်ပါ။သက်ဆိုင်ရာနှင့်ဆွေး
နွေးတိုင်ပင်ပြီး မိတ်ဆက်ပေးသောအိမ်နေစောင့်ရှောက်ရေး
ဝန်ဆောင်မှုအဖွဲ့(သို့)နေ့ခင်းစောင့်ရှောက်ရေးဝန်ဆောင်မှု
စင်တာများတွင် ရက်(၃၀)နှင့်အထက်အလုပ်ဆက်တိုက်
လုပ်ခဲ့ပြီး သက်ဆိုင်ရာသတ်မှတ်ချက်များနှင့်ကိုက်ညီပါက
အစိုးရ အလုပ်အကိုင်ရရှိရေးဝန်ဆောင်မှုကိုယ်စားလှယ်ရုံး
များတွင် အလုပ်ဝင်ရောက်ခြင်းထောက်ပံ့ငွေကို ချက်ချင်း
လျှောက်လို့ရပါတယ်။တစ်လလျှင်ငါးထောင်မှခုနစ်ထောင်အ
တွင်းဖြစ်ပြီး အကြာဆုံး(၁၈)လထိပေးသွားမှာ ဖြစ်ပါတယ်။

top