ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

အရက်သောက်ပြီး ယာဥ်မောင်းခြင်းရှိမရှိကို စစ်ဆေးမှု ခံယူရန် ငြင်းဆန်ပါက ပြစ်ဒဏ်များ ပို၍ တိုးမြှင့်လာမည်ဖြစ်သည်။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2023/12/11
  • hit:31

ရဲ - အရက်သောက်ပြီး ယာဥ်မောင်းခြင်းရှိမရှိ ရှောင်တခင် စစ်ဆေးမှုအတွက် ရပ်တန့်ပြီး ပူးပေါင်းစစ်ဆေးမှုကို ခံယူပါ။

က - လျှပ်စက်စက်ဘီး စီးနှင်သည့်အခါတွင်လည်း စစ်‌ဆေးမှုကို ခံယူရန် လိုအပ်ပါသလား။ အကယ်၍ ငြင်းဆန်ပါက ဘယ်လိုဖြစ်မည်လဲ။

ရဲ - မည်သည့် ယာဥ်ကိုပဲ မောင်းနှင်သည်ဖြစ်စေ အရက်သောက်ပြီး မောင်းနှင်ခွင့် မရှိပါ။ အကယ်၍ အရက်ပမာဏစစ်ဆေးမှုကို  လျှပ်စစ်စက်ဘီးကို ‌မောင်းနှင်သည့်သူသည် ငြင်းဆန်ပါက ထိုင်ဝမ်ဒေါ်လာ ၄၈၀၀ ပမာဏရှိသည့် ဒဏ်ကြေးကို ပေးဆောင်ရမည်ဖြစ်သည်။


“ယာဥ်စည်းကမ်း စီမံခန့်ခွဲမှု ပြစ်ဒဏ်စည်းမျဥ်းများ” ပုဒ်မ ၇၃ အရ စစ်ဆေးမှုကို ခံယူရန် ငြင်းဆန်သူသည် ထိုင်ဝမ်ဒေါ်လာ ၄၈၀၀ ဒဏ်ကြေးကို ပေးဆောင်ရမည်ဖြစ်သည်။ ထို့အပြင် အရက်သောက်ပြီး မောင်းနှင်သူဖြစ်ပါက အလုပ်အကိုင်ဝန်ဆောင်မှုဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုင်တွယ်မည်။ အကယ်၍ အခြားသော တရုတ်သမ္မတနိုင်ငံ၏ ဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်ထားသူဖြစ်ပါက အလုပ်အကိုင် လုပ်ကိုင်ခွင့်ကို ရုပ်သိမ်းမည်ဖြစ်ပြီး သတ်မှတ်အချိန်ကာလအတွင်း နိုင်ငံမှ ထွက်ခွာရမည်ဖြစ်သည်။ ထို့အပြင် အလုပ်လုပ်ကိုင်ရန်အတွက် နိုင်ငံတွင်းသို့ ထပ်မံလာရောက်ခွင့်ပြုမည် မဟုတ်‌တော့ပါ။

top